“ပွင့်နဲ့ သုသု ဘယ်သူ နဲ့ သဘောတူလဲ” လို့ ပရိတ်သတ် ကို မေးလိုက် တဲ့ ယုန်လေး
ယူနီကုဒ်ဖြင့် ဖတ်ရန်
အဆိုတော်၊ ဒါရိုက်တာတစ်ဦး အနေနဲ့ ပရိသတ်တွေ ရဲ့ အားပေးလက်ခံခြင်းကို အပြည့်အဝ ရရှိထားတဲ့ ယုန်လေး ကတော့ စိတ်ထားကောင်ပြီး
အားနည်းသူကို ကူညီတတ်တဲ့ အနုပညာရှင်တစ်ဦးပါ။ သရုပ်ဆောင် နဲ့ အဆိုတော် ယုန်လေးဟာ အနုပညာကို ရူးသွပ်သူ တစ်ဦးဖြစ်ပြီး သရုပ်ဆောင်တဲ့နေရာ မှာရော၊
သီချင်း ဆိုတဲ့နေရာမှာပါ ကြိုးစားအားထုတ်ပြီး အကောင်းဆုံး လုပ်ဆောင်နိုင်သူတစ်ဦးပါ။ အခုနောက်ပိုင်းမှာ ယုန်လေးဟာ သူကိုယ်တိုင်လဲ ဒါရိုက်တာအဖြစ် ဦးဆောင်ပြီး ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးနေ ပါတယ်။
သူရိုက်ကူးထားတဲ့ “Special 9” အက်ရှင် ရုပ်ရှင်ကြီးကလဲ တစ်မျိုးလေးဆန်းပြားတာမို့ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါသေးတယ်။
အဲဒီဓာတ်ပုံလေးတွေကတော့ သရုပ်ဆောင်ပွင့်နဲ့ မိတ်ကပ် ပညာရှင်သုသုနဲ့ အတူတူ ပြောင်နောက်ပြီးရိုက်ထားတဲ့ ဓာတ်ပုံလေးတွေဖြစ်ပြီး ယုန်လေးက ပရိသတ်ကို ဘယ်သူ နဲ့သဘောတူလဲလို့မေးထားတာပါ။
ပွင့်နုဲ့ဓာတ်ပုံမှာ ယုန်လေးနဲ့အတူတူ Ar-T ကပါ ပွင့်ကို စနောက်ပြီး အာဝါးပေးနေတဲ့ပို့စ်လိုက်လုပ်ထား ပါသေးတယ်။ အဲဒီဓာတ်ပုံလေးတွေကို ယုန်လေးက
“ဘယ်သူ နဲ့ သဘောတူလဲ Ar T က လာလုနေသေးတယ်”ဆိုတဲ့ caption နဲ့ တင်ထားခဲ့တာဖြစ်ပြီး ပရိသတ်တွေက ပျော်စရာ ကော်မန့် လေးတွေပေးထားကြပါတယ်။
ယုန်လေးရဲ့ဓာတ်ပုံလေးတွေဟာ တင်လိုက်ပြီး သိပ်မကြာခင် မှာတင် လိုက် ရှစ်ထောင်ကျော်ရပြီး ပြန်လည်မျှဝေသူတွေလည်းများပြားခဲ့ပါတယ်။
ပရိသတ်ကြီးအတွက် ယုန်လေးရဲ့ ဓာတ်ပုံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
ပရိသတ်ကြီးရော ယုန်လေးကို ဘယ်သူနဲ့သဘောတူကြလဲ။ ယုန်လေးရဲ့နောက်ထပ်အနုပညာလှုပ်ရှားမှုတွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။