သမီးငယ္ေလး ဗစ္တုိးရီးယားကုိ ျပည္သူေတြထံ အပ္ပါတယ္ဟု ဆရာသကၠမုိးညဳိေျပာ

သမီးေလး ဗစ္တိုးရီးယား အမွဳနဲ႔ ပတ္သက္ၿပီး ကိုယ္စတင္ ေတြးခဲ့တုန္းက ရိုးရိုးလြယ္လြယ္ေလးပဲ။ အခ်ိန္တန္ရင္ တရားခံ အစစ္ကို ဆြဲထုတ္ျပႏိုင္လိမ့္မယ္။

ကိုယ္ေျပာတဲ့ တရားခံ အစစ္ဆိုေသာ အပိုင္းသည္ ေအာင္ႀကီး ဟုတ္ျခင္း မဟုတ္ျခင္းကို ေျပာတာ မဟုတ္ဘူး။ တိက်ခိုင္မာေသာ သက္ေသ အေထာက္အထား ျပႏိုင္ျခင္းကိုပဲ ဆိုလိုပါတယ္။

ဒီအန္ေအ၊ စီစီတီဗီ စတဲ့ ပစၥည္းသက္ေသ၊ ဆရာမN သမီးငယ္ေလး စတဲ့ လူသက္ေသ၊ ဒါေတြနဲ႕ ဆိုရင္ တရားခံ အစစ္ ေျပးမလြတ္ဘူးေပါ့။

ဒီလို ျဖစ္မလာတဲ့အခါ တျခားေသာ ေမွ်ာ္လင့္ခ်က္လည္း ထားမိေသးတယ္။ ရုပ္ရွင္ ဇာတ္ကားေတြ အၾကည့္မ်ားလို႕လား မသိပါဘူး။ စူပါဟီးရိုးတေယာက္ေယာက္ ေပၚလာၿပီး ေဟ့ေယာင္ေတြ

မင္းတို႕ မတရားမလုပ္နဲ႕ကြ ဆိုၿပီး လူဆိုးေတြကို အလဲထိုးထည့္လိုက္တာမ်ိဳး။ ဒါေပမယ့္လည္း လက္ေတြ႕ဘ၀ဟာ ဇာတ္လမ္းေတြလိုမွ မဟုတ္တာပဲေလ။

ကၽြန္ေတာ္တို႕ ဒီအထိ ခရီးေပါက္ခဲ့တာကိုက မ်ားလြန္းလွခဲ့ပါၿပီ။ ဒီအထိ ေရာက္ခဲ့သူ မရိွခဲ့ပါဘူး။ ဒီလိုပဲ အလဲလဲ အကြဲကြဲနဲ႕ ေနာက္ဆုတ္ တပ္ေခါက္သြားသူေတြ တပံုႀကီးပါ။

ဒီအထိ ခရီးေပါက္ေအာင္ အားေပးခဲ့၊ ေဖးမခဲ့၊ ေနာက္ကြယ္ က ပံ့ပိုးခဲ့ၾကတဲ့သူေတြ အမ်ားႀကီးပါ။ သူတို႕ကိုလည္း ေက်းဇူးဆိုပါတယ္။ (အေၾကာင္းေၾကာင္းေၾကာင့္)

ေရွ႕ကို ထြက္မရသည့္တိုင္ စိတ္ဓာတ္ေရးရာ ရပ္တည္ေပးခဲ့သူေတြ၊ ကိုယ္အား၊ ဥာဏ္အားနဲ႔

ပံ့ပိုးသူေတြ၊ ၿပီးေတာ့ ျပည္သူေတြ၊ အမ်ားႀကီးေၾကာင့္ ဒီအမွဳဟာ သာမန္သက္ငယ္မုဒိမ္းမွဳေလး တမွဳလို တိမ္ၿမဳပ္ မသြားပဲ ဒီေလာက္အထိ ဟိုးေလး တေက်ာ္ ျဖစ္ခဲ့တာပါ။

