လှပမှုတွေကိုယ်စီနဲ့ “ပပဝတီ” စီရင်ခန်း Cele Show ကို တက်ရောက်လာကြတဲ့ အနုပညာရှင်များ









ယူနီကုဒ်ဖြင့် ဖတ်ရန်

ဒါရိုက်တာ အကယ်ဒမီ ဝိုင်းရဲ့ နောက်ခပ် အနုပညာတစ်ခုဖြစ်တဲ့ “ပပဝတီ စီရင်ခန်း” ရုပ်ရှင်ဇာတ်ကားကြီးက မကြာခင်မှာ

ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ “ပပဝတီ” ရုပ်ရှင်ဇာတ်ကားကြီးမှာ အကယ်ဒမီ ဖွေးဖွေး၊ မိုးဟေကို၊ အကယ်ဒမီ ထွန်းထွန်းနဲ့ အလင်းရောင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

မနေ့က အောက်တိုဘာလ (၈) ရက်နေ့မှာတော့ “ပပဝတီစီရင်ခန်း” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Cele Show အခမ်းအနားကို ရန်ကုန်မြို့ Mingalar Gold Class Cinema မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

“ပပဝတီစီရင်ခန်း” ရုပ်ရှင်ဇာတ်ကားကြီး ရဲ့ Cele Show ကို ဖွေးဖွေး၊ မိုးဟေကို၊ ထွန်းထွန်း၊ အလင်းရောင်နဲ့တကွ ချမ်းမြေ့မောင်ချို၊ နန်းသူဇာ၊ ခင်ဝင့်ဝါ

ယွန်းယွန်း၊ ရွှေသမီး၊ မေ၊ အေးမြတ်သူ၊ နန်းဆုရတီစိုး စတဲ့ အနုပညာရှင်တွေ အများကြီး တက်ရောက်ခဲ့ကြပါတယ်။

Cele Show ဆိုတဲ့အတိုင်းပဲ ထိုပွဲလေးကို လာကြတဲ့ အနုပညာရှင်တွေ၊ ဆယ်လီတွေက စတိုင်လ်အမိုက်စားတွေနဲ့ တစ်ယောက်တစ်မျိုး လှနေကြတာပဲ ဖြစ်ပါတယ်။

အနုပညာရှင်တွေကတော့ Cele Show မှာ ခမ်းနားမှုတွေကိုယ်စီနဲ့ တောက်ပနေကြတာပဲ ဖြစ်ပါတယ်။ “ပပဝတီစီရင်ခန်း” ရုပ်ရှင်ဇာတ်ကားကြီးကို

လာမယ့် အောက်တိုဘာလ (၁၀) ရက်နေ့မှာ ရုံတင်ပြသမှာမို့ ဆက်ဆက်အားပေးကြဖို့ မမေ့ပါနဲ့နော်။