ခမ်းနားမှုတောက်ပမှုတွေနဲ့ တစ်ယောက်တစ်မျိုးစီ လှနေကြတဲ့ ဖွေးဖွေးနဲ့ မိုးဟေကို









ယူနီကုဒ်ဖြင့်ဖတ်ရန်

နိုင်ငံကျော် မင်းသမီများဖြစ်ကြတဲ့ ဖွေးဖွေးနဲ့ မိုးဟေကိုက အနုပညာလောကမှာ အောင်မြင်မှုတွေကိုယ်စီ ရရှိနေသူတွေ ဖြစ်ပါတယ်။ ဖွေးဖွေးနဲ့ မိုးဟေကိုက အားပေးသူ ပရိသတ်အခိုင်အမာ ရရှိထားပြီး

အနုပညာလောကရဲ့ ကြယ်ပွင့်တွေဆိုလည်း မမှားပါဘူး။ ဖွေးဖွေးနဲ့ မိုးဟေကိုက လက်ရှိမှာလည်း သူမတို့ ချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ရင်း ကိုယ်စီ လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။

မနေ့က အောက်တိုဘာလ ၈ ရက်နေ့မှာတော့ “ပပဝတီစီရင်ခန်း” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Cele Show အခမ်းအနားကို ရန်ကုန်မြို့ Mingalar Gold Class Cinema မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

“ပပဝတီစီရင်ခန်း” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Cele Show မှာ အဓိက မင်းသမီးနှစ်ယောက်ဖြစ်တဲ့ ဖွေးဖွေးနဲ့ မိုးဟေကိုတို့က ခမ်းနားမှုတွေကိုယ်စီနဲ့ လူပုံအလည်မှာ တောက်ပစွာလှနေကြတာကို တွေ့ရပါတယ်။

ဖွေးဖွေးကတော့ ပန်းနုရောင်ဝတ်စုံလေးနဲ့ မိန်းကလေးဆန်ဆန် လှနေသလို၊ မိုးဟေကိုကတော့ အနက်ရောင်ဝတ်စုံလေးနဲ့ ရင့်ကျက်တည်ငြိမ်တဲ့ အမျိုးသမီးတစ်ဦးအဖြစ် ခမ်းနားစွာလှနေတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေအတွက် ဖွေးဖွေးနဲ့ မိုးဟေကိုတို့ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ “ပပဝတီစီရင်ခန်း” ရုပ်ရှင်ဇာတ်ကားကြီးက ဒါရိုက်တာဝိုင်းရဲ့ လက်ရာဖြစ်ပြီး ဖွေးဖွေး၊ မိုးဟေကို၊

ထွန်းထွန်း၊ အလင်းရောင်နဲ့ အခြားသော သရုပ်ဆောင်တွေများစွာ ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ မိုးဟေကိုနဲ့ ဖွေးဖွေးတို့ကတော့ တစ်ယောက်တစ်မျိုးစီ လှနေကြတာပဲနော်။

ပရိသတ်ကြီးလည်း ပပဝတီနှစ်ယောက်ရဲ့ ပုံလေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။