တစ္ခ်ိန္က ဘာသာေရး ဆရာကိုေတာင္ ဘီယာ၀ယ္ခိုင္းခဲ႔မိေၾကာင္း ေျပာျပလာတဲ့ ေနာေနာ္္

အတိုင္အထက္အလြန္သီခ်င္းနဲ႕ တိုင္းထက္အလြန္ေအာင္ျမင္ခဲ့တဲ့ အဆိုေတာ္ ေနာေနာ္ဟာ ပရိသတ္ေတြရဲ႕ အခ်စ္ကို မ်ားစြာရရွိခဲ့သလို

သူ႔ရဲ႕ ဆိုးမိုက္ခဲ့မႈေတြေၾကာင့္လဲ ပရိသတ္ေတြနားကေန ေ၀းကြာခဲ့ဖူးတဲ့ အေၾကာင္းကိုေျပာျပလာပါတယ္။ ေအာင္ျမင္မႈရဲ႕ ဒဏ္ကို ခံႏိုင္ရည္မရွိၾကတဲ့ အႏုပညာရွင္ေတြရဲ႕ ျဖစ္ရိုးျဖစ္စဥ္ ဆိုေပမယ့္

သူ႔ရဲ႕ေျပာင္းလဲမႈၾကီးက အရမ္းကို စိတ္၀င္စားစရာေကာင္းၿပီး လူငယ္ေတြအတြက္လဲ ဗဟုသုတရေစမယ္လို႔ ထင္မိပါတယ္။

အဆိုေတာ္တစ္ေယာက္ရဲ႕ ေအာင္ျမင္မႈဟာ မူးယစ္ေဆးေၾကာင့္ ပ်က္ဆီးခဲ့ရတဲ့ အေၾကာင္းကို ေျပာျပလာပါတယ္။ သူ ယခုလိုေျပာင္းလဲမလာခင္ တစ္ခ်ိန္က အေၾကာင္းေတြကို “ ကၽြန္ေတာ္စၿပီးေအာင္ျမင္ခ်ိန္က

ေစာ္ရႈပ္တယ္၊ မူးယစ္ေဆး ကို အေပ်ာ္အပ်က္ ဆိုၿပီး သံုးခဲ့တယ္။ အဆိုေတာ္ေတြဆီ မွာ မူးယစ္ေဆးက အလကားရတယ္ေလ အဲ့ေတာ့ေပ်ာ္တာေပါ့၊ အရက္ေတြေသာက္တယ္၊ ေနာက္ၿပီး အဲ့တုန္းက ဘုရားေက်ာင္းသြားတယ္ဆိုတာ ကၽြန္ေတာ္ ေစာ္ရႈိးဖို႔သြားတာ

ဘုရားေက်ာင္းတက္ၿပီးတာနဲ႕ အေရွ႕က ဘီယာဆိုင္ေရာက္တာဘဲ၊ ေနာက္ၿပီး ကၽြန္ေတာ္က လူေပါင္းစံုနဲ႕ ေပါင္းတယ္၊ အဲ့မွာရုပ္ေတာ့တာဘဲ”

“အဲ့ခ်ိန္မွာ ကိုယ့္ကိုကိုယ္ ေစာ္ၾကည္ဘဲေလ မနက္တစ္ေယာက္၊ ညတစ္ေယာက္ အဲ့လိုေတြ ေတြ႕ျဖစ္လာတယ္။ အဲ့ဒီအခ်ိန္မွာ သစၥာမရွိေတာ့ လာဒ္တိတ္လာတယ္၊ အလုပ္ေတြအဆင္မေျပဘူး

ဘယ္ေလာက္ဘဲ ခန္႔သန္႔ေနေအာင္ျပင္ျပင္ မဟုတ္တာေတြလုပ္တာမ်ားလာေတာ့ က်က္သေရမရွိေတာ့ဘူးေလ။ ကိုယ္ကေတာ့ ေဆးခ်ၿပီးသီခ်င္းဆိုရင္ ေကာင္းတာေပါ့ ကိုယ္ဘဲေကာင္းတာေလ

ပရိသတ္အတြက္ကမေကာင္းဘူး။ အဲ့လိုနဲ႔ ေဆးသံုးတဲ့ ဆိုးက်ိဳးက ဘ၀တုန္းလာတယ္၊ လူညႊန္႔လဲတုန္းတယ္ တိရိစၦာန္လိုျဖစ္သြားတယ္”

