ႏႈတ္နဲ႔ေတာင္ မေစာ္ကားပါနဲ႔

ႏႈတ္နဲ႔ေတာင္ မေစာ္ကားပါနဲ႔။ ခုေခတ္ကာလမွာ နည္းပညာေတြ တိုးတက္လာတာနဲ႔အမၽွ ဗုဒၶဘာသာကို နည္းမ်ိဳးစုံနဲ႔ ေစာ္ကားေနၾကတာေတြလည္း ဝမ္းနည္းဖြယ္ရာ ေတြ႕ေနရပါတယ္။ တခ်ိဳ႕ဆို ျမတ္စြာဘုရားပုံေတာ္ေတြ

ရဟန္းသံဃာပုံေတာ္ေတြကို photoshop နဲ႔ မဖြယ္မရာ လုပ္ၿပီးေတာ့ အတားအဆီးမရွိ ကာယကံေျမာက္ ​ေပၚတင္က်ဴးလြန္ေနၾကတယ္။ ျမတ္စြာဘုရားပုံေတာ္ ရဟန္းသံဃာပုံေတာ္ေတြကို Photoshop နဲ႔ မဖြယ္မရာလုပ္တဲ့

သူေတြ ျမတ္စြာဘုရားရွင္ရဲ့ ဓာတ္ေတာ္ ေစတီေတာ္ေတြကို ကဲ့ရဲ့ဖ်က္ဆီးသူေတြရဲ့ လားရာဂတိကေတာ့ အင္မတန္ေၾကာက္စရာေကာင္းလွပါတယ္။ ျမတ္စြာဘုရားရွင္ရဲ့ ဓာတ္ေတာ္ကို ဝစီကံနဲ႔ေျပာဆိုေစာ္ကားမိ႐ုံနဲ႔တင္ ၿပိတၱာ

ဘဝေရာက္ၿပီး ႀကီးမားတဲ့ဒုကၡခံစားရတဲ့ သာဓကေတြ ရွိခဲ့ဖူးပါတယ္။ ျမတ္စြာဘုရားရွင္ ပရိနိဗၺာန္စံေတာ္မူေတာ့ အဇာတသတ္မင္းက သူ ရလာခဲ့တဲ့ဓာတ္ေတာ္ေတြကို ခုႏွစ္ႏွစ္ ခုႏွစ္လ ခုႏွစ္ရက္တိတိျမတ္စြာဘုရားရွင္ရဲ့

ဂုဏ္ေတာ္ေတြေအာက္ေမ့ၿပီး ဓာတ္ေတာ္ပူေဇာ္ပြဲလုပ္တယ္။ အဲဒီပူေဇာ္ပြဲ အေၾကာင္းျပဳလို႔ ၾကည္ညိဳျက ပူေဇာ္ၾကတဲ့ လူေပါင္းမေရမတြက္နိုင္ေလာက္ေအာင္ နတ္ျပည္ေရာက္ကုန္ၾကတယ္။ ​ေယာက္်ားေပါင္း ရွစ္ေသာင္း

ေျခာက္ေထာင္ကေတာ့ရတနာသုံးပါးကို ျပစ္မွားလို႔ ၿပိတၱာဘုံ ေရာက္သြားၾကတယ္။ အဲဒီရာဇၿဂိဳဟ္ျပည္မွာဘဲ သူေဌးတစ္ေယာက္ရဲ့ ဇနီးရယ္ သမီးရယ္ ေခၽြးမရယ္ သုံးေယာက္သားတို႔ဟာ ပန္းနံ့သာေတြယူၿပီး ဓာတ္ေတာ္ပူေဇာ္ပြဲ

သြားမယ္ ျပင္ၾကေတာ့ သူေဌးႀကီးကဒီအရိုးစုေတြကို ပူေဇာ္လို႔ ဘာအက်ိဳးရွိမွာလဲ ဆိုၿပီးေတာ့ သူ႔ဇနီးကို ဆဲဆိုတယ္၊ ျမတ္စြာဘုရားရွင္ရဲ့ ဓာတ္ေတာ္ကို ကဲ့ရဲ့တယ္။ သူေဌးကေတာ္တို႔သုံးေယာက္ဟာ အဲဒီဘဝေသေတာ့

