အာဆီယံ ယူ-၁၈ ခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာ ျမန္မာ ယူ-၁၈ အသင္း ဆီမီးဖိုင္နယ္တက္

၂၀၁၉ အာဆီယံ ယူ-၁၈ ခ်န္ပီယံရွစ္ၿပိဳင္ပြဲ AFF U-18 Next Media Cup မွာဝင္ေရာက္ယွဥ္ၿပိဳင္ေနတဲ့ ျမန္မာ ယူ-၁၈ အသင္းဟာ အုပ္စုေနာက္ဆုံးပြဲစဥ္မတိုင္မီမွာပဲ ဆီမီးဖိုင္နယ္အဆင့္ကို တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ၾသဂုတ္ (၁၂) ရက္၊ ည (၇) နာရီက ဗီယက္နမ္ႏိုင္ငံ၊ ဟိုခ်ီမင္းၿမိဳ႕၊ Binh Duong ကြင္းမွာကစားခဲ့တဲ့ ဘ႐ူႏိုင္းနဲ႔ပြဲစဥ္မွာ ျမန္မာ ယူ-၁၈ အသင္းက (၂) ဂိုး၊ ဂိုးမရွိနဲ႔အႏိုင္ရရွိခဲ့တာေၾကာင့္ ဆီမီးဖိုင္နယ္အဆင့္ကို တက္ႏိုင္ခဲ့တာပါ။

”ပထမဆုံးပစ္မွတ္ျဖစ္တဲ့ ဆီမီးဖိုင္နယ္ေရာက္ရွိေရးရည္မွန္းခ်က္ျပည့္ဝခဲ့လို႔ ဒီေန႔ပြဲရလဒ္ကိုေက်နပ္ပါတယ္။ ၿပိဳင္ပြဲက တစ္ရက္ျခားကစားေနရလို႔ ကစားသမားေတြပြဲမပန္းေအာင္၊ အားျပန္ျပည့္ေအာင္ အေလးထားျပင္ဆင္ခဲ့ရပါတယ္”လို႔ ျမန္မာအသင္းနည္းျပ ဦးစိုးျမတ္မင္းက ေျပာပါတယ္။

ျမန္မာအသင္းက အုပ္စု (က) မွာ အင္ဒိုနီးရွား၊ လာအို၊ ဖိလစ္ပိုင္၊ ဘ႐ူႏိုင္း၊ တီေမာအသင္းတို႔နဲ႔ အတူက်ေရာက္ခဲ့တာျဖစ္ၿပီး လာအိုအသင္းကို (၃) ဂိုး (၁) ဂိုး၊ ဖိလစ္ပိုင္အသင္းကို (၄) ဂိုး (၁) ဂိုး၊ တီေမာအသင္းကို (၁) ဂိုး ဂိုးမရွိ၊ ဘ႐ူႏိုင္းအသင္းကို (၂) ဂိုး ဂိုးမရွိနဲ႔ ေလးပြဲဆက္အႏိုင္ရခဲ့တာျဖစ္ပါတယ္။

အခုလို ေလးပြဲဆက္အႏိုင္ရထားတဲ့အတြက္ ေနာက္ဆုံးယွဥ္ၿပိဳင္ရမယ့္ အင္ဒိုနီးရွားအသင္းနဲ႔ပြဲစဥ္ရဲ႕ အႏိုင္၊ အရႈံးရလဒ္ ဘယ္လိုပဲျဖစ္ျဖစ္ အမွတ္အမ်ားဆုံးရထားတဲ့ျမန္မာအသင္းအေနနဲ႔ ဆီမီးဖိုင္နယ္အဆင့္ကို ေသခ်ာေပါက္တက္လွမ္းရမွာ ျဖစ္ပါတယ္။

အုပ္စုေနာက္ဆုံးပြဲစဥ္ျဖစ္တဲ့ ျမန္မာအသင္းနဲ႔ အင္ဒိုနီးရွားအသင္းတို႔ပြဲစဥ္ကိုေတာ့ ဗီယက္နမ္ႏိုင္ငံ၊ Thang Nhat အားကစားကြင္းမွာ ၾသဂုတ္ (၁၄) ရက္၊ ျမန္မာစံေတာ္ခ်ိန္ ေန႔လယ္ (၃) နာရီအခ်ိန္ ယွဥ္ၿပိဳင္ကစားသြားမယ္လို႔ သိရပါတယ္။

ဓာတ္ပုံ – ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္

ယူနီကုဒ္ျဖင့္ ဖတ္ရန္

၂၀၁၉ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲ AFF U-18 Next Media Cup မှာဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ ယူ-၁၈ အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မတိုင်မီမှာပဲ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

သြဂုတ် (၁၂) ရက်၊ ည (၇) နာရီက ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၊ Binh Duong ကွင်းမှာကစားခဲ့တဲ့ ဘရူနိုင်းနဲ့ပွဲစဉ်မှာ မြန်မာ ယူ-၁၈ အသင်းက (၂) ဂိုး၊ ဂိုးမရှိနဲ့အနိုင်ရရှိခဲ့တာကြောင့် ဆီမီးဖိုင်နယ်အဆင့်ကို တက်နိုင်ခဲ့တာပါ။

”ပထမဆုံးပစ်မှတ်ဖြစ်တဲ့ ဆီမီးဖိုင်နယ်ရောက်ရှိရေးရည်မှန်းချက်ပြည့်ဝခဲ့လို့ ဒီနေ့ပွဲရလဒ်ကိုကျေနပ်ပါတယ်။ ပြိုင်ပွဲက တစ်ရက်ခြားကစားနေရလို့ ကစားသမားတွေပွဲမပန်းအောင်၊ အားပြန်ပြည့်အောင် အလေးထားပြင်ဆင်ခဲ့ရပါတယ်”လို့ မြန်မာအသင်းနည်းပြ ဦးစိုးမြတ်မင်းက ပြောပါတယ်။

မြန်မာအသင်းက အုပ်စု (က) မှာ အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ တီမောအသင်းတို့နဲ့ အတူကျရောက်ခဲ့တာဖြစ်ပြီး လာအိုအသင်းကို (၃) ဂိုး (၁) ဂိုး၊ ဖိလစ်ပိုင်အသင်းကို (၄) ဂိုး (၁) ဂိုး၊ တီမောအသင်းကို (၁) ဂိုး ဂိုးမရှိ၊ ဘရူနိုင်းအသင်းကို (၂) ဂိုး ဂိုးမရှိနဲ့ လေးပွဲဆက်အနိုင်ရခဲ့တာဖြစ်ပါတယ်။

အခုလို လေးပွဲဆက်အနိုင်ရထားတဲ့အတွက် နောက်ဆုံးယှဉ်ပြိုင်ရမယ့် အင်ဒိုနီးရှားအသင်းနဲ့ပွဲစဉ်ရဲ့ အနိုင်၊ အရှုံးရလဒ် ဘယ်လိုပဲဖြစ်ဖြစ် အမှတ်အများဆုံးရထားတဲ့မြန်မာအသင်းအနေနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို သေချာပေါက်တက်လှမ်းရမှာ ဖြစ်ပါတယ်။

အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ မြန်မာအသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ပွဲစဉ်ကိုတော့ ဗီယက်နမ်နိုင်ငံ၊ Thang Nhat အားကစားကွင်းမှာ သြဂုတ် (၁၄) ရက်၊ မြန်မာစံတော်ချိန် နေ့လယ် (၃) နာရီအချိန် ယှဉ်ပြိုင်ကစားသွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ – မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်