“အဓိက က ကိုယ့္ကိုကိုယ္ Contro မရွိေတာ့တာ၊ ဘ၀လဲပ်က္တယ္ လူမ်ားေတြရဲ႕ သေထြးခြက္ထဲ ေမ်ာခဲ့ရတယ္၊ အဲ့လိုဘဲ ဒုကၡေရာက္တဲ့သူေတြအမ်ားၾကီး ၊ကၽြန္ေတာ့သူငယ္ခ်င္းထဲမွာဘဲ တစ္ေယာက္ကေသသြားတယ္၊ တစ္ေယာက္ကေထာင္က်သြားတယ္။

အဲ့လိုနဲ႔ ေနာက္ဆံုး ကိုယ့္ကိုကိုယ္ သတ္ေသဖို႕ထိေတာင္ ေတြးခဲ့ဖူးတယ္။ ေနာက္ၿပီး မိုးလင္းတာနဲ႕ အရက္ေသာက္တက္လာတယ္ အဲ့လိုေတြေပါ့၊ အဲ့လိုနဲ႕တရက္မွာ Lဆိုင္းဇီ တို႕က တရားပြဲသြားမယ္ ဆိုၿ႔ပီးေခၚတာနဲဲ့

လိုက္သြားျဖစ္တယ္ေပါ့။ နယ္စပ္ဘက္ကိုသြားၾကတယ္ ေရာက္ေတာ့ ဘီယာ၀ယ္ေပးမယ့္သူကိုရွာတာေပါ့ အဲ့မွာ ထြားထြားေတာင့္ေတာင့္ အသားျဖဴနဲ႕ လူတစ္ေယာက္ေတြ႔တယ္ စိတ္ထဲသိလိုက္တယ္ ဒီလူကဒီနယ္ကၽြမ္းမယ္ ေပါ့

ဘာသာေရးပြဲဆိုေတာ့ ေပၚတင္ သြား၀ယ္ခိုင္းလို႕မရဘူးေလေနာ္။ အဲ့လိုနဲ႔ ညက်ေတာ့ ကၽြန္တာ္နဲ႔ အဲ့လူႏွစ္ေယာက္ထဲရွိခ်ိန္ ကၽြန္ေတာ့္ကိုဘီယာ၀ယ္ေပးလို႔ ဆိုေတာ့ အဲ့လူကကၽြန္ေတာ့္ကိုအၾကာၾကီးစိုက္ ၾကည့္ေနတာ”

“အဲ့လိုၾကည့္ေနေတာ့ ဒီလိုရူးေနလားေပါ့ေနာ္ ငါ့ကိုစိုက္ၾကည့္ေနတာ၊ ဒါသူ႔စတိုင္ဘဲျဖစ္မွာေပါ့ဆိုၿပီး ထားလိုက္တယ္။ ေနာက္တာ့ ၀ယ္လာေပးတယ္ အဲ့ေတာ့ ေသာက္ရေတာ့မွာေပါ့ေနာ့၊ အာ့နဲ႕ မေသာက္ခင္ အဲ့လူက ကၽြန္ေတာ့္ကိုတစ္ခုေျပာတယ္။

မင္းကို ဘီယာ၀ယ္ေပးတယ္ မနက္ျဖန္ ပြဲမွာ တရားေဟာစရာ ေျပာတာကိုအစအဆံုးနားေထာင္ရမယ္ ဆိုၿပီး ကတိေပးတဲ့၊ အာ့နဲ႕ ဒါေလးမ်ား ဆိုၿပီး အေပးအယူတည့္သြားတယ္ေပါ့။ အဲ့လိုနဲ႕ မနက္ေရာက္တဲ့အခါ မွာ ဘီ၀ယ္ခိုင္းတဲ့ သူက ဘုန္းၾကီးျဖစ္ေနတယ္”

“ဘာသာေရးဆရာျဖစ္ေနေတာ့ ထြက္ေျပးရမလားေပါ့ သူက ရတယ္ မင္းနားေထာင္မယ္တဲ့ အဲ့ေန႔ကစၿပီး လိမၼာသြားတယ္။ သူကေဟာတာေပါ့ေနာ္ ဘယ္သူမွ လက္မခံလဲ ဘုရားကလက္ခံတယ္ ဆိုေတာ့ ကၽြန္ေတာ္ခြန္အားေတြျဖစ္သြားတယ္။

