လူတိုင္းမွာ ကိုယ့္ကို​ေစာင့္ေရွာက္ေနတဲ့ ပုဂၢိဳလ္ရွိပါတယ္။ မိမိကို ဘယ္ပုဂၢိဳလ္​ေစာင့္ေရွာက္ေနသလဲ သိခ်င္ရင္ တြက္ၾကည့္ပါ။

လူတိုင္းစိတ္ဝင္စားဆုံးတစ္ခု႔ ရွိပါတယ္။ အေရးႀကဳံရင္ အားကိုး ရွာစၿမဲပါ။ တခါတရံ အလြန္အမင္း သတၱိရွိပါတယ္ဆိုတဲ့သူေတြေတာင္ အခက္အခဲ အက်ပ္အတည္း ႀကဳံေတြ႕လာရင္ အားငယ္ေၾကာက္စိတ္ေတြ ဝင္လာတက္ပါတယ္။ အဲ့လို အခ်ိန္အခါ မ်ိဴးမွာ အားက္ုးရွာတက္ပါတယ္။

ဘုရား တရား သံဃာ မိဘ ဆရာ အနေႏၲာ အနႏၲ ငါးပါးအား တိုင္တည္တက္သိမွတ္သမွ် ဂါထာ​ေတြ႐ြတ္ေပါ့။ ဒါနဲ႔ အားမရဘူး ဆိုပါေတာ့၊ မိမိအား​ေစာင့္ေရွာက္ ေနေသာ ပုဂၢိဳလ္ရွိတာပဲ၊ ဘာအေရးလဲ၊ ဘာ ေၾကာက္ရမလဲ။ မိမိအေစာင့္က ဖယ္ရွားပစ္လိမ့္မယ္။ ဒီအခ်က္ကို ႀကိဳတင္သိၿပီး ကိုးကြယ္ခ်င္မွာပဲ။

မိမိအား​ေစာင့္ေသာ ပုဂၢိဳလ္ ကို မဟာဘုတ္အရ တြက္ၾကည့္လို႔ရပါတယ္။ မိမိအား​ေစာင့္ေရွာက္ေနေသာပုဂၢိဳလ္ကို ယုံၾကည္စြာကိုးကြယ္ႏိုင္ပါက ရန္အေပါင္းကင္းကြာ လာဘ္႐ႊင္အက်ိဴးမ်ား ခံစားရၿပီး လိုရာဆႏၵျပည့္ဝပါလိမ့္မယ္။ မိမိအား ေစာင့္ေရွာက္ေသာ ပုဂၢိဳလ္မ်ားက ေကာင္းစြာ​ေစာင့္ေရွာက္ပါလိမ့္မယ္။

တြက္နည္း

ေမြးတဲ့ ခုႏွစ္ လ ရက္ ေန႔ နာရီ တို႔ကို မဟာဘုတ္ (၅) ခြင္ ခ်ရပါမယ္။

၁။ မူလ သကၠရာဇ္ကိုတည္ (၇) နဲ႔စား ရတဲ့အႂကြင္းကို မဟာဘုတ္ တိုင္ထူပါ။

၂။ ေမြးတဲ့လကို တန္ခူးလမွစ၍ ေရတြက္ရတဲ့ သခ်ၤာကို (၇) နဲ႔ စား ရတဲ့အႂကြင္းကို မဟာဘုတ္တိုင္ထူပါ။

၃။ ေမြးတဲ့ရက္ကို လျပည့္ေက်ာ္ရင္ (၁၅) နဲ႔ ထပ္ေပါင္း ၿပီး ရတဲ့ နံပတ္ကို (၇) နဲ႔စား အႂကြင္းကို မဟာဘုတ္ တိုင္ထူပါ။

၄။ ေမြးတဲ့ေန႔ကို မဟာဘုတ္တိုင္ထူပါ။

၅။ ေမြးတဲ့အခ်ိန္ကို (၇) နဲ႔စား ရတဲ့အႂကြင္းကို မဟာဘုတ္ တိုင္ထူပါ။ (မိနစ္စြန္းလွ်င္ နာရီမွာ (၁) တိုးရပါမယ္)

