ျပည္သူေတြခက္ခဲေနခ်ိန္ အျမတ္ႀကီးထုတ္ေနသူေတြကို ဥပေဒနဲ႔အေရးယူရန္ ျပင္ဆင္သင့္တယ္ဆိုတဲ့ ေဆာင္းဦးလႈိင္

ဆယ္စုႏွစ္မ်ားစြာကို ပိုင္စိုးထားတဲ့ ေတးေရး၊ေတးဆို ေဆာင္ဦးလႈိင္ ဟာ လက္ရွိ ကမာၻေပၚမွာႀကဳံေတြ႕ေနရတဲ့ ကို႐ိုနာ ဗိုင္းရပ္စ္နဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာေတြကို အသိပညာေပးအေနနဲ႔ ေျပာျပလာရင္း ကပ္ေရာဂါကိုအေၾကာင္းျပကာ အျမတ္ႀကီးစားလုပ္ေနသူေတြ၊ သတင္းအမွား

ျဖန႔္သူေတြကို ဥပေဒေၾကာင္းအရ အေရးယူသင့္တဲ့အေၾကာင္းေတြ ေျပာျပလာပါတယ္။ သူက “အမ်ားျပည္သူဘဝ၊ ရွင္သန္ေရး၊ က်န္းမာေရး ကိစၥမ်ားအတြက္ လိုအပ္လွ်င္ အေရးေပၚစီမံခ်က္ ဥပေဒစည္းကမ္းမ်ားျပဌာန္း၍ အျမတ္ႀကီးစားေလာဘသမားမ်ား၊ ေကာလဟာလျဖန႔္

အထိတ္တလန႔္ျဖစ္ေစလိုသူမ်ား၊ ကပ္ေရာဂါသင့္လာခ်ိန္- အခြင့္ေကာင္းယူၿပီး တို႔မီးရႈိ႕မီးလုပ္လိုသူမ်ားအား အေရးယူရန္ျပင္ဆင္သင့္ပါတယ္ ဒီလိုကပ္ဆိုးႀကီးထဲမွာ…(၁) ကုန္ေဈးႏႈန္းတက္ အျမတ္ႀကီးစားဖို႔မႀကံစည္သင့္ပါ။ (၂) မရွိတဲ့လူကို ျပည့္စုံႂကြယ္ဝသူေတြက ပိုမိုငဲ့ညႇာေစာင့္ေရွာက္

ရမယ့္အခ်ိန္ပါ။🙏(၃)ႏိုင္ငံေရး/ စီးပြါးေရးအျမတ္ထုတ္ရမယ့္ အခ်ိန္မ်ိဳးမဟုတ္ပါ။ (၄)သတင္းမွားမ်ား ေကာလဟာလမ်ား ျဖန႔္သူတိုင္းကို ျပင္းထန္စြာအေရးယူပါ။(၅)အစိုးရ၏က်န္းမာေရးဆိုင္ရာျပဌာန္းခ်က္မ်ားၫႊန္ၾကားခ်က္မ်ားကိုမလိုက္နာလွ်င္ ျပတ္ျပတ္သားသားအေရးယူပါ။

(၆)အခက္အခဲမ်ားသည္ လူသားမ်ား၏ အရည္အခ်င္း၊ အရည္အေသြး၊ သတၱိဗ်တၱိ၊ မြန္ျမတ္စိတ္ထားတို႔ကို ထုတ္ေဖာ္ျပသခြင့္ေပးမည့္စိန္ေခၚသံျဖစ္ပါတယ္ (၇) ျပည္သူလူထုတြင္ ရွစ္ေလးလုံး၊နာဂစ္မုန္တိုင္း၊ေ႐ႊဝါေရာင္အေရးအခင္းအေတြ႕အႀကဳံမ်ားစြာ ရွိၾကရာ လမ္းအလိုက္၊ ရပ္ကြက္

