လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ SURGICAL FACE MASK အခု ၁၀၀၀၀ လှူဒါန်းခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်






ယူနီကုဒ်ဖြင့်ဖတ်ရန်

လက်ရှိဖြစ်ပွားနတဲ့ Covid-19 ထိန်းချုပ်မှုဆိုင်ရာလုပ်ငန်းများ ပြုလုပ်ဖို့အတွက် နယ်ပယ်အသီးသီးက အလှူရှင်တွေက အားတက်သရော လှူဒါန်းမှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကလည်း Covid-19 ထိန်းချုပ်မှုဆိုင်ရာလုပ်ငန်းများ ပြုလုပ်ဖို့ သူတတ်နိုင်တဲ့အားနဲ့ ကူညီဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ မတ်လ (၂၃) ရက်နေ့မှာ စိုင်းစိုင်းခမ်းလှိုင်က ပြည်သူ့ဆေးရုံကြီးလှိုင်သာယာ၏ Covid-19 ထိန်းချုပ်မှုဆိုင်ရာလုပ်ငန်းများတွင်အသုံးပြုနိုင်ရန်အတွက် လှိုင်သာယာအခမဲ့ ဆေးဝါးဖောင်ဒေးရှင်း

မှတဆင့် ၃လွှာပါ surgical face mask အခုရေ ၁၀၀၀၀(တစ်သောင်း) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ကတော့ သူချစ်တဲ့ပြည်သူတွေအတွက် အသိပညာပေးမှုတွေပြုလုပ်နေသလို

လိုအပ်တဲ့ဆေးဝါးအထောက်အပံ့တွေကိုလည်း လှူဒါန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အလှူရှင်လေး စိုင်းစိုင်းခမ်းလှိုင် ဒီထက်မက လှူဒါန်းနိုင်ပါစေလို့ ဆုတောင်းပေးကြဦးနော်။