၆။ အဲ့ဒီမဟာဘုတ္ (၅) ခြင္မွာ မူလဘုတ္ ေဟာခြင္ (မူလ သကၠရာဇ္ ေမြးနံ) ႒ာနက ၿဂိဳလ္​ေလးလုံးကိုယူျပီး သခ်ၤာအရ ေပါင္း ေမြးနံပါ သခ်ၤာကိုပါ ထပ္ေပါင္း၊ ၿပီးရင္ (၇) နဲ႔စားပါ။ ရတဲ့အႂကြင္းကို မဟာဘုတ္တိုင္ျပန္ထူပါ။

အေျဖ​ေဟာကိန္း​ေတြကေတာ့

တနဂၤေႏြ ျဖစ္ခဲ့ရင္ ထြက္ရပ္​ေပါက္ လူပုဂၢိဳလ္ စတဲ့ ပုဂၢိဳလ္ထူးျကီးမ်ား ကြယ္လြန္သြားၿပီျဖစ္တဲ့ ဘဝကဖခင္ အတိပ္ဘဝကဖခင္ ဝိဇၨာႀကီးမ်ားက ေစာင့္ေရွာက္ပါတယ္။

တနလၤာ ျဖစ္ခဲ့ရင္ ကြမ္ရင္မယ္ေတာ္ ဘဝေဟာင္းကမိခင္ လက္ရွိဘဝမွာ ကြယ္လြန္သြားေသာမိခင္ ႀကီးေဒၚ အေဒၚ လကၡဳမီး မယ္ေတာ္မ်ားကေစာင့္ေရွာက္ပါတယ္။

အဂၤါ ျဖစ္ခဲ့ရင္ ေအာက္နတ္(၃၇)မင္း ေဇာ္ဂ်ီမ်ား ႐ုကၡစိုးမ်ား မကြၽတ္မလြပ္သူမ်ား ( ပရေလာက သား မ်ား ) စႏၵီမယ္ေတာ္ ဂႏၶဗၺ နတ္မင္းမ်ားကေစာင့္ေရွာက္ပါတယ္။

ဗုဒၶဟူး ျဖစ္ခဲ့ရင္ ဝိဇၨာႀကီးမ်ား ( ထုံက်င့္ရၿပီးသြားေသာပုဂၢိဳလ္အားလုံး ) ေရေစာင့္နတ္ ႐ြာေစာင့္နတ္႐ုကၡစိုးနတ္ ထြက္ရပ္ေပါက္ပုဂၢိဳလ္မ်ား ရဟန္း ပုဂၢိဳလ္မ်ား ေစာင့္ေရွာက္ပါတယ္။

ၾကာသပေတး ျဖစ္ခဲ့ရင္ ျဗဟၼာႀကီးမ်ား ရဟႏၲာ ပုဂၢိဳလ္မ်ား ရွင္သီဝလိ ရွင္ဥပဂုတၱ ရွင္ဗာကူလစေသာ ရဟႏၲာမ်ား အထက္လမ္း ဂိုဏ္းဆရာမ်ားျပဒါးဝိဇၨာ အင္းဝိဇၨာ မ်ားကေစာင့္ေရွာက္ပါတယ္။

ေသာၾကာ ျဖစ္ခဲ့ရင္ သူရႆတီမယ္ေတာ္သံေသ ဝိဇၨာႀကီးမ်ား မိခင္ဘက္က အဖြား ကြယ္လြန္ၿပီးျဖစ္တဲ့ သမီးမယ္ေတာ္ မ်ား​ေစာင့္ေရွာက္ပါတယ္။

စေန ျဖစ္ခဲ့ရင္ (၃၇) မင္း ေအာက္နတ္မ်ားမကြၽတ္မလြတ္​ေသးေသာ ပုဂၢိဳလ္ (ပရ ေလာကသား မိမိႏွင့္ေဆြမ်ိဴးေတာ္စပ္ဘူးသူ) ေလာကီက်င့္စဥ္နဲ႔က်င့္ေနေသာ ပုဂၢိဳလ္မ်ားသမထနဲ႔ ကိစၥ ၿပီးေနေသာ ပုဂၢိဳလ္မ်ားေစာင့္ေရွာက္ပါတယ္။

