ဘဝရဲ႕အႀကီးမားဆံုးစြန႔္လႊတ္ျခင္းမ်ားနဲ႔ ထိပ္တိုက္ရင္ဆိုင္သြားေတာ့မယ့္ မယ္လိုဒီ

လွပတဲ့မ်က္ဝန္းေတြနဲ႔ ေခ်ာေမာလွပတဲ့ မယ္လိုဒီကေတာ့ အိမ္ေထာင္က်ၿပီးေနာက္ပိုင္း အႏုပညာေျခလွမ္းေတြ က်ဲသြားခဲ့သလို မိသားစုကို အခ်ိန္ေပးေနသူတစ္ဦးပါ။ သူမရဲ႕ ခံစားခ်က္အခ်ိဳ႕ကို လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ အၿမဲေရးသားတတ္တဲ့သူ တစ္ေယာက္လည္းျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ အရာရာအားလုံးကို စြန႔္လႊတ္ဖို႔ အသင့္ျပင္ထားလိုက္ၿပီ ဆိုတဲ့စာသားနဲ႔အတူ သူမရဲ႕ခံစားခ်က္ေတြကို ထပ္မံမွ်ေဝလာခဲ့ပါတယ္။ “သုညကျပန္စရမယ့္ ကိုယ့္ရဲ႕စိတ္ဝိညာဥ္ကိုေတာ့ လြတ္ေျမာက္ခြင့္ ေပးလိုက္ပါေတာ့ ႏွစ္ရွည္ ဂ႐ုတစိုက္ ပ်ိဳးေထာင္တဲ့အပင္က

အဆိပ္ပင္ျဖစ္ေနမယ္လို႔ မသိမိတာ ကိုယ္႐ိုးသားတာလား ထုံ အ ဉာဏ္ပညာမဲ့တာလား ႏုပ်ိဳျခင္းေတြထြက္ေျပး ႂကြယ္ဝျခင္းေတြ ကုန္ခမ္းသြားတဲ့ ကိုယ့္ေန႔ရက္ေတြထဲ ကမာၻႀကီးကို ကယ္တင္ဖို႔ထက္ လူသားေတြကို ဒုကၡေပးမိတဲ့သူ မျဖစ္ေအာင္ဘဲ အထူးသတိထား ေနလိုက္ေတာ့တယ္ေလ

ကိုယ့္ေန႔ရက္ေလး အၫြန႔္တလူလူျပန္ျဖစ္ဖို႔ အခြင့္မရွိေအာင္ အျမစ္ကေနတူး မီးရႈိ႕ရက္သလားကြယ္ ကိုယ္တကယ္ခ်စ္တဲ့သူကို စိတ္ေရာ ခႏၶာပါ နာက်င္ေအာင္လုပ္ရင္ အဘက္ဘက္က အက်အရႈံးမ်ားေအာင္ လုပ္ခဲ့တာေတာင္ ခ်စ္တယ္စကား ေျပာထြက္ေသးလား ခ်စ္ရတာမလြယ္သလို

ခ်စ္ျခင္းကို ခံယူထိုက္တဲ့သူျဖစ္ဖို႔ ပိုေတာင္ ႏူးညံ့သိမ့္ေမြ႕ရပါမယ္ ခ်စ္ျခင္းက အျပစ္ကင္းပါတယ္ အခ်စ္စစ္ရင္ေပါ့ ကိုယ္ အခ်စ္ကို မေၾကာက္မိဘူး အခ်စ္ကို ဒိုင္းလိုအကာအကြယ္ယူၿပီး ကိုယ့္ႏွလုံးသားကို ဓါးနဲ႔ထိုးတဲ့လူကိုဘဲ ေၾကာက္မိတာပါ ပုံျပင္ေလးက ဒါပါဘဲ”

