အႏွစ္ႏွစ္အလလခံစားေနခဲ့ရတဲ့ ရင္ဘတ္ထဲကေဝဒနာကို ခြဲစိတ္ၿပီးရွင္းထုတ္ျဖစ္ခဲ့တဲ့ ေက်ာ္သူ

ပရဟိတမင္းသားႀကီး ေက်ာ္သူက အခုဆိုရင္ အသက္ ၆၀ ေက်ာ္ အ႐ြယ္ေရာက္ေနၿပီျဖစ္ေပမယ့္ သူခ်စ္ခင္ျမတ္ႏိုးတဲ့ အႏုပညာလုပ္ငန္းေတြနဲ႔ ပရဟိတလုပ္ငန္းေတြကို စိတ္ေရာကိုယ္ပါနစ္ၿပီး လုပ္ကိုင္ေနဆဲ ျဖစ္ပါတယ္။ အသက္အ႐ြယ္တစ္ခု

ေရာက္ရွိလာၿပီျဖစ္တဲ့ ေက်ာ္သူက ႏွစ္အေတာ္ၾကာခံစားေနရတဲ့ သူ႔ရဲ႕ ေဝဒနာကို ခြဲစိတ္ကုသခဲ့ေၾကာင္းကို အခုလို ေျပာထားပါတယ္။ “ေခါင္းနဲ႔ ရင္ဘတ္ကို ခြဲစိတ္ရွင္းျပစ္လိုက္ၿပီ။ အရႈတ္ေတြကို ရွင္းျပစ္လိုက္သည့္ ေန႔ ဟုဆိုရမည့္ ယေန႔ နံနက္တြင္

ရႈတ္ေထြးေနသည့္ ဦးေႏွာက္ႏွင့္ ဆံေကသာအား ရွင္းျပစ္ၿပီးေနာက္ ရင္ဘတ္တြင္ရွိေနေသာ လြန္ခဲ့သည့္သုံးႏွစ္ခန႔္က ေပၚလာသည့္အဆီလုံးေလးက ႀကီးလာ၍ ဆရာဝန္ႀကီးအားျပၿပီး ယခုမနက္ အသင္းမွ သုခကုသိုလ္ျဖစ္ေဆးခန္းမွ ခြဲစိတ္ခန္းထဲတြင္

ခြဲထုတ္လိုက္ပါၿပီ။ ေခါင္းလည္း ရွင္း ရင္ဘတ္လည္း ခြဲ” ခဲ့တဲ့ေန႔ေပါ့ဗ်ာ။ ယခုလက္ရွိ အားလုံးအေျခအေနေကာင္းပါသည္။ ခြဲစိတ္ထုတ္လိုက္သည့္ အဆီတုန္းအသားစ အား ဓါတ္ခြဲခန္းတြင္ ထပ္မံစစ္ေဆးပါမည္။ အားလုံး က်န္းမာခ်မ္းသာ ႏွလုံးစိတ္ဝမ္း

ေအးၿငိမ္းၾကပါေစ။” ဆိုၿပီး မွ်ေဝထားပါတယ္။ ေက်ာ္သူကေတာ့ အသက္အ႐ြယ္တစ္ခုေရာက္ရွိလာၿပီမို႔ က်န္းမာေရးခ်ိဳ႕ယြင္းမႈေတြကို မၾကာခဏခံစားေနရတာ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ေက်ာ္သူတစ္ေယာက္ အျမန္ဆုံးသက္သာပါေစလို႔ ဆုေတာင္းေပးၾကပါဦးေနာ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ပရဟိတမင်းသားကြီး ကျော်သူက အခုဆိုရင် အသက် ၆၀ ကျော် အရွယ်ရောက်နေပြီဖြစ်ပေမယ့် သူချစ်ခင်မြတ်နိုးတဲ့ အနုပညာလုပ်ငန်းတွေနဲ့ ပရဟိတလုပ်ငန်းတွေကို စိတ်ရောကိုယ်ပါနစ်ပြီး လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ အသက်အရွယ်တစ်ခု

ရောက်ရှိလာပြီဖြစ်တဲ့ ကျော်သူက နှစ်အတော်ကြာခံစားနေရတဲ့ သူ့ရဲ့ ဝေဒနာကို ခွဲစိတ်ကုသခဲ့ကြောင်းကို အခုလို ပြောထားပါတယ်။ “ခေါင်းနဲ့ ရင်ဘတ်ကို ခွဲစိတ်ရှင်းပြစ်လိုက်ပြီ။ အရှုတ်တွေကို ရှင်းပြစ်လိုက်သည့် နေ့ ဟုဆိုရမည့် ယနေ့ နံနက်တွင်

ရှုတ်ထွေးနေသည့် ဦးနှောက်နှင့် ဆံကေသာအား ရှင်းပြစ်ပြီးနောက် ရင်ဘတ်တွင်ရှိနေသော လွန်ခဲ့သည့်သုံးနှစ်ခန့်က ပေါ်လာသည့်အဆီလုံးလေးက ကြီးလာ၍ ဆရာဝန်ကြီးအားပြပြီး ယခုမနက် အသင်းမှ သုခကုသိုလ်ဖြစ်ဆေးခန်းမှ ခွဲစိတ်ခန်းထဲတွင်

ခွဲထုတ်လိုက်ပါပြီ။ ခေါင်းလည်း ရှင်း ရင်ဘတ်လည်း ခွဲ” ခဲ့တဲ့နေ့ပေါ့ဗျာ။ ယခုလက်ရှိ အားလုံးအခြေအနေကောင်းပါသည်။ ခွဲစိတ်ထုတ်လိုက်သည့် အဆီတုန်းအသားစ အား ဓါတ်ခွဲခန်းတွင် ထပ်မံစစ်ဆေးပါမည်။ အားလုံး ကျန်းမာချမ်းသာ နှလုံးစိတ်ဝမ်း

အေးငြိမ်းကြပါစေ။” ဆိုပြီး မျှဝေထားပါတယ်။ ကျော်သူကတော့ အသက်အရွယ်တစ်ခုရောက်ရှိလာပြီမို့ ကျန်းမာရေးချို့ယွင်းမှုတွေကို မကြာခဏခံစားနေရတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကျော်သူတစ်ယောက် အမြန်ဆုံးသက်သာပါစေလို့ ဆုတောင်းပေးကြပါဦးနော်။