ယုံၾကည္ျခင္း မယုံၾကည္ျခင္းသည္ သင္ႏွင့္သာ ဆိုင္ပါသည္။ အျငင္းပြားဖြယ္ရာ မျဖစ္လိုေသာ ပိုစ့္တစ္ပုဒ္ဟုမွတ္ယူပါ။ လြန္ခဲ့ေသာ (၁၈) ႏွစ္က သင္ၾကားျပသေပးသြားပါေသာ ဆရာအား ဦးၫႊတ္လ်က္။ ခရက္ဒစ္ ျမတ္မို

ယူနီကုဒ္ျဖင့္ ဖတ္ရန္

လူတိုင်းစိတ်ဝင်စားဆုံးတစ်ခု့ ရှိပါတယ်။ အရေးကြုံရင် အားကိုး ရှာစမြဲပါ။ တခါတရံ အလွန်အမင်း သတ္တိရှိပါတယ်ဆိုတဲ့သူတွေတောင် အခက်အခဲ အကျပ်အတည်း ကြုံတွေ့လာရင် အားငယ်ကြောက်စိတ်တွေ ဝင်လာတက်ပါတယ်။ အဲ့လို အချိန်အခါ မျိူးမှာ အားက်ုးရှာတက်ပါတယ်။

ဘုရား တရား သံဃာ မိဘ ဆရာ အနန္တော အနန္တ ငါးပါးအား တိုင်တည်တက်သိမှတ်သမျှ ဂါထာတွေရွတ်ပေါ့။ ဒါနဲ့ အားမရဘူး ဆိုပါတော့၊ မိမိအားစောင့်ရှောက် နေသော ပုဂ္ဂိုလ်ရှိတာပဲ၊ ဘာအရေးလဲ၊ ဘာ ကြောက်ရမလဲ။ မိမိအစောင့်က ဖယ်ရှားပစ်လိမ့်မယ်။ ဒီအချက်ကို ကြိုတင်သိပြီး ကိုးကွယ်ချင်မှာပဲ။

မိမိအားစောင့်သော ပုဂ္ဂိုလ် ကို မဟာဘုတ်အရ တွက်ကြည့်လို့ရပါတယ်။ မိမိအားစောင့်ရှောက်နေသောပုဂ္ဂိုလ်ကို ယုံကြည်စွာကိုးကွယ်နိုင်ပါက ရန်အပေါင်းကင်းကွာ လာဘ်ရွှင်အကျိူးများ ခံစားရပြီး လိုရာဆန္ဒပြည့်ဝပါလိမ့်မယ်။ မိမိအား စောင့်ရှောက်သော ပုဂ္ဂိုလ်များက ကောင်းစွာစောင့်ရှောက်ပါလိမ့်မယ်။

တွက်နည်း

မွေးတဲ့ ခုနှစ် လ ရက် နေ့ နာရီ တို့ကို မဟာဘုတ် (၅) ခွင် ချရပါမယ်။

၁။ မူလ သက္ကရာဇ်ကိုတည် (၇) နဲ့စား ရတဲ့အကြွင်းကို မဟာဘုတ် တိုင်ထူပါ။

၂။ မွေးတဲ့လကို တန်ခူးလမှစ၍ ရေတွက်ရတဲ့ သချၤာကို (၇) နဲ့ စား ရတဲ့အကြွင်းကို မဟာဘုတ်တိုင်ထူပါ။

၃။ မွေးတဲ့ရက်ကို လပြည့်ကျော်ရင် (၁၅) နဲ့ ထပ်ပေါင်း ပြီး ရတဲ့ နံပတ်ကို (၇) နဲ့စား အကြွင်းကို မဟာဘုတ် တိုင်ထူပါ။

၄။ မွေးတဲ့နေ့ကို မဟာဘုတ်တိုင်ထူပါ။

၅။ မွေးတဲ့အချိန်ကို (၇) နဲ့စား ရတဲ့အကြွင်းကို မဟာဘုတ် တိုင်ထူပါ။ (မိနစ်စွန်းလျှင် နာရီမှာ (၁) တိုးရပါမယ်)

