နိုင်ငံခြားရောက် ဖြူဖြူထွေးတစ်ယောက် တီးလုံးသံကြားပြီး မြို့လယ်ခေါင်မှာ ထ က








ယူနီကုဒ်ဖြင့်ဖတ်ရန်

ပရိသတ်တွေ ကို ရယ်စရာဟာသ video လေးများ နဲ့ တင်ဆက်ပေးရင်း နာမည်ကြီးလာတဲ့ ဖြူဖြူထွေးဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူ့ရဲ့ဝါသနာ အနုပညာပိုးကြောင့် ခုဆိုရင်

ကြော်ငြာများစွာနဲ့ အနုပညာလှုပ်ရှားမှုများစွာ လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပရိသတ်တွေအတွက် စင်္ကာပူရောက် ဖြူဖြူထွေးက တီးလုံးသံကြားပြီး ထ က တဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ဖြူဖြူထွေးက Online ပေါ်မှာ ရယ်စရာဟာသ video လေးတွေရိုက်ရင်း ကနေပရိသတ်တွေအားပေးမှုများလာပြီး ခုဆိုရင်အောင်မြင်မှုလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းရင် အနုပညာအလုပ်တွေ လုပ်ကိုင်နေတာပါ။

ဖြူဖြူထွေးက သူမရရှိတဲ့ အနုပညာကြေးလေးနဲ့ မိဘများအတွက် တိုက်အိမ်လေးတစ်လုံး ဆောက်လုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးက မိဘများအတွက် ဆောက်ပေးထားတဲ့ တိုက်အိမ်လေးကို အိမ်သစ်တက်ပွဲ

အလှူပြုလုပ်ပြီး ရွာ ၃ ရွာ မီးခိုးတိတ် ကျွေးမွေးခဲ့တာပါ။ ဒီတစ်ခါမှာတော့ ဖြူဖြူထွေးက စင်္ကာပူနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး သူမရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ် ဖြစ်တာကြောင့် အရမ်းကို ပျော်ရွှင်နေတာပါ။

ဖြူဖြူထွေးက စင်္ကာပူမှာလည်ပတ်ရင်း မြို့လည်ကောင်က တီးလုံးသံတွေကြားမှာ ဝင်ကခဲ့တာပဲ ဖြစ်ပါတယ်။စင်္ကာပူမှ လူအများကလည်း ဖြူဖြူထွေးရဲ့ကပြမှုကို အားပေးနေကြတာ တွေ့ရပါတယ်။

ဖြူဖြူထွေး ရဲ့ က ပြခဲ့ပုံတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။