ၿဖိဳးျပည့္စံု မၾကာခင္မွာ စာနယ္ဇင္းရွင္းလင္းပြဲ လုပ္သြားမယ္ဟု ေျပာၾကား

Melody World သီခ်င္းဆိုၿပိဳင္ပြဲမွတစ္ဆင့္ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကို အျပည့္အဝ ရရွိထားတဲ့ အဆိုေတာ္ ၿဖိဳးျပည့္စုံကေတာ့ အရည္အခ်င္းျပည့္ဝသူတစ္ဉီးပါ။ ၇.၁၀. ၂၀၁၉ ရက္ေန႔မွာ ၿဖိဳးျပည့္စုံနဲ႔

အေပါင္းအပါႏွစ္ဦးကို မူးယစ္ေဆးဝါးမႈနဲ႔ ဗဟန္းၿမိဳနယ္ ဆရာစံရပ္ကြက္ Myanmar Plaza ရွိ Glonja Jans Coffee ဆိုင္ေရွ႕မွာ ဖမ္းဆီခံခဲ့ရတာေၾကာင့္ အႏုပညာေလာကမွာ အရမ္းကိုစိတ္မေကာင္း ျဖစ္ေနၾကတာပါ။

ဒီေန႔မွာေတာ့ လြတ္ေျမာက္လာၿပီျဖစ္တဲ့ အဆိုေတာ္ ၿဖိဳးျပည့္စုံက စာနယ္ဇင္းရွင္းလင္းပြဲ လုပ္မယ္ဆိုတဲ့အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ ၇.၁၀. ၂၀၁၉ ရက္ေန႔မွာ အဆိုေတာ္ၿဖိဳးျပည့္စုံ အပါအဝင္

အမ်ိဳးသားသုံးဦးကို မူးယစ္တပ္ဖြဲ႕က တရားလိုျပဳတိုင္တန္းမႈေၾကာင့္ ဗဟန္းရဲစခန္းမွာ ဖမ္းဆီးထိန္းသိမ္းထားျခင္း ခံထားရတာပဲ ျဖစ္ပါတယ္။ အဆိုေတာ္ ၿဖိဳးျပည့္စုံကို ေဆးျပားမ်ားျဖင့္ ေတြ႕ရွိတယ္ဆိုတဲ့

သတင္းအေပၚ ၿဖိဳးျပည့္စုံက သူ႔လက္ထဲမွာရွိတဲ့ ေဆးျပားေတြက မူးယစ္ေဆးဝါးမ်ား မဟုတ္ေၾကာင္းျငင္းဆိုခဲ့ၿပီး ဒီေန႔မွာေတာ့ မွားယြင္းဖမ္းဆီးမႈမွ လြတ္ေျမာက္လာၿပီပဲ ျဖစ္ပါတယ္။ အဆိုေတာ္ၿဖိဳးျပည့္စုံက

သူ႔ရဲ႕ေဖ့စ္ဘြတ္ေပၚက ”က်ေနာ္၊ ေရာ္နီနဲ႔ၿငိမ္းခ်မ္းကိုတို႔ရဲ႕ မွန္ကန္မႈကို ယုံၾကည္ေပးတဲ့ အေယာက္ခ်င္းစီကို ေက်းဇူးအထူး တင္ပါတယ္။ မၾကာခင္မွာ media conference ေလးတစ္ခုလုပ္ႏိုင္ဖို႔ က်ေနာ္စီစဥ္ပါ့မယ္”

ဆိုၿပီး ေျပာထားပါတယ္။ အႏုပညာရွင္ ေတာ္ေတာ္မ်ားမ်ားကလည္း သူတို႔ရဲ႕ေဖ့စ္ဘြတ္ေပၚမွာ အရမ္းေပ်ာ္႐ႊင္ရေၾကာင္း တင္ထားၾကတာပါ။ ပရိသတ္ႀကီးကလည္း အဆိုေတာ္ၿဖိဳးျပည့္စုံ လြတ္ေျမာက္ၿပီ ျဖစ္တဲ့အတြက္ ေပ်ာ္႐ႊင္ၾကလိမ့္မယ္လို႔ ထင္ပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

Melody World သီချင်းဆိုပြိုင်ပွဲမှတစ်ဆင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝ ရရှိထားတဲ့ အဆိုတော် ဖြိုးပြည့်စုံကတော့ အရည်အချင်းပြည့်ဝသူတစ်ဉီးပါ။ ၇.၁၀. ၂၀၁၉ ရက်နေ့မှာ ဖြိုးပြည့်စုံနဲ့

အပေါင်းအပါနှစ်ဦးကို မူးယစ်ဆေးဝါးမှုနဲ့ ဗဟန်းမြိုနယ် ဆရာစံရပ်ကွက် Myanmar Plaza ရှိ Glonja Jans Coffee ဆိုင်ရှေ့မှာ ဖမ်းဆီခံခဲ့ရတာကြောင့် အနုပညာလောကမှာ အရမ်းကိုစိတ်မကောင်း ဖြစ်နေကြတာပါ။

ဒီနေ့မှာတော့ လွတ်မြောက်လာပြီဖြစ်တဲ့ အဆိုတော် ဖြိုးပြည့်စုံက စာနယ်ဇင်းရှင်းလင်းပွဲ လုပ်မယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ ၇.၁၀. ၂၀၁၉ ရက်နေ့မှာ အဆိုတော်ဖြိုးပြည့်စုံ အပါအဝင်

အမျိုးသားသုံးဦးကို မူးယစ်တပ်ဖွဲ့က တရားလိုပြုတိုင်တန်းမှုကြောင့် ဗဟန်းရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားခြင်း ခံထားရတာပဲ ဖြစ်ပါတယ်။ အဆိုတော် ဖြိုးပြည့်စုံကို ဆေးပြားများဖြင့် တွေ့ရှိတယ်ဆိုတဲ့

သတင်းအပေါ် ဖြိုးပြည့်စုံက သူ့လက်ထဲမှာရှိတဲ့ ဆေးပြားတွေက မူးယစ်ဆေးဝါးများ မဟုတ်ကြောင်းငြင်းဆိုခဲ့ပြီး ဒီနေ့မှာတော့ မှားယွင်းဖမ်းဆီးမှုမှ လွတ်မြောက်လာပြီပဲ ဖြစ်ပါတယ်။ အဆိုတော်ဖြိုးပြည့်စုံက

သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်က ”ကျနော်၊ ရော်နီနဲ့ငြိမ်းချမ်းကိုတို့ရဲ့ မှန်ကန်မှုကို ယုံကြည်ပေးတဲ့ အယောက်ချင်းစီကို ကျေးဇူးအထူး တင်ပါတယ်။ မကြာခင်မှာ media conference လေးတစ်ခုလုပ်နိုင်ဖို့ ကျနော်စီစဉ်ပါ့မယ်”

ဆိုပြီး ပြောထားပါတယ်။ အနုပညာရှင် တော်တော်များများကလည်း သူတို့ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ အရမ်းပျော်ရွှင်ရကြောင်း တင်ထားကြတာပါ။ ပရိသတ်ကြီးကလည်း အဆိုတော်ဖြိုးပြည့်စုံ လွတ်မြောက်ပြီ ဖြစ်တဲ့အတွက် ပျော်ရွှင်ကြလိမ့်မယ်လို့ ထင်ပါတယ်။