ေဟမာေနဝင္းကို သြားေရာက္ကန္ေတာ့ခဲ့ၾကတဲ့ ၿဖိဳးျပည့္စုံနဲ႕ေအာင္ထက္

အဆိုေတာ္ ေဟမာေနဝင္းကိုေတာ့ ၿဖိဳးျပည့္စုံနဲ႕ ေအာင္ထက္ တို႔က သြားေရာက္ကန္ေတာ့ ခဲ့တာေတြ႕ရပါတယ္။

ေဟမာေနဝင္းရဲ႕ သီခ်င္းေတြက လက္ရွိမွာလည္း ေအာင္ျမင္ေနတုန္းပါပဲ။ အဆိုေတာ္ ၿဖိဳးျပည့္စုံနဲ႕ အဆိုေတာ္ ေအာင္ထက္တို႔

ဂီတညီအစ္ကို ႏွစ္ဦးဟာ ဝါရင့္အဆိုေတာ္ တစ္ဦးလည္းျဖစ္တဲ့ ေဟမာေနဝင္းကို သြားေရာက္ ဂါရဝ ျပဳခဲ့ၾကတယ္လို႔ သိရပါတယ္။

‘’ကြၽန္မ အိမ္ကိုလာၿပီးကန္ေတာ့ၾကတယ္။ ကို ၿဖိဳးျပည့္စုံ နဲ႕ ကိုေအာင္ထက္ Australia ကို သြားၾကေတာ့ တစ္ေယာက္နဲ႕တစ္ေယာက္

ေမာင္ႏွမသဖြယ္ ကူညီေဖးမ လာရခဲ့ၾကတဲ့ သံေယာဇဥ္ ေတြနဲ႕ အရင္ကထက္ ပိုရင္းႏွီးသြားၾကတယ္။ ကြၽန္မ ဘာဆုေတြ ေပးရမလဲမသိဘူး။

ေပးေနက်ဆုေတြထက္သူတို႔အတြက္ ပိုၿပီးျပည့္စုံတဲ့ဆုေတြ ေပးလိုက္ခ်င္တာ။ ကြၽန္မစိတ္ထဲကေနဘဲ သူတို႔ကို ေပးလိုက္ပါတယ္’’ ဆိုၿပီးေတာ့

ေအာက္တိုဘာလ ၂၁ ရက္ေန႕ မနက္ပိုင္းက ေဟမာေနဝင္းရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။ အဆိုေတာ္ ေဟမာေနဝင္းရဲ႕

ဂီတသက္တမ္းကေတာ့ ႏွစ္ေပါင္း ေတာ္ေတာ္ၾကာေနၿပီျဖစ္ပါတယ္။ သူမဟာ အႏုပညာမ်ိဳးဆက္က ဆင္းသက္လာသူ တစ္ဦးဆိုရင္လည္း မမွားပါဘူး။

ေဟမာေနဝင္းရဲ႕ ဖခင္ကေတာ့ ႐ုပ္ရွင္အျဖဴအမဲေခတ္မွာ ေအာင္ျမင္ေက်ာ္ၾကား လူႀကိဳက္မ်ားခဲ့တဲ့ သ႐ုပ္ေဆာင္ အဆိုေတာ္ႀကီး

ေကာလိပ္ဂ်င္ ေနဝင္းျဖစ္ပါတယ္။ သူမရဲ႕ အစ္ကိုကေတာ့ ပရိသတ္သိၿပီးသား သ႐ုပ္ေဆာင္ ရာဇာေနဝင္းျဖစ္ပါတယ္။

ေနာက္ထပ္ အႏုပညာ ညီမ ဝမ္းကြဲကေတာ့ သ႐ုပ္ေဆာင္ အကယ္ဒမီ အိႏၵျာေက်ာ္ဇင္ ျဖစ္ပါတယ္။ အဆိုေတာ္ ၿဖိဳးျပည့္စုံကိုေတာ့

Melody World သီခ်င္းဆိုၿပိဳင္ပြဲကေန ဂီတေလာကထဲကို ေျခဆန႔္ခဲ့သူတစ္ေယာက္ပါ။ သူဟာ အဆိုေတာ္ တစ္ေယာက္အျဖစ္သာမက

ဆရာဝန္ဘြဲ႕ရရွိထားသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ ေအာင္ထက္က လတ္တေလာ ေဖ်ာ္ေျဖပြဲေတြ သြားျဖစ္ေနတယ္လို႔သိရပါတယ္။

သူ႕ရဲ႕ ဒုတိယေျမာက္ တစ္ကိုယ္ေတာ္အေခြကိုလည္း လုပ္ေနတဲ့သူက ႏွစ္ Album ေလးအတြက္ MTV စရိုက္ေနၿပီလို႔ ဆိုပါတယ္။

သူ႕အေနနဲ႕ အိမ္မက္ဆုံရာ ရာသက္ပန္ သီခ်င္းဆိုၿပိဳင္ပြဲႀကီးၿပီးတဲ့ေနာက္ ေဟ့ မိတ္ေဆြဆိုတဲ့ တစ္ကိုယ္ေတာ္ေတးစီးရီးကို ပထမဆုံးအႀကိမ္ ထြက္ရွိခဲ့တာျဖစ္ၿပီး

