အေမကေတာ့ ကုသိုလ္ရေအာင္ ဘုန္းႀကီးဝတ္ခိုင္းေနၿပီဆိုတဲ့ ေဝဠဳေက်ာ္

ေဝဠဳေက်ာ္ကေတာ့ သူငယ္ခ်င္းေတြ၊ ညီအစ္ကိုေတြက ဝါကြၽတ္မွာ အစြံထုတ္ခဲ့ၿပီးတာေတာင္ သူကေတာ့ မစြံေသးဘူးလို႔ေျပာပါတယ္။

အေမကလည္း ဘုန္းႀကီး ဝတ္ေစခ်င္ၿပီတဲ့။ ေဝဠဳေက်ာ္ကေတာ့ သူ႔ရဲ႕ တစ္ကိုယ္တည္း လူပ်ိဳႀကီးဘဝမွာ ေအးေအးခ်မ္းခ်မ္းေနရတာ သေဘာက်တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ သူငယ္ခ်င္းေတြ

ညီအစ္ကိုေတြကေတာ့ အစြံထုတ္သြားခဲ့တာ ၾကာၿပီလို႔ မီဒီယာ အင္တာဗ်ဴးေတြ ကေနတဆင့္ ေျဖဆိုခဲ့ပါတယ္။‘’ သူငယ္ခ်င္းေတြတင္ အစြံထုတ္ကုန္ၾကတာမဟုတ္ဘူး။ ညီေတြေတာင္ အစြံထုတ္ကုန္ၾကၿပီ။

ကြၽန္ေတာ္သာ မကြၽတ္ေသးတာ တြန္းတာေတာ့ ဝိုင္းတြန္းၾကပါတယ္။ ေခ်ာက္ထဲ ျဖစ္ေနလို႔ပါ။ တစ္ေယာက္တည္းဆိုေတာ့လည္း လုပ္ခ်င္တာ လုပ္လို႔ရသလို ျဖစ္ခ်င္တာေတြလည္း ျဖစ္သြားမွာေပါ့ေနာ္။

ဒါပါပဲ ေလာကႀကီးက အဲဒီေတာ့ အထိန္းအကြပ္ဆိုတာ လိုပါတယ္။ ကြၽန္ေတာ့္ကိုလည္း ဘယ္သူမွ ထိန္းရဲတဲ့သူမရွိေတာ့ လာမထိန္းၾကဘူးေပါ့ေနာ္’’ လို႔ သူကဆိုပါတယ္။

အခုခ်ိန္မွာေတာ့ သူဟာ ဆံပင္အရွည္ထားတယ္၊ သူအရမ္းႀကိဳက္တဲ့ ဖက္ရွင္အတိုင္းပဲ ဝတ္ဆင္တယ္၊ သြားလာတယ္လို႔ ေျပာပါတယ္။ အႏုပညာအလုပ္ေတြ ဆက္တိုက္လုပ္ေနရတဲ့ အခ်ိန္တုန္းက

ဆံပင္အရွည္ထားခြင့္မရခဲ့ဘူးလို႔လည္း ေဝဠဳေက်ာ္က ရင္ဖြင့္ေျပာျပခဲ့ပါတယ္။‘’ကြၽန္ေတာ့္အႀကိဳက္က နဂိုကတည္းက ျမင္းစီးတယ္။ Country သမားေတြဆိုေတာ့ Rocker ေတြက ဘာပဲျဖစ္ျဖစ္ ဆံပင္အရွည္ကို ႀကိဳက္ၾကတယ္။

႐ုပ္ရွင္႐ိုက္ေနရတဲ့ တစ္ေလွ်ာက္လုံးကေတာ့ ထားခြင့္မရခဲ့ဘူး။ ကြၽန္ေတာ္ အခု ၂ ႏွစ္ေလာက္ နားလိုက္ေတာ့ ထားခြင့္ရသြားတယ္ေပါ့။ ဆံပင္ညႇပ္ပါလို႔ ေျပာလာတဲ့သူရွိရင္ေတာ့ ညႇပ္မွာပါ’’ လို႔ သူကဆိုပါတယ္။ ေဝဠဳေက်ာ္က သူ႔ရဲ႕

အေမကလည္း ဆံပင္ညႇပ္ၿပီး သာသနာ့ေဘာင္ထဲ ဝင္ဖို႔ တိုက္တြန္းေနတယ္ဆိုတာကို ဟာသေလးေႏွာရင္း ရယ္ရယ္ေမာေမာ ေျပာျပခဲ့ျပန္ပါေသးတယ္။‘’ အေမကေတာ့ ေျပာတယ္။ ဆံပင္လည္းေတာ္ေတာ္ရွည္ေနၿပီ။

လႉလို႔လည္းရေနၿပီ။ ကတုံးတုံးၿပီး ဘုန္းႀကီးဝတ္လိုက္ပါလားတဲ့။ ကုသိုလ္လည္းရတယ္ေပါ့။ အခု ဝါကြၽတ္တာကေတာ့ ကြၽန္ေတာ္နဲ႔ မဆိုင္ေသးဘူးထင္တယ္။

ဆိုင္သင့္တာကေတာ့ ၾကာေနၿပီမဆိုင္ေသးတာက ခက္ေနတာ’’ဆိုၿပီးေတာ့ သေဘာက်ရယ္ေမာရင္းနဲ႔ ေအာက္တိုဘာလ ၁၃ ရက္ေန႔က ျမန္မာ့႐ုပ္ရွင္သက္ႀကီးပူေဇာ္ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။ ေဝဠဳေက်ာ္ဟာ

