ႏွစ္လအတြင္းမွာေျပာင္းလဲသြားတဲ့ body ကိုခ်ျပလာတဲ့ ညီထြဋ္ေခါင္

႐ုပ္ရွင္နဲ႔ဗီဒီယို သ႐ုပ္ေဆာင္ ညီထြဋ္ေခါင္ဟာ သူ႔ရဲ႕ လိုအပ္ေနတဲ့ ခႏၶာကိုယ္အခ်ိဳးအစားကို ရွိေအာင္ ရက္ေပါင္း ၆၀ သာ ႀကိဳးစားခဲ့ရတယ္ ဆိုတဲ့အေၾကာင္းကို ေျပာျပလာပါတယ္။ သူက အရပ္အေမာင္းေကာင္းၿပီး ေယာက်ၤားပီသကာ

အားကိုးခ်င္စရာ ေကာင္းေလာက္ေအာင္ ဆြဲေဆာင္မႈရွိတဲ့ body ႀကီးကို ဘယ္လိုနည္းနဲ႔ ပိုင္ဆိုင္သြားလဲဆိုတာ ဆက္ၿပီး ဖတ္ၾကည့္လိုက္ၾကရေအာင္။ သူက “တစ္ခါတုန္းက One Day လို႔ေတြးခဲ့ဖူးတယ္ အခုေတာ့ Today ေပါ့ ရက္ ၆၀

body transform Challenge ဒီလို ေျပာင္းလဲလာေအာင္ Star Fitness Club မွာ Challenge လုပ္ဖို႔ အတြက္ တိုင္ပင္ျဖစ္ခဲ့ပါတယ္ ရက္ေပါင္း ၆၀ ေလာက္ စိတ္ေရာ လူေရာ အမ်ားႀကီးျပင္ဆင္ခဲ့ရပါတယ္ Nutrition plan,

Workout plan, Supplement plan ေတြ စနစ္တက်လုပ္ေပးတဲ့ ဆရာ Nick ေန႔စဥ္ အနီးကပ္ေလ့က်င့္ေပးတဲ့ ထူးေအာင္, Transformation ျဖစ္ေအာင္ကစားဖို႔ တိုက္တြန္းခဲ့တဲ့ တိုင္႐ြန္ Star Finess Club မွ

သေဘာေကာင္းတဲ့ Trainer မ်ားအားလုံးကို အထူး ေက်းဇူးတင္ပါတယ္ဗ် ဘယ္အရာမဆို ျဖစ္ႏိုင္ပါတယ္” လို႔ ဆိုကာ ပုံေတြနဲ႔အတူ သူ႔ရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေတြ႕ျမင္ရပါတယ္။ ညီထြဋ္ေခါင္ရဲ႕ အႏုပညာ လႈပ္ရွားမႈအပိုင္းကေတာ့ ဇာတ္လမ္း

တြဲေတြမ်ားစြာ ႐ိုက္ကူးလာတာကို ေတြ႕ျမင္ရၿပီး သူပါဝင္႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ကားႀကီးေတြလဲ မ်ားစြာရွိပါတယ္။ သူ႔ကိုခ်စ္တဲ့ ပရိသတ္ေတြေရာ ဝိတ္ခ်ျခင္တဲ့ ပရိသတ္ေတြေရာ တစ္ကယ္သာ လုပ္ခ်င္စိတ္ရွိရင္ ရက္ေပါင္း ၆၀ ဘဲ လိုပါတယ္ေနာ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင် ညီထွဋ်ခေါင်ဟာ သူ့ရဲ့ လိုအပ်နေတဲ့ ခန္ဓာကိုယ်အချိုးအစားကို ရှိအောင် ရက်ပေါင်း ၆၀ သာ ကြိုးစားခဲ့ရတယ် ဆိုတဲ့အကြောင်းကို ပြောပြလာပါတယ်။ သူက အရပ်အမောင်းကောင်းပြီး ယောင်္ကျားပီသကာ

အားကိုးချင်စရာ ကောင်းလောက်အောင် ဆွဲဆောင်မှုရှိတဲ့ body ကြီးကို ဘယ်လိုနည်းနဲ့ ပိုင်ဆိုင်သွားလဲဆိုတာ ဆက်ပြီး ဖတ်ကြည့်လိုက်ကြရအောင်။ သူက “တစ်ခါတုန်းက One Day လို့တွေးခဲ့ဖူးတယ် အခုတော့ Today ပေါ့ ရက် ၆၀

body transform Challenge ဒီလို ပြောင်းလဲလာအောင် Star Fitness Club မှာ Challenge လုပ်ဖို့ အတွက် တိုင်ပင်ဖြစ်ခဲ့ပါတယ် ရက်ပေါင်း ၆၀ လောက် စိတ်ရော လူရော အများကြီးပြင်ဆင်ခဲ့ရပါတယ် Nutrition plan,

Workout plan, Supplement plan တွေ စနစ်တကျလုပ်ပေးတဲ့ ဆရာ Nick နေ့စဉ် အနီးကပ်လေ့ကျင့်ပေးတဲ့ ထူးအောင်, Transformation ဖြစ်အောင်ကစားဖို့ တိုက်တွန်းခဲ့တဲ့ တိုင်ရွန် Star Finess Club မှ

သဘောကောင်းတဲ့ Trainer များအားလုံးကို အထူး ကျေးဇူးတင်ပါတယ်ဗျ ဘယ်အရာမဆို ဖြစ်နိုင်ပါတယ်” လို့ ဆိုကာ ပုံတွေနဲ့အတူ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ တွေ့မြင်ရပါတယ်။ ညီထွဋ်ခေါင်ရဲ့ အနုပညာ လှုပ်ရှားမှုအပိုင်းကတော့ ဇာတ်လမ်း

တွဲတွေများစွာ ရိုက်ကူးလာတာကို တွေ့မြင်ရပြီး သူပါဝင်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတွေလဲ များစွာရှိပါတယ်။ သူ့ကိုချစ်တဲ့ ပရိသတ်တွေရော ဝိတ်ချခြင်တဲ့ ပရိသတ်တွေရော တစ်ကယ်သာ လုပ်ချင်စိတ်ရှိရင် ရက်ပေါင်း ၆၀ ဘဲ လိုပါတယ်နော်။