စုံတွဲပုံရိပ်တွေကို ချပြလိုက်ပြီဖြစ်တဲ့ မြူလင်းကိုကို







ယူနီကုဒ်ဖြင့်ဖတ်ရန်

ပရိသတ်ကြီးရေ သရုပ်ဆောင်လင်းဇာနည်ဇော်ရဲ့ သမီးလေး ဟာ မြူလင်းကိုကိုဆိုတာကိုပရိသတ်တွေကိုအထူးတလည်မိတ်ဆက်ဖို့မလိုလောက်ပါဘူးနော်။ မြူလင်းကိုကိုကတော့ Austrila နိုင်ငံမှာ

University of Technology Sydney မှာ ပညာသွားရောက်သင်ကြားခဲ့ကာ အခုဆိုရင် မြန်မာပြည်ကို ပြန်လည်ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ မြူလင်းကိုကိုကတော့ အမေဖြစ်သူ လင်းဇာနည်ဇော်

ရဲ့ လှပမှုတွေအပြင် အနုပညာအမွေကိုပါ ဆက်ခံရရှိထားသူလေးလို့ဆိုရမှာပါ။ အနုပညာဘက်မှာလည်း ဝါသနာပါသူလေးဖြစ်တာကြောင့် သူမမေမေလင်းဇာနည်ဇော်ရဲ့ ခွင့်ပြုချက်ရတာနဲ့ ရုပ်ရှင်

ဇာတ်ကားတွေ ရိုက်ကူးချင်တယ်လို့ ပြောပြထားသူလေးလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူမကတော့ ၂၃ နှစ်ရှိနေပေမယ့် အချစ်ရေးကို ထုတ်ပြခြင်းမရှိသေးတာကြောင့် ပရိသတ်တွေက အထူး

စိတ်ဝင်စားနေကြတယ် ဆိုလည်းမမှားပါဘူးနော်။ ဒီနေ့မှာ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ “couple photos” ဆိုပြီး ပုံလေးတွေတင်လာခဲ့တာပါ။ သူမရဲ့ပုံဘေးမှာအသည်းပုံပန်းချီလေးဆွဲကာ

ထည့်ခဲ့ကာ ပုရိသ ပရိသတ်တွေစိတ်ပူအောင်စနောက်လိုက်တယ်ဆိုလည်းမမှားပါဘူးနော်။ ပရိသတ်ကြီးရော မြူလင်းရဲ့ စုံတွဲပုံလေးကိုကြည့်ပြီး ဘဝတူတွေရှိရင် မှတ်ချက်ပေးခဲ့ပါဦးနော်။