ေရွ႕​ေဆာင္လမ္းျပ​ေကာင္း ပီသလြန္းတဲ့ လုပ္ရပ္​ေၾကာင့္ ျပည္သူ႔ေမတၱာရရွိခဲ့တဲ့ စည္ပင္အရာရွိ

စည္ပင္ဆိုတာကေတာ့ ႏိုင္ငံေတာ္ႀကီးသန႔္ရွင္းသာယာ လွပေအာင္ တိုင္းျပည္ရဲ႕ တစ္ေထာင့္တစ္ေနရာက ေကာင္းက်ိဳးျပဳေနတဲ့ လူ႔အဖြဲ႕အစည္းတစ္ခုပါ။ လမ္းမေပၚက အမႈိက္ေတြကို လူေတြအိပ္ရာမထခင္အခ်ိန္ အေစာႀကီးထၿပီး

လွည္းက်င္းေပးတာေတြ၊ အမ်ားျပည္သူသြားလာတဲ့ ​ေနရာေတြမွာရွိတဲ့ စည္းကမ္းမဲ့ပစ္ထားတဲ့ အမႈိက္ေတြကို လိုက္လံသိမ္းဆည္းေပးရတာေတြ၊ အမ်ားျပည္သူသန႔္စင္ခ န္းေတြကို အခ်ိန္ျပည့္ သန႔္ရွင္းေရးလုပ္ေပးေနရတဲ့ လူေတြကေတာ့ စည္ပင္ဝန္ထမ္းေတြပါပဲ။

အခုလည္း အိႏၵိ ယႏိုင္ငံက စည္ပင္ဝန္ထမ္းတစ္ေယာက္ဟာ အိႏၵိယျပည္သူေတြရဲ႕​ ​ေမတၱာကိုရရွိခဲ့ၿပီး ဝိုင္းဝန္းခ်ီးက်ဴးဂုဏ္ျပဳျခင္းကို ခံခဲ့ရပါတယ္။ အဲဒီလိုဂုဏ္ျပဳခံရတဲ့ အေၾကာင္းအရင္းကေတာ့ အဆိုပါ စည္ပင္အရာရွိဟာ အရာရွိတစ္ေယာက္ျဖစ္ေသာ္ျငားလည္း

ေရဆိုးေျမာင္းထဲကို တစ္ေယာက္တည္းဝင္ၿပီး ေရဆိုးေျမာင္းထဲမွာ ပိတ္ေနတဲ့ အညစ္အေၾကးေတြ၊ စည္းကမ္းမဲ့လႊင့္ပစ္ထားတဲ့ အမႈိက္ေတြကို တစ္ကိုယ္ေတာ္ သန႔္ရွင္းေရးလုပ္ခဲ့လို႔ျဖစ္ေၾကာင္း ႏိုင္ငံျခားသတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

အဆိုပါ စည္ပင္အရာရွိကေတာ့ အိႏၵိယႏိုင္ငံ၊ Kadri ၿမိဳ႕ ရွိ Manohar Shetty လို႔ အမည္ရတဲ့ အမ်ိဳးသားတစ္ေယာက္ပဲျဖစ္ပါတယ္။ Shatty ဟာ အမႈိက္ေတြပိတ္ၿပီး ေရလွ်ံေနတဲ့ ​ေရဆိုးေျမာင္းထဲကို တစ္ေယာက္တည္း ဝင္သြားၿပီး အမႈိက္ေတြကို

သန႔္ရွင္းေရးလုပ္ခဲ့လို႔ အခုလို အိႏၵိယျပည္သူ​ေတြရဲ႕ ခ်ီးက်ဴးဂုဏ္ျပဳသံနဲ႔အတူတူ ျပည္သူ႔ေမတၱာကို ရရွိခဲ့တဲ့ စည္ပင္အရာရိတစ္ေယာက္ဆိုလဲ မမွားပါဘူး။ “အဲဒီေရဆိုးေျမာင္းထဲမွာ အမႈိက္ေတြ ပိတ္ေနတယ္လို႔ သတင္းၾကားျကားခ်င္း ကြၽန္ေတာ္တို႔

စည္ပင္အဖြဲ႕ေရာက္သြားပါတယ္။ အဲဒီေနရာေရာက္ေတာ့ ေအာက္ဆင္းဖို႔ကို ကြၽန္ေတာ္တို႔ဆီက အလုပ္သမားေတြက ဘယ္သူမွ မဆင္းခ်င္ၾကပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ အမႈိက္ေတြနဲ႔ ပိတ္ေနတဲ့ ေရဆိုးေျမာင္းျဖစ္တာေၾကာင့္ အနံ႔အသက္က ေတာ္ေတာ္ဆိုးဝါးပါတယ္။

