မိတ်ကပ်လိမ်းရင်း ပိုင်တံခွန် ဘာဖြစ်သွားတာလဲဆိုတာ






ယူနီကုဒ်ဖြင့်ဖတ်ရန်

မင်းသားချော ပိုင်တံခွန်က လတ်တလောမှာ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကိုကိုတစ်ဦးဖြစ်နေတာ ဖြစ်ပါတယ်။ ပိုင်တံခွန်ကို မြန်မာမလေးတွေသာမက ထိုင်းမလေးတွေပါ အားပေးဝန်းရံနေကြတာဖြစ်ပြီး အောင်မြင်မှုတွေ

အကြီးအကျယ် ရရှိနေတာ ဖြစ်ပါတယ်။ ပိုင်တံခွန်ကလည်း အောင်မြင်လာတာနဲ့အမျှ အနုပညာလုပ်ငန်းတွေကို လက်မလည်အောင် လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။ ဒီတစ်လောမှာတော့ ပိုင်တံခွန်က နားရက်မရှိပဲ အလုပ်တွေကို

ဆက်တိုက်ဆိုသလို လုပ်ကိုင်နေရတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပိုင်တံခွန်ခမျာ ပင်ပန်းပေမယ့်လည်း သူ့ရဲ့အလုပ်ကို အကောင်းဆုံး ကြိုးစားလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပိုင်တံခွန်က မန္တလေးမြို့မှာ ကြော်ငြာတစ်ခု

ရိုက်ပေးနေတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ခမျာ ပင်ပန်းလွန်းအားကြီးလို့ နောက်ဆုံး မိတ်ကပ်လိမ်းတဲ့အချိန်မှာတော့ ကုတင်ပေါ်မှာ အိပ်ပျော်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်

ဆိုသလို လုပ်ကိုင်နေရရင်ကို ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ ရှေ့ဆက်လျှောက်မယ့် အနုပညာလုပ်ငန်းတွေကို ဆက်လက်အားပေးကြပါဦးနော်။