၆။ အဲ့ဒီမဟာဘုတ် (၅) ခွင်မှာ မူလဘုတ် ဟောခွင် (မူလ သက္ကရာဇ် မွေးနံ) ဋ္ဌာနက ဂြိုလ်လေးလုံးကိုယူပြီး သချၤာအရ ပေါင်း မွေးနံပါ သချၤာကိုပါ ထပ်ပေါင်း၊ ပြီးရင် (၇) နဲ့စားပါ။ ရတဲ့အကြွင်းကို မဟာဘုတ်တိုင်ပြန်ထူပါ။

အဖြေဟောကိန်းတွေကတော့

တနင်္ဂနွေ ဖြစ်ခဲ့ရင် ထွက်ရပ်ပေါက် လူပုဂ္ဂိုလ် စတဲ့ ပုဂ္ဂိုလ်ထူးကြီးများ ကွယ်လွန်သွားပြီဖြစ်တဲ့ ဘဝကဖခင် အတိပ်ဘဝကဖခင် ဝိဇ္ဇာကြီးများက စောင့်ရှောက်ပါတယ်။

တနင်္လာ ဖြစ်ခဲ့ရင် ကွမ်ရင်မယ်တော် ဘဝဟောင်းကမိခင် လက်ရှိဘဝမှာ ကွယ်လွန်သွားသောမိခင် ကြီးဒေါ် အဒေါ် လက္ခုမီး မယ်တော်များကစောင့်ရှောက်ပါတယ်။

အင်္ဂါ ဖြစ်ခဲ့ရင် အောက်နတ်(၃၇)မင်း ဇော်ဂျီများ ရုက္ခစိုးများ မကျွတ်မလွပ်သူများ ( ပရလောက သား များ ) စန္ဒီမယ်တော် ဂန္ဓဗ္ဗ နတ်မင်းများကစောင့်ရှောက်ပါတယ်။

ဗုဒ္ဓဟူး ဖြစ်ခဲ့ရင် ဝိဇ္ဇာကြီးများ ( ထုံကျင့်ရပြီးသွားသောပုဂ္ဂိုလ်အားလုံး ) ရေစောင့်နတ် ရွာစောင့်နတ်ရုက္ခစိုးနတ် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များ ရဟန်း ပုဂ္ဂိုလ်များ စောင့်ရှောက်ပါတယ်။

ကြာသပတေး ဖြစ်ခဲ့ရင် ဗြဟ္မာကြီးများ ရဟန္တာ ပုဂ္ဂိုလ်များ ရှင်သီဝလိ ရှင်ဥပဂုတ္တ ရှင်ဗာကူလစသော ရဟန္တာများ အထက်လမ်း ဂိုဏ်းဆရာများပြဒါးဝိဇ္ဇာ အင်းဝိဇ္ဇာ များကစောင့်ရှောက်ပါတယ်။

သောကြာ ဖြစ်ခဲ့ရင် သူရဿတီမယ်တော်သံသေ ဝိဇ္ဇာကြီးများ မိခင်ဘက်က အဖွား ကွယ်လွန်ပြီးဖြစ်တဲ့ သမီးမယ်တော် များစောင့်ရှောက်ပါတယ်။

စနေ ဖြစ်ခဲ့ရင် (၃၇) မင်း အောက်နတ်များမကျွတ်မလွတ်သေးသော ပုဂ္ဂိုလ် (ပရ လောကသား မိမိနှင့်ဆွေမျိူးတော်စပ်ဘူးသူ) လောကီကျင့်စဉ်နဲ့ကျင့်နေသော ပုဂ္ဂိုလ်များသမထနဲ့ ကိစ္စ ပြီးနေသော ပုဂ္ဂိုလ်များစောင့်ရှောက်ပါတယ်။

ယုံကြည်ခြင်း မယုံကြည်ခြင်းသည် သင်နှင့်သာ ဆိုင်ပါသည်။ အငြင်းပွားဖွယ်ရာ မဖြစ်လိုသော ပိုစ့်တစ်ပုဒ်ဟုမှတ်ယူပါ။ လွန်ခဲ့သော (၁၈) နှစ်က သင်ကြားပြသပေးသွားပါသော ဆရာအား ဦးညွှတ်လျက်။ ခရက်ဒစ် မြတ်မို