နတ္ျပည္မွာ နတ္သမီး ျဖစ္ၾကတယ္။ သူေဌးႀကီးကေတာ့ အဲဒီဘဝကေသလြန္ၿပီး ျမတ္စြာဘုရားရွင္ရဲ့ ဓာတ္ေတာ္ကို ကဲ့ရဲ့ခဲ့တဲ့ အကုသိုလ္ကံေၾကာင့္ ၿပိတၱာဘုံမွာၿပိတၱာျဖစ္ရတယ္။ သူ႔ခႏၶာကိုယ္က အပုပ္နံ့ေတြ အျမဲတမ္းလွိုင္

ေနသလို သူ႔ခံတြင္းကလည္း အပုပ္နံ့ေတြလွိုင္ၿပီးေတာ့ ပိုးေလာက္ေတြစားေနၾကတယ္။ သန္လ်က္ကိုင္ထားတဲ့ အေကာင္ႀကီးေတြက သူ႔ပါးစပ္ကို တရႈပ္ရႈပ္နဲ႔ လွီျဖတ္ၾကတယ္၊ လွီးျဖတ္ထားတဲ့ ဒဏ္ရာေတြကိုလည္း ဆားငန္ေရ

ျဖန္းၿပီးေတာ့ ေနာက္ထပ္ လွီးျဖတ္ၾကျပန္တယ္။ တစ္ေန႔ အရွင္မဟာကႆပမေထရ္ဟာ သတၱဝါေတြကို ျကည့္ေတာ္မူေတာ့ ျမတ္စြာဘုရားရွင္ရဲ့ဓာတ္ေတာ္ကိုကဲ့ရဲ့ခဲ့လို႔ ၿပိတၱာျဖစ္ေနတဲ့သူကိုေတြ႕ေတာ္မူတယ္။ အရွင္မဟာကႆ ပ

မေထရ္ျမတ္က ေမးေတာ္မူေတာ့ၿပိတၱာႀကီးက ေနာင္တရစြာနဲ႔ အေၾကာင္းစုံ ျပန္ေလၽွာက္ထားၿပီးေတာ့တပည့္ေတာ္ဟာ ကံရွိလို႔ လူ႔ဘဝျပန္ေရာက္ျဖစ္ခဲ့ရင္ ျမတ္စြာဘုရား ဓာတ္ေတာ္ေတြကို မေမ့မေလ်ာ့ အႀကိမ္ႀကိမ္

ပူေဇာ္ပါေတာ့မယ္ဘုရားေနာင္လာေနာင္သားေတြကို ဒီအျပစ္ကေန ေရွာင္ၾကဥ္ေအာင္ ဆုံးမေဟာျပေတာ္မူပါဘုရားလို႔လည္း တိုက္တြန္းေလ်က္ထားခဲ့ပါေသးတယ္။ ေၾကာင္းၾကခပ္သိမ္း ကင္းၾကပါေစ။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

နှုတ်နဲ့တောင် မစော်ကားပါနဲ့။ ခုခေတ်ကာလမှာ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ဗုဒ္ဓဘာသာကို နည်းမျိုးစုံနဲ့ စော်ကားနေကြတာတွေလည်း ဝမ်းနည်းဖွယ်ရာ တွေ့နေရပါတယ်။ တချို့ဆို မြတ်စွာဘုရားပုံတော်တွေ

ရဟန်းသံဃာပုံတော်တွေကို photoshop နဲ့ မဖွယ်မရာ လုပ်ပြီးတော့ အတားအဆီးမရှိ ကာယကံမြောက် ပေါ်တင်ကျူးလွန်နေကြတယ်။ မြတ်စွာဘုရားပုံတော် ရဟန်းသံဃာပုံတော်တွေကို Photoshop နဲ့ မဖွယ်မရာ လုပ်တဲ့

သူတွေ မြတ်စွာဘုရားရှင်ရဲ့ ဓာတ်တော် စေတီတော်တွေကို ကဲ့ရဲ့ဖျက်ဆီးသူတွေရဲ့ လားရာဂတိကတော့ အင်မတန်ကြောက်စရာကောင်းလှပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ ဓာတ်တော်ကို ဝစီကံနဲ့ပြောဆိုစော်ကားမိရုံနဲ့တင် ပြိတ္တာ

ဘဝရောက်ပြီး ကြီးမားတဲ့ဒုက္ခခံစားရတဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူတော့ အဇာတသတ်မင်းက သူ ရလာခဲ့တဲ့ဓာတ်တော်တွေကို ခုနှစ်နှစ် ခုနှစ်လ ခုနှစ်ရက်တိတိမြတ်စွာဘုရားရှင်ရဲ့

