အပျိုဖော်အရွယ် မိန်းကလေးတစ်ဦး၏ဘဝအား ကယ်တင်နိုင်ခဲ့သည့် တက္ကစီယာဉ်မောင်းဖြစ်ရပ်
ယူနီကုဒ်ဖြင့် ဖတ်ရန်
ကူညီသူ လူကောင်း တက္ကစီယာဉ်မောင်း နှင့် ပရဟိတ သတင်းအယ်ဒီတာ၏ ကူညီမှုကြောင့် အပျိုဖော်အရွယ် မိန်းကလေးတစ်ဦး၏ ဘဝအား ကယ်တင်နိုင်ခဲ့သည့်ဖြစ်ရပ်အား ဂုဏ်ပြုအပ်ပေသည်။ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၃ ရက်
နံနက်ပိုင်းတွင် ဝီကလီး ဒေးလီးနယူး သတင်းအေဂျင်စီ၏ အယ်ဒီတာတစ်ဦးဖြစ်သူ ရွှေကသစ်နှင့် တက္ကစီယာဉ်မောင်းတို့၏ ပရဟိတစေတနာမှန်ဖြင့် ကူညီပေးခဲ့သည့်ဖြစ်ရပ်။ ယနေ့ဖြစ်ရပ် ဧရာဝတီတိုင်းက ကလေးမလေးကိုကယ်တင်နိုင်ခဲ့တဲ့
ရိုးသားတဲ့ တက္ကစီသမားနဲ့တွေ့၍သာ မရိုးသားတဲ့သူများ နှင့်သာ တွေ့က အပျိုဖော်အရွယ် မိန်းကလေးတစ်ဦး၏ ဘဝပျက်သွားမည့်ဖြစ်ရပ်၊ ဘဝပျက်မည့်ဖြစ်ရပ် မဖြစ်စေရန် ကူညီခဲ့သည့်သူများကို ဂုဏ်ပြုပါသည်။ မနက်စောစော အထုတ်လေးကိုင်ကာ
တက္ကစီကိုတားစီးပြီး သူ့ကိုကြိုက်တဲ့နေရာခေါ်ပို့ပါဆို၍ တက္ကစီသမားကကျွန့်တော့်ထံဆက်သွယ် အကြောင်းကြားတယ် ကျွန်တော်က ကျွန်တော်အိမ်ခေါ်လာခဲ့ပြောလို့ တက္ကစီယာဉ်မောင်းက အိမ်ကိုခေါ်လာ ပို့တယ်
ကလေးမလေးကို မေးမြန်းစစ်ဆေးလိုက်တော့ အိမ်ဖော်မလုပ်ချင်၍အိမ်ရှင်မနိုးခင် ထွက်ပြေးလာတာ သိရ၍ အိမ်ရှင်ထံ ဆက်သွယ်အကြောင်းကြားတော့ အိမ်ရှင်တွေကလည်းစိတ်ပူ လိုက်ရှာနေကြတာ
ပက်ပင်တိုးခဲ့၍ ကောင်းမွန်စွာခေါ်အပ်နိုင်ခဲ့။ ဆက်၍ မခိုင်းချင်ပါကမရိုက်မနှက်ကြဘဲ ထိုကလေး၏ မိခင်အားပြန်အပ်ကြရန် မှာကြား။ အားလုံးအဆင်ပြေ၍ အခက်အခဲမရှိ ဒုက္ခမကြုံကြစေရန်
ယနေ့ကူညီဆောင်ရွက်ပေးနိုင်ခဲ့တာမင်္ဂလာတပါးပါ။ (မှတ်ချက်) အိမ်ရှင်များကောင်းတာသိ၍ပြန်အပ်နှံပေးခဲ့။ ကူညီသူများကို လေးစားဂုဏ်ယူ၍ ဖော်ပြလိုက်ရပါသည်။ ခရက်ဒစ်