အဲ့ခ်ိန္ကၽြန္ေတာ့နားမွာ ဘယ္သူမွမရွိေတာ့ဘူး ေလ။ တရားပြဲက ျပန္ေရာက္ေတာ့ သူငယ္ခ်င္းေတြက ေဆးခ်ခ်ဖို႕ခ်ိန္းတယ္ ၇ ေခါက္ ၈ေခါက္ေလာက္လြဲခဲ့ေတာ့ ဒါသူလုပ္ေနၿပီဘဲ ဆိုၿပီး သိပ္မလုပ္ျဖစ္ေတာ့ဘူး

အဲ့ေနာက္ ဥာဏ္ျပန္ေကာင္းလာသလိုဘဲ အမွားေတြလုပ္ခဲ့မိတာကိုျပန္ေတြးမိလာတယ္ အဲ့ေနာက္ပိုင္းမွာ ျပင္ဆင္လာတယ္၊ မိန္းကေလးေတြအားလံုးကိုလဲ ကိုယ့္ ရဲ႕အေမ၊ ညီမ လို ျမင္တက္လာတယ္

တန္ဖိုးထားတက္လာတယ္၊ အျမင္ေျပာင္းသြားတယ္” လို႔ ဆိုၿပီး သူေျပာင္းလဲလာတဲ့အေၾကာင္းေတြကို ေျပာျပလာပါတယ္။

အဲ့ဒီေနာက္မွာေတာ့ သူ႔ကို ကယ္တင္ခဲ့တဲ့ ကယ္တင္ရွင္ရဲ႕အေၾကာင္းကိုလဲ ဒီလိုေလးေျပာျပခဲ့ပါတယ္။ “ကၽြန္ေတာ္ကုိ ေျပာင္းလဲေပးတာ တစ္ကယ္ေတာ့ ခရစ္ယာန္ဘာသာလဲ မဟုတ္ပါဘူး

ဘာသာတရားအားလံုးေကာင္းတယ္ အဲ့ေယ႐ႈ႕ ကကၽြန္ေတာ့္ကိုကယ္သြားတာ” ပါလို႔လဲေျပာျပသြားခဲ့ပါတယ္။

ေနာေနာ္ဟာလက္ရွိမွာေတာ့ စီးပြားေရးလုပ္ငန္းေတြလုပ္ေဆာင္ေနၿ႔ပီး သူ႔ဘ၀ကို အေကာင္းဆံုးျဖစ္ေအာင္ ျပန္လည္တည္ေဆာက္ေနၿပီဘဲ ျဖစ္ပါတယ္။

ေနာေနာ္ကိုခ်စ္တဲ့ ပရိသတ္ၾကီးအတြက္ေရာ၊ လူငယ္ေတြ ဗဟုသုတရရွိေစဖို႔အတြက္ပါ ဒီအေၾကာင္းအရာေလးကို ေဖာ္ျပေပးလိုက္ျခင္းျဖစ္ပါတယ္။ ဖတ္ရႈ႕ေပးသူအားလံုးကုိေက်းဇူးအထူးတင္ရွိပါတယ္။

ယူနီကုဒ္ျဖင့္ ဖတ္ရန္

အတိုင်အထက်အလွန်သီချင်းနဲ့ တိုင်းထက်အလွန်အောင်မြင်ခဲ့တဲ့ အဆိုတော် နောနော်ဟာ ပရိသတ်တွေရဲ့ အချစ်ကို များစွာရရှိခဲ့သလို

သူ့ရဲ့ ဆိုးမိုက်ခဲ့မှုတွေကြောင့်လဲ ပရိသတ်တွေနားကနေ ဝေးကွာခဲ့ဖူးတဲ့ အကြောင်းကိုပြောပြလာပါတယ်။ အောင်မြင်မှုရဲ့ ဒဏ်ကို ခံနိုင်ရည်မရှိကြတဲ့ အနုပညာရှင်တွေရဲ့ ဖြစ်ရိုးဖြစ်စဉ် ဆိုပေမယ့်

သူ့ရဲ့ပြောင်းလဲမှုကြီးက အရမ်းကို စိတ်ဝင်စားစရာကောင်းပြီး လူငယ်တွေအတွက်လဲ ဗဟုသုတရစေမယ်လို့ ထင်မိပါတယ်။

အဆိုတော်တစ်ယောက်ရဲ့ အောင်မြင်မှုဟာ မူးယစ်ဆေးကြောင့် ပျက်ဆီးခဲ့ရတဲ့ အကြောင်းကို ပြောပြလာပါတယ်။ သူ ယခုလိုပြောင်းလဲမလာခင် တစ်ချိန်က အကြောင်းတွေကို “ ကျွန်တော်စပြီးအောင်မြင်ချိန်က

