သူကိုယ္တိုင္ေရးဆြဲထားတဲ႔ ပန္ခ်ီကားကို ေရေဘးအလွဴအတြက္ ေလလံပစ္ခဲ႔တဲ႔ ဟန္ထူးလြင္

လြန္ခဲ႔တဲ႔ ၁၅ႏွစ္ေက်ာ္ေလာက္ထဲက ပရိသတ္အခိုင္အမာ ရရွိထားတဲ႔ ဟန္ထူးလြင္က ယေန႔အခ်ိန္အထိလဲေအာင္ျမင္မႈေတြရွိေနဆဲပါ။

သူဟာ ျပည္သူလူထုေတြၾကားမွာ ျဖစ္ပ်က္ေနတဲ႔ အေၾကာင္းအရာေတြကို အျမဲတမ္းစိတ္ဝင္တစားရွိလွပါတယ္။ သူဟာ ယခုအခါမွာလဲ မြန္ျပည္နယ္မွာ ႀကံဳေတြ႔ေနရတဲ႔ ေရေဘးဒုကၡသည္ေတြအတြက္

ကိုယ္ပိုင္အလွဴေလးတစ္ခုကို ျပဳလုပ္ခဲ႔ပါတယ္။ အဲ႔ဒါကေတာ့ သူကိုယ္တိုင္ ေရးဆြဲထားတဲ႔ Synchronized ပန္းခ်ီကားေလးကို ေလလံတင္ေရာင္းခ်ၿပီး

ရရွိတဲ႔ အလွဴေတြကို ၁၀၀ရာခိုင္ႏႈန္းလံုးအကုန္လွဴဒါန္းမွာျဖစ္တယ္လို႔ သိရပါတယ္။ အဆိုပါ ပန္းခ်ီကားကို ဟန္ထူးလြင္က ၾကမ္းခင္းေစ်း တစ္သိန္းက်ပ္က စတင္ကာ ေခၚယူခဲ႔ၿပီး

အဆိုပါေလလံကို ၾသဂုတ္လ (၁၄)ရက္ေန႔၊ ေန႔လည္ ၁၂နာရီမွာ ပိတ္သိမ္းမွာျဖစ္ျပီး ေလလံရက္အတြင္းမွာ မွာသာ ေလလံတင္ခြင့္ရွိပါတယ္။

ဒီေလလံဟာ ေရေဘး ပန္းခ်ီျပပြဲအတြက္ က်ားေပါက္ရဲ႕ ပူးေပါင္းပါ၀င္မႉ အလႉျဖစ္ပါတယ္ Synchronized လို႔အမည္ေပးထားတဲ့ Doodles Artဟာ က်ားေပါက္ရဲ႕ အသစ္စက္စက္ လက္ရာတစ္ခုျဖစ္ပါတယ္။

ေလလံက ရရိွေငြအားလံု (၁၀၀%)ကို ေရေဘး အလႉအျဖစ္ တျခားေသာ ပန္းခ်ီဆရာမ်ားနဲ႔အတူ ထည့္သြင္းလႉဒါန္းသြားမွာပါ။

မိမိတို႔ ေပးႏုိင္တဲ့ေစ်းကို ကြန္မန္႔မွာေရးေပးရမွာပါ။ ေလလံမပိတ္မီ အျမင့္ဆံုးေစ်းေပးႏုိင္တဲ့သူက ရရိွမွာျဖစ္ၿပီး ေလလံခ်ိန္ေက်ာ္သြားမွ ကြန္မန္႔မွာ ေစ်းေပးသူမ်ားကို ထည့္သြင္းစဥ္းစားမွာ မဟုတ္ပါဘူး။

ရန္ကုန္ၿမိဳ႕က မိတ္ေဆြမ်ားအေနနဲ႔ Yangon Book Plaza က WE Creation Galleryမွာ ကိုယ္တိုင္ လာေရာက္ရယူႏုိင္သလို နယ္ကမိတ္ေဆြမ်ားကိုေတာ့

ကားဂိတ္ကေန တစ္ဆင့္ပို႔ေဆာင္ေပးသြားမွာျဖစ္ပါတယ္။ ကုသိုလ္လည္းရ ပန္းခ်ီကားလည္းရမယ့္ အစီအစဥ္ေလးမို႔ အားလံုးပါ၀င္ဖို႔ လက္တုိ႔လိုက္ပါတယ္။