ဒုတိယေျမာက္တစ္ကိုယ္ေတာ္ေတးစီးရီးျဖစ္တဲ့ ႏွစ္ Album ppAudio CD ကိုလည္း ၂၀၁၇ ခုႏွစ္ထဲမွာ ထြက္ရွိထားတယ္လို႔ သိရပါတယ္။

ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

အဆိုတော် ဟေမာနေဝင်းကိုတော့ ဖြိုးပြည့်စုံနဲ့ အောင်ထက် တို့က သွားရောက်ကန်တော့ ခဲ့တာတွေ့ရပါတယ်။

ဟေမာနေဝင်းရဲ့ သီချင်းတွေက လက်ရှိမှာလည်း အောင်မြင်နေတုန်းပါပဲ။ အဆိုတော် ဖြိုးပြည့်စုံနဲ့ အဆိုတော် အောင်ထက်တို့

ဂီတညီအစ်ကို နှစ်ဦးဟာ ဝါရင့်အဆိုတော် တစ်ဦးလည်းဖြစ်တဲ့ ဟေမာနေဝင်းကို သွားရောက် ဂါရဝ ပြုခဲ့ကြတယ်လို့ သိရပါတယ်။

‘’ကျွန်မ အိမ်ကိုလာပြီးကန်တော့ကြတယ်။ ကို ဖြိုးပြည့်စုံ နဲ့ ကိုအောင်ထက် Australia ကို သွားကြတော့ တစ်ယောက်နဲ့တစ်ယောက်

မောင်နှမသဖွယ် ကူညီဖေးမ လာရခဲ့ကြတဲ့ သံယောဇဉ် တွေနဲ့ အရင်ကထက် ပိုရင်းနှီးသွားကြတယ်။ ကျွန်မ ဘာဆုတွေ ပေးရမလဲမသိဘူး။

ပေးနေကျဆုတွေထက်သူတို့အတွက် ပိုပြီးပြည့်စုံတဲ့ဆုတွေ ပေးလိုက်ချင်တာ။ ကျွန်မစိတ်ထဲကနေဘဲ သူတို့ကို ပေးလိုက်ပါတယ်’’ ဆိုပြီးတော့

အောက်တိုဘာလ ၂၁ ရက်နေ့ မနက်ပိုင်းက ဟေမာနေဝင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဆိုတော် ဟေမာနေဝင်းရဲ့

ဂီတသက်တမ်းကတော့ နှစ်ပေါင်း တော်တော်ကြာနေပြီဖြစ်ပါတယ်။ သူမဟာ အနုပညာမျိုးဆက်က ဆင်းသက်လာသူ တစ်ဦးဆိုရင်လည်း မမှားပါဘူး။

ဟေမာနေဝင်းရဲ့ ဖခင်ကတော့ ရုပ်ရှင်အဖြူအမဲခေတ်မှာ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ သရုပ်ဆောင် အဆိုတော်ကြီး

ကောလိပ်ဂျင် နေဝင်းဖြစ်ပါတယ်။ သူမရဲ့ အစ်ကိုကတော့ ပရိသတ်သိပြီးသား သရုပ်ဆောင် ရာဇာနေဝင်းဖြစ်ပါတယ်။

နောက်ထပ် အနုပညာ ညီမ ဝမ်းကွဲကတော့ သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင် ဖြစ်ပါတယ်။ အဆိုတော် ဖြိုးပြည့်စုံကိုတော့

Melody World သီချင်းဆိုပြိုင်ပွဲကနေ ဂီတလောကထဲကို ခြေဆန့်ခဲ့သူတစ်ယောက်ပါ။ သူဟာ အဆိုတော် တစ်ယောက်အဖြစ်သာမက

ဆရာဝန်ဘွဲ့ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အောင်ထက်က လတ်တလော ဖျော်ဖြေပွဲတွေ သွားဖြစ်နေတယ်လို့သိရပါတယ်။

သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေကိုလည်း လုပ်နေတဲ့သူက နှစ် Album လေးအတွက် MTV စရိုက်နေပြီလို့ ဆိုပါတယ်။

သူ့အနေနဲ့ အိမ်မက်ဆုံရာ ရာသက်ပန် သီချင်းဆိုပြိုင်ပွဲကြီးပြီးတဲ့နောက် ဟေ့ မိတ်ဆွေဆိုတဲ့ တစ်ကိုယ်တော်တေးစီးရီးကို ပထမဆုံးအကြိမ် ထွက်ရှိခဲ့တာဖြစ်ပြီး

ဒုတိယမြောက်တစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ နှစ် Album ppAudio CD ကိုလည်း ၂၀၁၇ ခုနှစ်ထဲမှာ ထွက်ရှိထားတယ်လို့ သိရပါတယ်။

ခရက်ဒစ်