ဂုဏ်တော်တွေအောက်မေ့ပြီး ဓာတ်တော်ပူဇော်ပွဲလုပ်တယ်။ အဲဒီပူဇော်ပွဲ အကြောင်းပြုလို့ ကြည်ညိုကြ ပူဇော်ကြတဲ့ လူပေါင်းမရေမတွက်နိုင်လောက်အောင် နတ်ပြည်ရောက်ကုန်ကြတယ်။ ယောက်ျားပေါင်း ရှစ်သောင်း

ခြောက်ထောင်ကတော့ရတနာသုံးပါးကို ပြစ်မှားလို့ ပြိတ္တာဘုံ ရောက်သွားကြတယ်။ အဲဒီရာဇဂြိုဟ်ပြည်မှာဘဲ သူဌေးတစ်ယောက်ရဲ့ ဇနီးရယ် သမီးရယ် ချွေးမရယ် သုံးယောက်သားတို့ဟာ ပန်းနံ့သာတွေယူပြီး ဓာတ်တော်ပူဇော်ပွဲ

သွားမယ် ပြင်ကြတော့ သူဌေးကြီးကဒီအရိုးစုတွေကို ပူဇော်လို့ ဘာအကျိုးရှိမှာလဲ ဆိုပြီးတော့ သူ့ဇနီးကို ဆဲဆိုတယ်၊ မြတ်စွာဘုရားရှင်ရဲ့ ဓာတ်တော်ကို ကဲ့ရဲ့တယ်။ သူဌေးကတော်တို့သုံးယောက်ဟာ အဲဒီဘဝသေတော့

နတ်ပြည်မှာ နတ်သမီး ဖြစ်ကြတယ်။ သူဌေးကြီးကတော့ အဲဒီဘဝကသေလွန်ပြီး မြတ်စွာဘုရားရှင်ရဲ့ ဓာတ်တော်ကို ကဲ့ရဲ့ခဲ့တဲ့ အကုသိုလ်ကံကြောင့် ပြိတ္တာဘုံမှာပြိတ္တာဖြစ်ရတယ်။ သူ့ခန္ဓာကိုယ်က အပုပ်နံ့တွေ အမြဲတမ်းလှိုင်

နေသလို သူ့ခံတွင်းကလည်း အပုပ်နံ့တွေလှိုင်ပြီးတော့ ပိုးလောက်တွေစားနေကြတယ်။ သန်လျက်ကိုင်ထားတဲ့ အကောင်ကြီးတွေက သူ့ပါးစပ်ကို တရှုပ်ရှုပ်နဲ့ လှီဖြတ်ကြတယ်၊ လှီးဖြတ်ထားတဲ့ ဒဏ်ရာတွေကိုလည်း ဆားငန်ရေ

ဖြန်းပြီးတော့ နောက်ထပ် လှီးဖြတ်ကြပြန်တယ်။ တစ်နေ့ အရှင်မဟာကဿပမထေရ်ဟာ သတ္တဝါတွေကို ကြည့်တော်မူတော့ မြတ်စွာဘုရားရှင်ရဲ့ဓာတ်တော်ကိုကဲ့ရဲ့ခဲ့လို့ ပြိတ္တာဖြစ်နေတဲ့သူကိုတွေ့တော်မူတယ်။ အရှင်မဟာကဿ ပ

မထေရ်မြတ်က မေးတော်မူတော့ပြိတ္တာကြီးက နောင်တရစွာနဲ့ အကြောင်းစုံ ပြန်လျှောက်ထားပြီးတော့တပည့်တော်ဟာ ကံရှိလို့ လူ့ဘဝပြန်ရောက်ဖြစ်ခဲ့ရင် မြတ်စွာဘုရား ဓာတ်တော်တွေကို မမေ့မလျော့ အကြိမ်ကြိမ်

ပူဇော်ပါတော့မယ်ဘုရားနောင်လာနောင်သားတွေကို ဒီအပြစ်ကနေ ရှောင်ကြဉ်အောင် ဆုံးမဟောပြတော်မူပါဘုရားလို့လည်း တိုက်တွန်းလျေက်ထားခဲ့ပါသေးတယ်။ ကြောင်းကြခပ်သိမ်း ကင်းကြပါစေ။ ခရက်ဒစ်