အခုလို ေျပာလိုက္လို႕ ကၽြန္ေတာ္တို႕ ရပ္သြားမယ္၊ အားေလ်ာ႕လိုက္ေတာ့မယ္လို႕ ဆိုလုိတာ မဟုတ္ပါဘူး။ အခြင့္ေပး သမွ် ေရွ႕ကို ဆက္သြားေနမွာပါပဲ။ ဒါေပမယ့္ မိဘေတြေရာ၊ ကၽြန္ေတာ္ေရာ၊ အားကုန္လုပါၿပီ။

နည္းလမ္း ကုန္လုပါၿပီ။ ဒါေပမယ့္ မေမ့မေလ်ာ့ ကိုးစားမိတာ ျပည္သူပါပဲ။ ျပည္သူဟာ ဘယ္တုန္းကမွ ေရြးခ်ယ္မွဳ မမွားခဲ့ဘူး။ ဘယ္တုန္းကမွ မေဖာက္ျပန္ခဲ့ဘူးဖူး။

မနက္ျဖန္ဆို သမီးငယ္ေလး အမွဳအတြက္ ရံုးခ်ိန္း တေခါက္ ေရာက္ျပန္ၿပီ။ သမီးငယ္ေလး ဖခင္နဲ႕ အဘြားတို႕ ထြက္ဆို ၾကလိမ့္မယ္။ ၀န္းရံသူေတြ ရိွဦးမွာလား၊ မရိွေတာ့ဘူးလား။ စိတ္ပ်က္သြားၾကၿပီလား။ ကၽြန္ေတာ္ မသိပါ။

ကိုယ့္ဘက္မွာ အစကတည္းက ဘာမွ မရိွခဲ့ပါ။ ဒါေပမယ့္ ကိုယ့္မွာ ရိွတယ္လို႕ ေသခ်ာတာက အမွန္တရားနဲ႕ အမွန္တရားကို ဆိုမယ့္ စကားေတြပါပဲ။

စကားဟာ အမွန္တရားနဲ႕ ယွဥ္ေျပာရင္ သစၥာထိုက္တယ္တဲ့။ ထပ္ေျပာပါ့မယ္။ ကၽြန္ေတာ္တို႕မွာ ဘာမွ မရိွေတာ့ပါ။ သစၥာထိုက္ေသာ စကားေတြနဲ႕ပဲ သမီးငယ္ေလး ဗစ္တိုးရီးယားကို ျပည္သူေတြလက္ကို အပ္ပါတယ္။

သကၠမုိးညဳိ (ေလးစားမႈျဖင့္)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

သမီးလေး ဗစ်တိုးရီးယား အမှုနဲ့ ပတ်သက်ပြီး ကိုယ်စတင် တွေးခဲ့တုန်းက ရိုးရိုးလွယ်လွယ်လေးပဲ။ အချိန်တန်ရင် တရားခံ အစစ်ကို ဆွဲထုတ်ပြနိုင်လိမ့်မယ်။

ကိုယ်ပြောတဲ့ တရားခံ အစစ်ဆိုသော အပိုင်းသည် အောင်ကြီး ဟုတ်ခြင်း မဟုတ်ခြင်းကို ပြောတာ မဟုတ်ဘူး။ တိကျခိုင်မာသော သက်သေ အထောက်အထား ပြနိုင်ခြင်းကိုပဲ ဆိုလိုပါတယ်။

ဒီအန်အေ၊ စီစီတီဗီ စတဲ့ ပစ္စည်းသက်သေ၊ ဆရာမN သမီးငယ်လေး စတဲ့ လူသက်သေ၊ ဒါတွေနဲ့ ဆိုရင် တရားခံ အစစ် ပြေးမလွတ်ဘူးပေါ့။

ဒီလို ဖြစ်မလာတဲ့အခါ တခြားသော မျှော်လင့်ချက်လည်း ထားမိသေးတယ်။ ရုပ်ရှင် ဇာတ်ကားတွေ အကြည့်များလို့လား မသိပါဘူး။ စူပါဟီးရိုးတယောက်ယောက် ပေါ်လာပြီး ဟေ့ယောင်တွေ