စော်ရှုပ်တယ်၊ မူးယစ်ဆေး ကို အပျော်အပျက် ဆိုပြီး သုံးခဲ့တယ်။ အဆိုတော်တွေဆီ မှာ မူးယစ်ဆေးက အလကားရတယ်လေ အဲ့တော့ပျော်တာပေါ့၊ အရက်တွေသောက်တယ်၊ နောက်ပြီး အဲ့တုန်းက ဘုရားကျောင်းသွားတယ်ဆိုတာ ကျွန်တော် စော်ရှိုးဖို့သွားတာ

ဘုရားကျောင်းတက်ပြီးတာနဲ့ အရှေ့က ဘီယာဆိုင်ရောက်တာဘဲ၊ နောက်ပြီး ကျွန်တော်က လူပေါင်းစုံနဲ့ ပေါင်းတယ်၊ အဲ့မှာရုပ်တော့တာဘဲ”

“အဲ့ချိန်မှာ ကိုယ့်ကိုကိုယ် စော်ကြည်ဘဲလေ မနက်တစ်ယောက်၊ ညတစ်ယောက် အဲ့လိုတွေ တွေ့ဖြစ်လာတယ်။ အဲ့ဒီအချိန်မှာ သစ္စာမရှိတော့ လာဒ်တိတ်လာတယ်၊ အလုပ်တွေအဆင်မပြေဘူး

ဘယ်လောက်ဘဲ ခန့်သန့်နေအောင်ပြင်ပြင် မဟုတ်တာတွေလုပ်တာများလာတော့ ကျက်သရေမရှိတော့ဘူးလေ။ ကိုယ်ကတော့ ဆေးချပြီးသီချင်းဆိုရင် ကောင်းတာပေါ့ ကိုယ်ဘဲကောင်းတာလေ

ပရိသတ်အတွက်ကမကောင်းဘူး။ အဲ့လိုနဲ့ ဆေးသုံးတဲ့ ဆိုးကျိုးက ဘဝတုန်းလာတယ်၊ လူညွှန့်လဲတုန်းတယ် တိရိစ္ဆာန်လိုဖြစ်သွားတယ်”

“အဓိက က ကိုယ့်ကိုကိုယ် Contro မရှိတော့တာ၊ ဘဝလဲပျက်တယ် လူများတွေရဲ့ သထွေးခွက်ထဲ မျောခဲ့ရတယ်၊ အဲ့လိုဘဲ ဒုက္ခရောက်တဲ့သူတွေအများကြီး ၊ကျွန်တော့သူငယ်ချင်းထဲမှာဘဲ တစ်ယောက်ကသေသွားတယ်၊ တစ်ယောက်ကထောင်ကျသွားတယ်။

အဲ့လိုနဲ့ နောက်ဆုံး ကိုယ့်ကိုကိုယ် သတ်သေဖို့ထိတောင် တွေးခဲ့ဖူးတယ်။ နောက်ပြီး မိုးလင်းတာနဲ့ အရက်သောက်တက်လာတယ် အဲ့လိုတွေပေါ့၊ အဲ့လိုနဲ့တရက်မှာ Lဆိုင်းဇီ တို့က တရားပွဲသွားမယ် ဆိုြ့ပီးခေါ်တာနဲ့

လိုက်သွားဖြစ်တယ်ပေါ့။ နယ်စပ်ဘက်ကိုသွားကြတယ် ရောက်တော့ ဘီယာဝယ်ပေးမယ့်သူကိုရှာတာပေါ့ အဲ့မှာ ထွားထွားတောင့်တောင့် အသားဖြူနဲ့ လူတစ်ယောက်တွေ့တယ် စိတ်ထဲသိလိုက်တယ် ဒီလူကဒီနယ်ကျွမ်းမယ် ပေါ့၊

ဘာသာရေးပွဲဆိုတော့ ပေါ်တင် သွားဝယ်ခိုင်းလို့မရဘူးလေနော်။ အဲ့လိုနဲ့ ညကျတော့ ကျွန်တာ်နဲ့ အဲ့လူနှစ်ယောက်ထဲရှိချိန် ကျွန်တော့်ကိုဘီယာဝယ်ပေးလို့ ဆိုတော့ အဲ့လူကကျွန်တော့်ကိုအကြာကြီးစိုက် ကြည့်နေတာ”

