ပရိသတ်တွေကြား ကြည့်ရှူနှုန်းမြင့်တက်နေတဲ့ J Fire ရဲ့ မေးခွန်းကောင်း
ယူနီကုဒ်ဖြင့် ဖတ်ရန်
အမိုက်စားရက်ပ်ပါသီချင်းတွေနဲ့ ပရိသတ်တွေ ရင်ထဲကို ဝင်ရောက်နိုင်ခဲ့တဲ့ အဆိုတော် J-Fire ကတော့ အွန်လိုင်းပေါ်မှာ နာမည်ကြီးနေပါတယ်။
အကြောင်းအရင်းကတော့ စာပေဟောပြောပွဲမှာ သူ့ရဲ့ မေးခွန်းတွေကြောင့်ပါပဲ။ သီချင်းတွေစတင်သီဆိုခဲ့စဉ်က ဝတုတ်လေးဖြစ်ခဲ့တဲ့ J Fire က
ခုချိန်မှာတော့ စမတ်ကျတဲ့ ကောင်လေးတစ်ယောက်ဖြစ်နေပါပြီ။ သူ့ရဲ့ သီးချင်းတွေဟာလည်း လူငယ်တွေအပြင် လူကြီး မိန်းကလေးပါမကျန်
အကြိုက်တွေ့စေခဲ့တာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ j fire ရဲ့ စာပေဟောပြောပွဲ အမေးအဖြလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်
လတ်တလောမှာ ပရိသတ်တွေကြား ကြည့်ရှူနှုန်းမြင့်တက်နေတဲ့ ဗီဒီယိုဖိုင်လေးကတော့ စာပေဟောပြောပွဲတစ်ခုမှာ နိုင်ငံကျော်အမျိုးသား
အဆိုတော်တစ်ဦးဖြစ်တဲ့ J Fire ကတော့ ” ကျွန်တော်ရဲ့ Brand ကို ကျွန်တော်ကြိုးစားပြီး တည်ဆောက်ခဲ့တာပါ။ လွန်ခဲ့တဲ့ (၇)နှစ်လောက်က
ဈေးချိုမှာ ဆိုက်ကားနင်းတဲ့ ဘဝကပါ၊ ကျွန်တော်ရဲ့ အလုပ်မှာတော့ ဘာဆက်လုပ်ရမလဲဆိုတာကို Planတွေချပြီး သွားနေပါတယ်။
လူငယ်တွေမေးပေးချင်နေတာပါ၊ ကျွန်တော်တို့လဲ အာဆီယံမှာ ကျွန်တော်အထက်မှာ စင်ကာပူတို့ထိုင်းတို့ဗီယမ်နမ်တို့အောက်မှာ
ဘယ်တော့မှနေချင်တဲ့စိတ်မရှိဘူး။ အဲလိုရောက်နေရတဲ့အတွက်လည်း အမြဲတမ်းမကျေမနပ်ဖြစ်တယ်ပေါ့နော် အဲလိုဖြစ်တဲ့အခါမှာ
စီပွားရေးအတွက်ကြိုးစားကြတဲ့အခါမှာ ကျွန်တော်တို့ ဘယ်လောက်ပဲကြိုးစားကြိုးစား အဲနိုင်ငံတွေကလည်း ရပ်နေမှာမဟုတ်တဲ့အတွက်
သူတို့ကိုမှီဖို့အတွက်ဆို သမားရိုးကျစီးပွားရေးနဲ့လိုက်ဖို့ဆို ဘယ်တော့မှ မဖြစ်နိုင်ဘူးပေါ့။ ပြောချင်တာ ဖြတ်လမ်းနည်းနဲ့လိုက်ဖို့ပေါ့
ဖြတ်လမ်းနည်းဆိုတာက မရိုးသားတဲ့ အလုပ်နဲ့မဟုတ်ပဲ ဥပမာ လွှတ်တော်မှာ Hemp ဆေးခြောက်စိုက်ဖို့တင်သွင်းတာတွေ
အာဆီယံမှာ တချို့မလုပ်သေးတဲ့ဟာတွေကို အသစ်တွေကိုလိုက်ဖို့လုပ်နေတဲ့ဟာတွေအတွက် ဒီလူငယ်တွေကရော နောက်ထပ်ဘယ်အသစ်တွေကို
လုပ်ဖို့လိုမလဲ အဲလိုအသစ်တွေကိုသိရဖို့အတွက်ကရော ဘာတွေကိုလေ့လာဖို့လိုမလဲ လူကြီးတွေ ပေါင်းဖို့လိုတာလား။ ဘယ်အရာတွေကနေလိုက်ကြည့်ရမလဲ
ကျွန်တော်တွေမှာ ဆရာတို့လို့ နိုင်ငံခြားကိုထွက်ပြီး မလေ့လာတဲ့လူတွေအများကြီးရှိတယ်။ ဘယ်ကနေ သင်ကြားရမလဲ ဘာတွေလုပ်နေရမလဲ
ဖေ့စ်ဘွတ်ခ်ပဲပွတ်နေရမှာလား။ ဘယ်ပေ့ချ်တွေမှာလိုက်ရမှာလဲ ဘယ်လိုတွေလုပ်နေရမှာလဲ နောက်ထပ်အသစ်တွေကရောဘာတွေလဲ
အဲလိုမျိုး ကျွန်တော်သိချင်ပါတယ်ဗျ အဲအတွက်ဖြေကြားပေးဖို့ ဆရာလင်းသိုက်ညွန့်ကို မေးချင်ပါတယ်ဗျ ” ဆိုပြီး မေးခွန်းကောင်းတစ်ခုကို
ဆရာလင်းသိုက်ညွန့်ကို မေးခဲ့ပြီး ဆရာကလည်း ဒီမေးခွန်းအတွက် အကောင်းဆုံးအဖြေကို ဖြေကြားသွားပါတယ်။ ခရက်ဒစ်