မင်းတို့ မတရားမလုပ်နဲ့ကွ ဆိုပြီး လူဆိုးတွေကို အလဲထိုးထည့်လိုက်တာမျိုး။ ဒါပေမယ့်လည်း လက်တွေ့ဘဝဟာ ဇာတ်လမ်းတွေလိုမှ မဟုတ်တာပဲလေ။

ကျွန်တော်တို့ ဒီအထိ ခရီးပေါက်ခဲ့တာကိုက များလွန်းလှခဲ့ပါပြီ။ ဒီအထိ ရောက်ခဲ့သူ မရှိခဲ့ပါဘူး။ ဒီလိုပဲ အလဲလဲ အကွဲကွဲနဲ့ နောက်ဆုတ် တပ်ခေါက်သွားသူတွေ တပုံကြီးပါ။

ဒီအထိ ခရီးပေါက်အောင် အားပေးခဲ့၊ ဖေးမခဲ့၊ နောက်ကွယ် က ပံ့ပိုးခဲ့ကြတဲ့သူတွေ အများကြီးပါ။ သူတို့ကိုလည်း ကျေးဇူးဆိုပါတယ်။ (အကြောင်းကြောင်းကြောင့်)

ရှေ့ကို ထွက်မရသည့်တိုင် စိတ်ဓာတ်ရေးရာ ရပ်တည်ပေးခဲ့သူတွေ၊ ကိုယ်အား၊ ဉာဏ်အားနဲ့

ပံ့ပိုးသူတွေ၊ ပြီးတော့ ပြည်သူတွေ၊ အများကြီးကြောင့် ဒီအမှုဟာ သာမန်သက်ငယ်မုဒိမ်းမှုလေး တမှုလို တိမ်မြုပ် မသွားပဲ ဒီလောက်အထိ ဟိုးလေး တကျော် ဖြစ်ခဲ့တာပါ။

အခုလို ပြောလိုက်လို့ ကျွန်တော်တို့ ရပ်သွားမယ်၊ အားလျော့လိုက်တော့မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ အခွင့်ပေး သမျှ ရှေ့ကို ဆက်သွားနေမှာပါပဲ။ ဒါပေမယ့် မိဘတွေရော၊ ကျွန်တော်ရော၊ အားကုန်လုပါပြီ။

နည်းလမ်း ကုန်လုပါပြီ။ ဒါပေမယ့် မမေ့မလျော့ ကိုးစားမိတာ ပြည်သူပါပဲ။ ပြည်သူဟာ ဘယ်တုန်းကမှ ရွေးချယ်မှု မမှားခဲ့ဘူး။ ဘယ်တုန်းကမှ မဖောက်ပြန်ခဲ့ဘူးဖူး။

မနက်ဖြန်ဆို သမီးငယ်လေး အမှုအတွက် ရုံးချိန်း တခေါက် ရောက်ပြန်ပြီ။ သမီးငယ်လေး ဖခင်နဲ့ အဘွားတို့ ထွက်ဆို ကြလိမ့်မယ်။ ဝန်းရံသူတွေ ရှိဦးမှာလား၊ မရှိတော့ဘူးလား။ စိတ်ပျက်သွားကြပြီလား။ ကျွန်တော် မသိပါ။

ကိုယ့်ဘက်မှာ အစကတည်းက ဘာမှ မရှိခဲ့ပါ။ ဒါပေမယ့် ကိုယ့်မှာ ရှိတယ်လို့ သေချာတာက အမှန်တရားနဲ့ အမှန်တရားကို ဆိုမယ့် စကားတွေပါပဲ။

စကားဟာ အမှန်တရားနဲ့ ယှဉ်ပြောရင် သစ္စာထိုက်တယ်တဲ့။ ထပ်ပြောပါ့မယ်။ ကျွန်တော်တို့မှာ ဘာမှ မရှိတော့ပါ။ သစ္စာထိုက်သော စကားတွေနဲ့ပဲ သမီးငယ်လေး ဗစ်တိုးရီးယားကို ပြည်သူတွေလက်ကို အပ်ပါတယ်။

သက္ကမိုးညို (လေးစားမှုဖြင့်)