အလိုက္ထိန္းသိမ္းႏိုင္ စြမ္းရွိၾကပါသည္။က်န္းမာေရးသတိပိုရွိၾကရန္သာ လိုအပ္ပါသည္။🙏ညီညီၫြတ္ၫြတ္ျဖင့္လူပီသၾကပါစို႔” လို႔ ဆိုကာ ေရးသားထားခဲ့ပါတယ္။ ဒါ့အျပင္ ဗီဒီယိုေလးနဲ႔လဲ ေဆာင္ရန္ေရွာင္ရန္ေတြနဲ႔ မလုပ္သင့္တာေတြ မလုပ္ဖို႔ သတင္းအမွားေတြကိုမယုံၾကဖို႔စတာေတြကိုလဲ ဗီဒီယိုေလးနဲ႔အတူေျပာျပလာခဲ့ပါတယ္။ ပရိသတ္အေပါင္း က်န္းမာ ႐ႊင္လန္းက်ပါေစေနာ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ဆယ်စုနှစ်များစွာကို ပိုင်စိုးထားတဲ့ တေးရေး၊တေးဆို ဆောင်ဦးလှိုင် ဟာ လက်ရှိ ကမ္ဘာပေါ်မှာကြုံတွေ့နေရတဲ့ ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အသိပညာပေးအနေနဲ့ ပြောပြလာရင်း ကပ်ရောဂါကိုအကြောင်းပြကာ အမြတ်ကြီးစားလုပ်နေသူတွေ၊ သတင်းအမှား

ဖြန့်သူတွေကို ဥပဒေကြောင်းအရ အရေးယူသင့်တဲ့အကြောင်းတွေ ပြောပြလာပါတယ်။ သူက “အများပြည်သူဘဝ၊ ရှင်သန်ရေး၊ ကျန်းမာရေး ကိစ္စများအတွက် လိုအပ်လျှင် အရေးပေါ်စီမံချက် ဥပဒေစည်းကမ်းများပြဌာန်း၍ အမြတ်ကြီးစားလောဘသမားများ၊ ကောလဟာလဖြန့်

အထိတ်တလန့်ဖြစ်စေလိုသူများ၊ ကပ်ရောဂါသင့်လာချိန်- အခွင့်ကောင်းယူပြီး တို့မီးရှို့မီးလုပ်လိုသူများအား အရေးယူရန်ပြင်ဆင်သင့်ပါတယ် ဒီလိုကပ်ဆိုးကြီးထဲမှာ…(၁) ကုန်ဈေးနှုန်းတက် အမြတ်ကြီးစားဖို့မကြံစည်သင့်ပါ။ (၂) မရှိတဲ့လူကို ပြည့်စုံကြွယ်ဝသူတွေက ပိုမိုငဲ့ညှာစောင့်ရှောက်

ရမယ့်အချိန်ပါ။🙏(၃)နိုင်ငံရေး/ စီးပွါးရေးအမြတ်ထုတ်ရမယ့် အချိန်မျိုးမဟုတ်ပါ။ (၄)သတင်းမှားများ ကောလဟာလများ ဖြန့်သူတိုင်းကို ပြင်းထန်စွာအရေးယူပါ။(၅)အစိုးရ၏ကျန်းမာရေးဆိုင်ရာပြဌာန်းချက်များညွှန်ကြားချက်များကိုမလိုက်နာလျှင် ပြတ်ပြတ်သားသားအရေးယူပါ။

(၆)အခက်အခဲများသည် လူသားများ၏ အရည်အချင်း၊ အရည်အသွေး၊ သတ္တိဗျတ္တိ၊ မွန်မြတ်စိတ်ထားတို့ကို ထုတ်ဖော်ပြသခွင့်ပေးမည့်စိန်ခေါ်သံဖြစ်ပါတယ် (၇) ပြည်သူလူထုတွင် ရှစ်လေးလုံး၊နာဂစ်မုန်တိုင်း၊ရွှေဝါရောင်အရေးအခင်းအတွေ့အကြုံများစွာ ရှိကြရာ လမ်းအလိုက်၊ ရပ်ကွက်

အလိုက်ထိန်းသိမ်းနိုင် စွမ်းရှိကြပါသည်။ကျန်းမာရေးသတိပိုရှိကြရန်သာ လိုအပ်ပါသည်။🙏ညီညီညွတ်ညွတ်ဖြင့်လူပီသကြပါစို့” လို့ ဆိုကာ ရေးသားထားခဲ့ပါတယ်။ ဒါ့အပြင် ဗီဒီယိုလေးနဲ့လဲ ဆောင်ရန်ရှောင်ရန်တွေနဲ့ မလုပ်သင့်တာတွေ မလုပ်ဖို့ သတင်းအမှားတွေကိုမယုံကြဖို့စတာတွေကိုလဲ ဗီဒီယိုလေးနဲ့အတူပြောပြလာခဲ့ပါတယ်။ ပရိသတ်အပေါင်း ကျန်းမာ ရွှင်လန်းကျပါစေနော်။