အႏၲရာယ္မ်ားတယ္ဆိုၿပီး အေၾကာင္းျပၾကပါတယ္။ သူတို႔ စိုးရိမ္တာလည္း အျပစ္ေတာ့ ေျပာလို႔ မရဘူးေလ။ အဲဒါ့ေၾကာင့္ ေနာက္ဆုံးမွာေတာ့ ကြၽန္ေတာ္ ကိုယ္တိုင္ပဲ နမူနာဆင္းၿပီး အမႈိက္ေတြကို ရွင္းျပခဲ့တာပါ” လို႔ Shatty က ေျပာၾကားခဲ့ပါတယ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင့္ ဖတ္ရန္

စည်ပင်ဆိုတာကတော့ နိုင်ငံတော်ကြီးသန့်ရှင်းသာယာ လှပအောင် တိုင်းပြည်ရဲ့ တစ်ထောင့်တစ်နေရာက ကောင်းကျိုးပြုနေတဲ့ လူ့အဖွဲ့အစည်းတစ်ခုပါ။ လမ်းမပေါ်က အမှိုက်တွေကို လူတွေအိပ်ရာမထခင်အချိန် အစောကြီးထပြီး

လှည်းကျင်းပေးတာတွေ၊ အများပြည်သူသွားလာတဲ့ နေရာတွေမှာရှိတဲ့ စည်းကမ်းမဲ့ပစ်ထားတဲ့ အမှိုက်တွေကို လိုက်လံသိမ်းဆည်းပေးရတာတွေ၊ အများပြည်သူသန့်စင်ခ န်းတွေကို အချိန်ပြည့် သန့်ရှင်းရေးလုပ်ပေးနေရတဲ့ လူတွေကတော့ စည်ပင်ဝန်ထမ်းတွေပါပဲ။

အခုလည်း အိန္ဒိ ယနိုင်ငံက စည်ပင်ဝန်ထမ်းတစ်ယောက်ဟာ အိန္ဒိယပြည်သူတွေရဲ့ မေတ္တာကိုရရှိခဲ့ပြီး ဝိုင်းဝန်းချီးကျူးဂုဏ်ပြုခြင်းကို ခံခဲ့ရပါတယ်။ အဲဒီလိုဂုဏ်ပြုခံရတဲ့ အကြောင်းအရင်းကတော့ အဆိုပါ စည်ပင်အရာရှိဟာ အရာရှိတစ်ယောက်ဖြစ်သော်ငြားလည်း

ရေဆိုးမြောင်းထဲကို တစ်ယောက်တည်းဝင်ပြီး ရေဆိုးမြောင်းထဲမှာ ပိတ်နေတဲ့ အညစ်အကြေးတွေ၊ စည်းကမ်းမဲ့လွှင့်ပစ်ထားတဲ့ အမှိုက်တွေကို တစ်ကိုယ်တော် သန့်ရှင်းရေးလုပ်ခဲ့လို့ဖြစ်ကြောင်း နိုင်ငံခြားသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ စည်ပင်အရာရှိကတော့ အိန္ဒိယနိုင်ငံ၊ Kadri မြို့ ရှိ Manohar Shetty လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ပဲဖြစ်ပါတယ်။ Shatty ဟာ အမှိုက်တွေပိတ်ပြီး ရေလျှံနေတဲ့ ရေဆိုးမြောင်းထဲကို တစ်ယောက်တည်း ဝင်သွားပြီး အမှိုက်တွေကို

သန့်ရှင်းရေးလုပ်ခဲ့လို့ အခုလို အိန္ဒိယပြည်သူတွေရဲ့ ချီးကျူးဂုဏ်ပြုသံနဲ့အတူတူ ပြည်သူ့မေတ္တာကို ရရှိခဲ့တဲ့ စည်ပင်အရာရိတစ်ယောက်ဆိုလဲ မမှားပါဘူး။ “အဲဒီရေဆိုးမြောင်းထဲမှာ အမှိုက်တွေ ပိတ်နေတယ်လို့ သတင်းကြားကြားချင်း ကျွန်တော်တို့

စည်ပင်အဖွဲ့ရောက်သွားပါတယ်။ အဲဒီနေရာရောက်တော့ အောက်ဆင်းဖို့ကို ကျွန်တော်တို့ဆီက အလုပ်သမားတွေက ဘယ်သူမှ မဆင်းချင်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ အမှိုက်တွေနဲ့ ပိတ်နေတဲ့ ရေဆိုးမြောင်းဖြစ်တာကြောင့် အနံ့အသက်က တော်တော်ဆိုးဝါးပါတယ်။

အန္တရာယ်များတယ်ဆိုပြီး အကြောင်းပြကြပါတယ်။ သူတို့ စိုးရိမ်တာလည်း အပြစ်တော့ ပြောလို့ မရဘူးလေ။ အဲဒါ့ကြောင့် နောက်ဆုံးမှာတော့ ကျွန်တော် ကိုယ်တိုင်ပဲ နမူနာဆင်းပြီး အမှိုက်တွေကို ရှင်းပြခဲ့တာပါ” လို့ Shatty က ပြောကြားခဲ့ပါတယ်။ ခရက်ဒစ်