ဟန္ထူးလြင္ရဲ႕ပရိသတ္ႀကီးေရ သူ႔ရဲ႕ပန္းခ်ီကားေလးကို ေလလံဆြဲၿပီး ကုသိုလ္ေတြ ယူလိုက္ၾကရေအာင္ေနာ္။

ဖတ္ရႈေပးတဲ႔ ပရိသတ္ႀကီးကလဲ အခ်ိန္မွီေလလံ ဆြဲႏိုင္ဖို႔ ဒီအေၾကာင္းအရာေလးကို မ်ွေဝေပးသြားၾကပါအံုးေနာ္။

ယူနီကုဒ္ျဖင့္ ဖတ္ရန္

လွန်ခဲ့တဲ့ ၁၅နှစ်ကျော်လောက်ထဲက ပရိသတ်အခိုင်အမာ ရရှိထားတဲ့ ဟန်ထူးလွင်က ယနေ့အချိန်အထိလဲအောင်မြင်မှုတွေရှိနေဆဲပါ။

သူဟာ ပြည်သူလူထုတွေကြားမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အမြဲတမ်းစိတ်ဝင်တစားရှိလှပါတယ်။ သူဟာ ယခုအခါမှာလဲ မွန်ပြည်နယ်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဒုက္ခသည်တွေအတွက်

ကိုယ်ပိုင်အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ သူကိုယ်တိုင် ရေးဆွဲထားတဲ့ Synchronized ပန်းချီကားလေးကို လေလံတင်ရောင်းချပြီး

ရရှိတဲ့ အလှူတွေကို ၁၀၀ရာခိုင်နှုန်းလုံးအကုန်လှူဒါန်းမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပန်းချီကားကို ဟန်ထူးလွင်က ကြမ်းခင်းဈေး တစ်သိန်းကျပ်က စတင်ကာ ခေါ်ယူခဲ့ပြီး

အဆိုပါလေလံကို သြဂုတ်လ (၁၄)ရက်နေ့၊ နေ့လည် ၁၂နာရီမှာ ပိတ်သိမ်းမှာဖြစ်ပြီး လေလံရက်အတွင်းမှာ မှာသာ လေလံတင်ခွင့်ရှိပါတယ်။

ဒီလေလံဟာ ရေဘေး ပန်းချီပြပွဲအတွက် ကျားပေါက်ရဲ့ ပူးပေါင်းပါဝင်မှူ အလှူဖြစ်ပါတယ် Synchronized လို့အမည်ပေးထားတဲ့ Doodles Artဟာ ကျားပေါက်ရဲ့ အသစ်စက်စက် လက်ရာတစ်ခုဖြစ်ပါတယ်။

လေလံက ရရှိငွေအားလုံ (၁၀၀%)ကို ရေဘေး အလှူအဖြစ် တခြားသော ပန်းချီဆရာများနဲ့အတူ ထည့်သွင်းလှူဒါန်းသွားမှာပါ။

မိမိတို့ ပေးနိုင်တဲ့ဈေးကို ကွန်မန့်မှာရေးပေးရမှာပါ။ လေလံမပိတ်မီ အမြင့်ဆုံးဈေးပေးနိုင်တဲ့သူက ရရှိမှာဖြစ်ပြီး လေလံချိန်ကျော်သွားမှ ကွန်မန့်မှာ ဈေးပေးသူများကို ထည့်သွင်းစဉ်းစားမှာ မဟုတ်ပါဘူး။

ရန်ကုန်မြို့က မိတ်ဆွေများအနေနဲ့ Yangon Book Plaza က WE Creation Galleryမှာ ကိုယ်တိုင် လာရောက်ရယူနိုင်သလို နယ်ကမိတ်ဆွေများကိုတော့

ကားဂိတ်ကနေ တစ်ဆင့်ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ကုသိုလ်လည်းရ ပန်းချီကားလည်းရမယ့် အစီအစဉ်လေးမို့ အားလုံးပါဝင်ဖို့ လက်တို့လိုက်ပါတယ်။

ဟန်ထူးလွင်ရဲ့ပရိသတ်ကြီးရေ သူ့ရဲ့ပန်းချီကားလေးကို လေလံဆွဲပြီး ကုသိုလ်တွေ ယူလိုက်ကြရအောင်နော်။

ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကလဲ အချိန်မှီလေလံ ဆွဲနိုင်ဖို့ ဒီအကြောင်းအရာလေးကို မျှဝေပေးသွားကြပါအုံးနော်။