အနီးကပ်ကြည့်လေ ပိုလှလာလေဖြစ်တဲ့ သူမရဲ့အလှတရားကို ပြသလိုက်တဲ့ ခင်ဝင့်ဝါ
အမြဲလိုလို သူမရဲ့အလှပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးလေ့ရှိတဲ့ ခင်ဝင့်ဝါကတော့ ဒီနေ့လေးမှာလည်း သေသေချာချာ အသေးစိတ်ကြည့်လေ ပိုလှလေဖြစ်တဲ့ သူမရဲ့ပုံ့ရိပ်တစ်ချို့ကို လူမှုကွန်ယက်
ယူနီကုဒ်ဖြင့်ဖတ်ရန်
ပရိသတ်တွေက ခေးလို့ ချစ်စနိုးနဲ့ ခေါ်ရလောက်အောင် ချစ်ဖို့ကောင်းပြီး၊ အရုပ်လေးနဲ့တူတဲ့ မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ ပုရိသကိုကိုတွေ ငေးမောနေကြရတဲ့ ကောင်မလေးဆိုလည်း မမှားပါဘူး။
အမြဲလိုလို သူမရဲ့အလှပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးလေ့ရှိတဲ့ ခင်ဝင့်ဝါကတော့ ဒီနေ့လေးမှာလည်း သေသေချာချာ အသေးစိတ်ကြည့်လေ ပိုလှလေဖြစ်တဲ့ သူမရဲ့ပံ့ုရိပ်တစ်ချို့ကို လူမှုကွန်ယက်
မှာ ဝေမျှပေးထားတာပါ။ အဆိုပါ ပုံရိပ်တွေကတော့ ခင်ဝင့်ဝါတစ်ယောက် ပပဝတီ စီရင်ခန်း ရုပ်ရှင် ပွဲတက်ဖို့အတွက် ပြင်ဆင်ထားတဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အနီးကပ်ကြည့်တာ
တောင် လှရက်လွန်းနေတဲ့ ခေးလေး ခင်ဝင့်ဝါရဲ့အလှပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ခင်ဝင့်ဝါကတော့ “ပပဝတီစီရင်ခန်း ပွဲ သွားဖို့ ချစ်သောမေမေထက် (Pop Soul) ရဲ့ ပြင်ဆင်ပေးမှု ညမှ ပွဲ က
ပုံလေးတွေ တင်မယ်နော်” ဆိုပြီး သူမရဲ့အလှပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့ ခင်ဝင့်ဝါကတော့ သူမပါဝင်သရုပ်ဆောင်ထားတဲ့ “လှပ်၍လွင့်သော”
ရုပ်ရှင်မှာလည်း အကောင်းဆုံးနဲ့ အပီပြင်ဆုံး သရုပ်ဆောင်ထားနိုင်ပါသေးတယ်။ ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ ချစ်စရာ မင်းသမီးလေး ခင်ဝင့်ဝါရဲ့အချစ်ရေးကတော့ အခုအချိန်ထိကို ငြိမ်သက်နေပြီး၊
သူမရဲ့ပရိသတ်တွေကတော့ တစ်ကိုယ်တည်း နေစေချင်နေကြတာပဲ ဖြစ်ပါတယ်။ မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေပြီး၊ ပွဲတွေလည်း ဆက်တိုက်
ဆိုသလို တက်ဖြစ်နေတာ တွေ့ရပါတယ်။ ခင်ဝင့်ဝါကတော့ တလောက ရုံတင်ပြသသွားတဲ့ “သတိ အန္တရာယ်ရှိသည်” ရုပ်ရှင်ထဲမှာလည်း ပီပီပြင်ပြင် သရုပ်ဆောင် ထားပါသေးတယ်။
ချစ်ပရိသတ်တွေလည်း အရမ်းကို လှရက်လွန်းနေတဲ့ ခင်ဝင့်ဝါလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။