ပရိသတ္ေတြ ေလးစားအားက်ရတဲ့ သ႐ုပ္ေဆာင္ တစ္ဦးလည္း ျဖစ္ပါတယ္။ ေဝဠဳေက်ာ္ဟာ ၂၀၀၉ခုႏွစ္ကစၿပီး လူမႈ အက်ိဳးျပဳအလုပ္ေတြကို လုပ္ကိုင္ဖို႔ ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္းကို စၿပီး တည္ေထာင္ျဖစ္ခဲ့တာပါ။ ေဝဠဳေက်ာ္က

အႏုပညာအလုပ္ေတြ သာမက ပရဟိတအလုပ္ေတြကိုပါ အားတတ္သေရာ ပါဝင္လႈပ္ရွားေနသူ တစ္ဦး ျဖစ္ပါတယ္။ အဲဒီေနာက္ လာကမ္းလွမ္းတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြလည္း ႐ိုက္ကူးေနတယ္လို႔ သိရပါတယ္။

ယူနီကုဒ္ျဖင့္ ဖတ္ရန္

ဝေဠုကျော်ကတော့ သူငယ်ချင်းတွေ၊ ညီအစ်ကိုတွေက ဝါကျွတ်မှာ အစွံထုတ်ခဲ့ပြီးတာတောင် သူကတော့ မစွံသေးဘူးလို့ပြောပါတယ်။

အမေကလည်း ဘုန်းကြီး ဝတ်စေချင်ပြီတဲ့။ ဝေဠုကျော်ကတော့ သူ့ရဲ့ တစ်ကိုယ်တည်း လူပျိုကြီးဘဝမှာ အေးအေးချမ်းချမ်းနေရတာ သဘောကျတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့ရဲ့ သူငယ်ချင်းတွေ

ညီအစ်ကိုတွေကတော့ အစွံထုတ်သွားခဲ့တာ ကြာပြီလို့ မီဒီယာ အင်တာဗျူးတွေ ကနေတဆင့် ဖြေဆိုခဲ့ပါတယ်။‘’ သူငယ်ချင်းတွေတင် အစွံထုတ်ကုန်ကြတာမဟုတ်ဘူး။ ညီတွေတောင် အစွံထုတ်ကုန်ကြပြီ။

ကျွန်တော်သာ မကျွတ်သေးတာ တွန်းတာတော့ ဝိုင်းတွန်းကြပါတယ်။ ချောက်ထဲ ဖြစ်နေလို့ပါ။ တစ်ယောက်တည်းဆိုတော့လည်း လုပ်ချင်တာ လုပ်လို့ရသလို ဖြစ်ချင်တာတွေလည်း ဖြစ်သွားမှာပေါ့နော်။

ဒါပါပဲ လောကကြီးက အဲဒီတော့ အထိန်းအကွပ်ဆိုတာ လိုပါတယ်။ ကျွန်တော့်ကိုလည်း ဘယ်သူမှ ထိန်းရဲတဲ့သူမရှိတော့ လာမထိန်းကြဘူးပေါ့နော်’’ လို့ သူကဆိုပါတယ်။

အခုချိန်မှာတော့ သူဟာ ဆံပင်အရှည်ထားတယ်၊ သူအရမ်းကြိုက်တဲ့ ဖက်ရှင်အတိုင်းပဲ ဝတ်ဆင်တယ်၊ သွားလာတယ်လို့ ပြောပါတယ်။ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေရတဲ့ အချိန်တုန်းက

ဆံပင်အရှည်ထားခွင့်မရခဲ့ဘူးလို့လည်း ဝေဠုကျော်က ရင်ဖွင့်ပြောပြခဲ့ပါတယ်။‘’ကျွန်တော့်အကြိုက်က နဂိုကတည်းက မြင်းစီးတယ်။ Country သမားတွေဆိုတော့ Rocker တွေက ဘာပဲဖြစ်ဖြစ် ဆံပင်အရှည်ကို ကြိုက်ကြတယ်။

ရုပ်ရှင်ရိုက်နေရတဲ့ တစ်လျှောက်လုံးကတော့ ထားခွင့်မရခဲ့ဘူး။ ကျွန်တော် အခု ၂ နှစ်လောက် နားလိုက်တော့ ထားခွင့်ရသွားတယ်ပေါ့။ ဆံပင်ညှပ်ပါလို့ ပြောလာတဲ့သူရှိရင်တော့ ညှပ်မှာပါ’’ လို့ သူကဆိုပါတယ်။ ဝေဠုကျော်က သူ့ရဲ့

အမေကလည်း ဆံပင်ညှပ်ပြီး သာသနာ့ဘောင်ထဲ ဝင်ဖို့ တိုက်တွန်းနေတယ်ဆိုတာကို ဟာသလေးနှောရင်း ရယ်ရယ်မောမော ပြောပြခဲ့ပြန်ပါသေးတယ်။‘’ အမေကတော့ ပြောတယ်။ ဆံပင်လည်းတော်တော်ရှည်နေပြီ။

လှူလို့လည်းရနေပြီ။ ကတုံးတုံးပြီး ဘုန်းကြီးဝတ်လိုက်ပါလားတဲ့။ ကုသိုလ်လည်းရတယ်ပေါ့။ အခု ဝါကျွတ်တာကတော့ ကျွန်တော်နဲ့ မဆိုင်သေးဘူးထင်တယ်။

ဆိုင်သင့်တာကတော့ ကြာနေပြီမဆိုင်သေးတာက ခက်နေတာ’’ဆိုပြီးတော့ သဘောကျရယ်မောရင်းနဲ့ အောက်တိုဘာလ ၁၃ ရက်နေ့က မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ ဝေဠုကျော်ဟာ

ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က

အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။ အဲဒီနောက် လာကမ်းလှမ်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။