ဇာတ္သဘင္​ေတြနားထားရလို႔ ဖိနပ္​ေရာင္းရင္း အသက္​ေမြးဝမ္း​​ေက်ာင္း​ေနရတဲ့ ဟာသလူ႐ႊင္​ေတာ္ႀကီးတစ္ဦး

မႏၲ​​ေလးက လူ႐ႊင္​ေတာ္ႀကီး ဦးခ်စ္စရာကို​ေတာ့ ပရိတ္သတ္​ေတြ ၾကားဖူးျမင္ဖူးၾကမယ္ထင္ပါတယ္။ ပရိတ္သတ္​ေတြကို အၿမဲလိုလို ရယ္​ေမာ​ေပ်ာ္႐ႊင္စရာ ဟဒရ ႐ႊင္​ေဆး​ေတြ တိုက္​ေကြၽး​ေနတဲ့

ဦးခ်စ္စရာက​ေတာ့ ျမန္မာဗြီဒီယို႐ုပ္ရွင္ဇာတ္ကား​ေတြနဲ႔ ဇာတ္လမ္းတြဲ​ေတြမွာ ရံဖန္ ရံခါ ပါဝင္သ႐ုပ္​ေဆာင္ဖူးသူတစ္ဦးပါ။ ဒါ​​ေပမယ့္ သူ႔ရဲ႕ အဓိက အသက္​ေမြးဝမ္း​ေက်ာင္းအလုပ္က​ေတာ့

ဇာတ္သဘင္နဲ႔ အၿငိမ့္​ေတြမွာ ကျပ​ေဖ်ာ္​​ေျဖရတဲ့ လူ႐ႊင္​​ေတာ္အလုပ္ပါ။ ကိုဗစ္ကာလ​ေၾကာင့္ အလုပ္အကိုင္​ေတြ ရပ္နားထားရလို႔ အထိနာၾကရတဲ့ အႏုပညာသမား​ေတြထဲမွာ ဦးခ်စ္စရာတို႔လို႔

ဇာတ္သဘင္သမား စစ္စစ္​ေတြလည္း ထိပ္ဆုံးက​ေနပါဝင္​ေနတာပါ။ အခုအခါမွာ​ေတာ့ ဇာတ္သဘင္​ေတြ ရပ္နားထားရတဲ့အ​​​ေျခအ​​ေန​ေၾကာင့္ ပြဲကခြင့္မရရွာတဲ့ လူ႐ႊင္​ေတာ္ႀကီး ဦးခ်စ္စရာက​ေတာ့

လတ္တ​​ေလာ စားဝတ္​ေန​ေရးအတြက္ ဖိနပ္​ေရာင္းရင္း စီးပြားရွာ​ေနရတယ္လို႔ဆိုပါတယ္။ ဒီအ​​ေၾကာင္းကို ဦးခ်စ္စရာက “ဇာတ္အေျခအေနမေကာင္းလို႔ ဖိနပ္ေတြေရာင္းေနပါတယ္ ခင္ဗ်ာ အားေပးၾကပါဦး။

မိတ္ေဆြေတြအားမေပးရင္ေတာ့ ဒီဖိနပ္ေတြ ျပန္စားရမယ့္ ကိန္း” ဆိုၿပီး မ​ေျပလည္မႈ​ေတြႀကဳံ​​​ေတြ႕ေနရတဲ့ၾကားက အ႐ႊန္း​ေလး​ေဖာက္ၿပီး ​ေရးသား​ေဖာ္ျပခဲ့ပါ​ေသးတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

မန္တလေးက လူရွှင်တော်ကြီး ဦးချစ်စရာကိုတော့ ပရိတ်သတ်တွေ ကြားဖူးမြင်ဖူးကြမယ်ထင်ပါတယ်။ ပရိတ်သတ်တွေကို အမြဲလိုလို ရယ်မောပျော်ရွှင်စရာ ဟဒရ ရွှင်ဆေးတွေ တိုက်ကျွေးနေတဲ့

ဦးချစ်စရာကတော့ မြန်မာဗွီဒီယိုရုပ်ရှင်ဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ရံဖန် ရံခါ ပါဝင်သရုပ်ဆောင်ဖူးသူတစ်ဦးပါ။ ဒါပေမယ့် သူ့ရဲ့ အဓိက အသက်မွေးဝမ်းကျောင်းအလုပ်ကတော့

ဇာတ်သဘင်နဲ့ အငြိမ့်တွေမှာ ကပြဖျော်ဖြေရတဲ့ လူရွှင်တော်အလုပ်ပါ။ ကိုဗစ်ကာလကြောင့် အလုပ်အကိုင်တွေ ရပ်နားထားရလို့ အထိနာကြရတဲ့ အနုပညာသမားတွေထဲမှာ ဦးချစ်စရာတို့လို့

ဇာတ်သဘင်သမား စစ်စစ်တွေလည်း ထိပ်ဆုံးကနေပါဝင်နေတာပါ။ အခုအခါမှာတော့ ဇာတ်သဘင်တွေ ရပ်နားထားရတဲ့အခြေအနေကြောင့် ပွဲကခွင့်မရရှာတဲ့ လူရွှင်တော်ကြီး ဦးချစ်စရာကတော့

လတ်တလော စားဝတ်နေရေးအတွက် ဖိနပ်ရောင်းရင်း စီးပွားရှာနေရတယ်လို့ဆိုပါတယ်။ ဒီအကြောင်းကို ဦးချစ်စရာက “ဇာတ်အခြေအနေမကောင်းလို့ ဖိနပ်တွေရောင်းနေပါတယ် ခင်ဗျာ အားပေးကြပါဦး။

မိတ်ဆွေတွေအားမပေးရင်တော့ ဒီဖိနပ်တွေ ပြန်စားရမယ့် ကိန်း” ဆိုပြီး မပြေလည်မှုတွေကြုံတွေ့နေရတဲ့ကြားက အရွှန်းလေးဖောက်ပြီး ရေးသားဖော်ပြခဲ့ပါသေးတယ်။