“အဲ့လိုကြည့်နေတော့ ဒီလိုရူးနေလားပေါ့နော် ငါ့ကိုစိုက်ကြည့်နေတာ၊ ဒါသူ့စတိုင်ဘဲဖြစ်မှာပေါ့ဆိုပြီး ထားလိုက်တယ်။ နောက်တာ့ ဝယ်လာပေးတယ် အဲ့တော့ သောက်ရတော့မှာပေါ့နော့၊ အာ့နဲ့ မသောက်ခင် အဲ့လူက ကျွန်တော့်ကိုတစ်ခုပြောတယ်။

မင်းကို ဘီယာဝယ်ပေးတယ် မနက်ဖြန် ပွဲမှာ တရားဟောစရာ ပြောတာကိုအစအဆုံးနားထောင်ရမယ် ဆိုပြီး ကတိပေးတဲ့၊ အာ့နဲ့ ဒါလေးများ ဆိုပြီး အပေးအယူတည့်သွားတယ်ပေါ့။ အဲ့လိုနဲ့ မနက်ရောက်တဲ့အခါ မှာ ဘီဝယ်ခိုင်းတဲ့ သူက ဘုန်းကြီးဖြစ်နေတယ်”

“ဘာသာရေးဆရာဖြစ်နေတော့ ထွက်ပြေးရမလားပေါ့ သူက ရတယ် မင်းနားထောင်မယ်တဲ့ အဲ့နေ့ကစပြီး လိမ္မာသွားတယ်။ သူကဟောတာပေါ့နော် ဘယ်သူမှ လက်မခံလဲ ဘုရားကလက်ခံတယ် ဆိုတော့ ကျွန်တော်ခွန်အားတွေဖြစ်သွားတယ်။

အဲ့ချိန်ကျွန်တော့နားမှာ ဘယ်သူမှမရှိတော့ဘူး လေ။ တရားပွဲက ပြန်ရောက်တော့ သူငယ်ချင်းတွေက ဆေးချချဖို့ချိန်းတယ် ၇ ခေါက် ၈ခေါက်လောက်လွဲခဲ့တော့ ဒါသူလုပ်နေပြီဘဲ ဆိုပြီး သိပ်မလုပ်ဖြစ်တော့ဘူး

အဲ့နောက် ဉာဏ်ပြန်ကောင်းလာသလိုဘဲ အမှားတွေလုပ်ခဲ့မိတာကိုပြန်တွေးမိလာတယ် အဲ့နောက်ပိုင်းမှာ ပြင်ဆင်လာတယ်၊ မိန်းကလေးတွေအားလုံးကိုလဲ ကိုယ့် ရဲ့အမေ၊ ညီမ လို မြင်တက်လာတယ်

တန်ဖိုးထားတက်လာတယ်၊ အမြင်ပြောင်းသွားတယ်” လို့ ဆိုပြီး သူပြောင်းလဲလာတဲ့အကြောင်းတွေကို ပြောပြလာပါတယ်။

အဲ့ဒီနောက်မှာတော့ သူ့ကို ကယ်တင်ခဲ့တဲ့ ကယ်တင်ရှင်ရဲ့အကြောင်းကိုလဲ ဒီလိုလေးပြောပြခဲ့ပါတယ်။ “ကျွန်တော်ကို ပြောင်းလဲပေးတာ တစ်ကယ်တော့ ခရစ်ယာန်ဘာသာလဲ မဟုတ်ပါဘူး

ဘာသာတရားအားလုံးကောင်းတယ် အဲ့ယေရှု့ ကကျွန်တော့်ကိုကယ်သွားတာ” ပါလို့လဲပြောပြသွားခဲ့ပါတယ်။

နောနော်ဟာလက်ရှိမှာတော့ စီးပွားရေးလုပ်ငန်းတွေလုပ်ဆောင်နြေ့ပီး သူ့ဘဝကို အကောင်းဆုံးဖြစ်အောင် ပြန်လည်တည်ဆောက်နေပြီဘဲ ဖြစ်ပါတယ်။

နောနော်ကိုချစ်တဲ့ ပရိသတ်ကြီးအတွက်ရော၊ လူငယ်တွေ ဗဟုသုတရရှိစေဖို့အတွက်ပါ ဒီအကြောင်းအရာလေးကို ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။ ဖတ်ရှု့ပေးသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။