ချစ်တဲ့သူကို ပန်းစည်းပေးကာ ပရိသတ်တွေကို စပရိုက်လုပ်လိုက်တဲ့ တိုင်ရွန်







ယူနီကုဒ်ဖြင့်ဖတ်ရန်

နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲနေရတဲ့ မင်းသားချောလေး တိုင်ရွန်နဲ့ တရင်းတနှီးမိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ တိုင်ရွန်ဟာဆိုရင် ရုပ်ရည်ချောမောပြီး ယောကျာ်းပီသတဲ့ ခန္ဓာကိုယ်အရပ်အမောင်းကြောင့်

မိန်းကလေးတွေရဲ့ အားပေးဝန်းရံမှုကိုအများဆုံးရရှိထားတဲ့မင်းသားတစ်လက်ဆိုလည်းမမှားလောက်ပါဘူး။ တိုင်ရွန်ရဲ့ ဇာတ်ကားဖြစ်တဲ့ “တစစ်တမက် ကိုယ်နဲ့သက်ကို”ဆိုတဲ့ဇာတ်ကားထဲမှာဆိုရင် ကျရာဇာတ်ရုပ်ကို ပီပြင်စွာ

သရုပ်ဆောင်နိုင်တဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။ တိုင်ရွန်ရဲ့အချစ်ရေးဟာဆိုရင် အခုလက်ရှိထိsingleဘဝနဲ့ဖြတ်သန်းနေပြီး သူရဲ့ချစ်ခင်ရတဲ့ပရိသတ်တွေအတွက် အနုပညာအလုပ်ကို ကြိုးစားလုပ်ကိုင်နေသူတစ်ယောက်ပါ။

သူကတော့ အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို အမြဲတင်ပေးလေ့ရှိပါတယ်။ မတ်လ(၂၂)ရက်နေ့မှာ တိုင်ရွန်ကတော့ သူရဲ့အကြိုက်ဆုံးကားလေးကို ပန်းစည်းလေးနဲ့ ဒူးထောက်ကာ ရိုမန့်တစ်ဆန်ဆန်ပုံရိပ်လေးကို

သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သူကတော့ အရာဝတ္ထုတွေထဲမှာမှ ကားကိုအကြိုက်ဆုံးဖြစ်တာကြောင့် ပန်းစည်းလေးနဲ့roလိုက်တဲ့ပုံလေးကိုတင်ပေးလိုက်တာပါပဲနော် ပရိသတ်ကြီးတို့ရေ။

ပရိသတ်တွေအတွက် တိုင်ရွန်လေးရဲ့ ရိုမန့်တစ်ဆန်ဆန်ပုံရိပ်လေးကို ပြန်လည်ပြီး မျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း တိုင်ရွန်လေးကိုအားပေးချစ်ခင်တယ်ဆိုရင် မှတ်ချက်လေးရေးပေးခဲ့ကြပါနော်။