ဆိုတဲ့စာသားေလးကို ေရးသားခဲ့တာ ျဖစ္ပါတယ္။ အႏုပညာရွင္အခ်ိဳ႕ကလည္း မယ္လိုဒီ ဘာျဖစ္ေနလဲဆိုၿပီး စိုးရိမ္တႀကီး ဝိုင္းေမးထားၾကသလို ပရိသတ္အခ်ိဳ႕လည္း မယ္လိုဒီတစ္ေယာက္ ဘာေတြမ်ား ခံစားေနရလဲဆိုတာကို စိုးရိမ္ပူပန္ေနၾကပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

လှပတဲ့မျက်ဝန်းတွေနဲ့ ချောမောလှပတဲ့ မယ်လိုဒီကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာခြေလှမ်းတွေ ကျဲသွားခဲ့သလို မိသားစုကို အချိန်ပေးနေသူတစ်ဦးပါ။ သူမရဲ့ ခံစားချက်အချို့ကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အမြဲရေးသားတတ်တဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။

လတ်တလောမှာတော့ အရာရာအားလုံးကို စွန့်လွှတ်ဖို့ အသင့်ပြင်ထားလိုက်ပြီ ဆိုတဲ့စာသားနဲ့အတူ သူမရဲ့ခံစားချက်တွေကို ထပ်မံမျှဝေလာခဲ့ပါတယ်။ “သုညကပြန်စရမယ့် ကိုယ့်ရဲ့စိတ်ဝိညာဉ်ကိုတော့ လွတ်မြောက်ခွင့် ပေးလိုက်ပါတော့ နှစ်ရှည် ဂရုတစိုက် ပျိုးထောင်တဲ့အပင်က

အဆိပ်ပင်ဖြစ်နေမယ်လို့ မသိမိတာ ကိုယ်ရိုးသားတာလား ထုံ အ ဉာဏ်ပညာမဲ့တာလား နုပျိုခြင်းတွေထွက်ပြေး ကြွယ်ဝခြင်းတွေ ကုန်ခမ်းသွားတဲ့ ကိုယ့်နေ့ရက်တွေထဲ ကမ္ဘာကြီးကို ကယ်တင်ဖို့ထက် လူသားတွေကို ဒုက္ခပေးမိတဲ့သူ မဖြစ်အောင်ဘဲ အထူးသတိထား နေလိုက်တော့တယ်လေ

ကိုယ့်နေ့ရက်လေး အညွန့်တလူလူပြန်ဖြစ်ဖို့ အခွင့်မရှိအောင် အမြစ်ကနေတူး မီးရှို့ရက်သလားကွယ် ကိုယ်တကယ်ချစ်တဲ့သူကို စိတ်ရော ခန္ဓာပါ နာကျင်အောင်လုပ်ရင် အဘက်ဘက်က အကျအရှုံးများအောင် လုပ်ခဲ့တာတောင် ချစ်တယ်စကား ပြောထွက်သေးလား ချစ်ရတာမလွယ်သလို

ချစ်ခြင်းကို ခံယူထိုက်တဲ့သူဖြစ်ဖို့ ပိုတောင် နူးညံ့သိမ့်မွေ့ရပါမယ် ချစ်ခြင်းက အပြစ်ကင်းပါတယ် အချစ်စစ်ရင်ပေါ့ ကိုယ် အချစ်ကို မကြောက်မိဘူး အချစ်ကို ဒိုင်းလိုအကာအကွယ်ယူပြီး ကိုယ့်နှလုံးသားကို ဓါးနဲ့ထိုးတဲ့လူကိုဘဲ ကြောက်မိတာပါ ပုံပြင်လေးက ဒါပါဘဲ”

ဆိုတဲ့စာသားလေးကို ရေးသားခဲ့တာ ဖြစ်ပါတယ်။ အနုပညာရှင်အချို့ကလည်း မယ်လိုဒီ ဘာဖြစ်နေလဲဆိုပြီး စိုးရိမ်တကြီး ဝိုင်းမေးထားကြသလို ပရိသတ်အချို့လည်း မယ်လိုဒီတစ်ယောက် ဘာတွေများ ခံစားနေရလဲဆိုတာကို စိုးရိမ်ပူပန်နေကြပါတယ်။