ငယ္ငယ္တုန္းက အၿမဲသိခ်င္ခဲ့တဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေဘးက ဆရာေတာ္တပါး

ငယ္ငယ္တုန္းက အၿမဲသိခ်င္ခဲ့တဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေဘးက ဆရာေတာ္တပါး (ရဲေဘာ္သုံးက်ိပ္ ေနာက္ကြယ္က ဂ်ပန္စပိုင္ဘုန္းႀကီး) ဒီသမိုင္းဝင္ ဓာတ္ပုံထဲက ဗိုလ္ခ်ဳပ္ေဘးက ဆရာေတာ္ကို ရဲေဘာ္သုံးက်ိပ္ဝင္လား

ဘယ္သူလဲလို႔ ေမးလာသူေတြအတြက္ ေရးသားေဖာ္ျပပါတယ္။ ရဲေဘာ္သုံးက်ိပ္ကို ဦးေဆာင္သူေတြ ျဖစ္လာမယ့္ သခင္ေအာင္ဆန္းတို႔ဟာ တ႐ုတ္ကြန္ျမဴနစ္ပါတီနဲ႔ ဆက္သြယ္ဖို႔ ခက္ခဲၿပီး အမြိဳင္မွာ အခ်ိန္ၾကာလာေနတဲ့

အခ်ိန္မွာ ဂ်ပန္ေထာက္လွမ္းေရးကတစ္ဆင့္ ဂ်ပန္မွာ စစ္သင္တန္းေပးဖို႔ ဗိုလ္မႉးႀကီး ဆူဇူကီးနဲ႔ ဆက္သြယ္လို႔ရေအာင္ စီမံေဆာင္႐ြက္ေပးတဲ့သူကေတာ့ ျမန္မာျပည္မွာ ေရာက္ရွိေနတဲ့ ဂ်ပန္ဘုန္းႀကီး နာဂါအိ (နာဂါအိစံ)

ျဖစ္ပါတယ္။ နာဂါအိစံဟာ ဂ်ပန္ဗုဒၶဘာသာ ဒိုခ်ိရင္းဂိုဏ္းဝင္ျဖစ္ၿပီး အဂၤလိပ္လက္ထက္ကတည္းက ျမန္မာနိုင္ငံကို ေရာက္ရွိေနသူပါ။ ထိုစဥ္က ေ႐ႊတိဂုံေစတီေတာ္ေပၚမွာ ေၾကးစည္ကေလးတီးတီးၿပီး ဝတ္ျပဳေနသူျဖစ္တယ္လို႔

ဆရာႀကီးပါရဂူက ေျပာျပဖူးသလို သူနဲ႕ အေတာ္‌ေလး ရင္းႏွီးခဲ့ဖူးတယ္လို႔ ဆိုပါတယ္။ အဂၤလိပ္ အစိုးရ လက္ထက္မွာ ဂ်ပန္နိုင္ငံကေန ျမန္မာနိုင္ငံကို စပိုင္အျဖစ္ ေစလႊတ္ခဲ့တဲ့ အလႊာေပါင္းစုံက လူတန္းစားမ်ား အနက္

ဘုန္းႀကီးနာဂါအိစံလည္း ပါဝင္ပါတယ္။ နာဂါအိစံ ကို ၁၉၀၇ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၈ ရက္ ၾကာသပေတးေန႕ မွာ ဂ်ပန္နိုင္ငံ က်ိဳရိုခရိုင္အာယားဘဲ့ၿမိဳ႕၏ ေျမာက္ဘက္ ၈ ကီလိုမီတာခန႔္ ေဝးကြာေသာ မိုနိုဘဲ့ ႐ြာကေလးတြင္

အဖ ေတာစုတားေရာႏွင့္ အမိ ေရွာေတာတိုတို႔က ေမြးဖြားပါတယ္။ ၁၉၃၁ ခုႏွစ္မွာ က်ိဳတိုၿမိဳ႕ ေျမာရွင္းဂ်ီေက်ာင္းထိုင္ဘုန္းႀကီးသင္ေက်ာင္းတြင္ သင္တန္းတက္ေရာက္ခြင့္ ရ‌ေပမယ့္ တစ္ဝက္တစ္ပ်က္ျဖင့္ ေက်ာင္းမွထြက္ခဲ့ၿပီး

၁၉၃၂ ခုႏွစ္မွာ ဝါအရင့္ဆုံးျဖစ္ေသာ ဒိုင္းဟြန္းေျမာကင္းဂ်ီ ဘုန္းေတာ္ႀကီးေက်ာင္း၏ ဂိုဏ္းအုပ္ ကာဝအီနိရွင္းေဂး ဆရာေတာ္ထံပါးခ်ဥ္းကပ္ၿပီး တရားေဒသနာမ်ားကို ထပ္ေလာင္းေလ့လာခဲ့ျပန္ပါတယ္ အဲဒီေနာက္ ဆရာေတာ္ႏွင့္

အတူ ရွန္ဟိုင္း၊ စကၤာပူေဒသမ်ားသို႔ လွည့္လည္ကာ ၁၉၃၃ ခုႏွစ္၌ ပီနံ၊ သီဟိုဠ္ (သီရိလကၤာ) စသည့္ တိုင္းျပည္မ်ားအထိ သာသနာျပဳခဲ့ပါတယ္။ ၁၉၃၄ ခုႏွစ္ ေမလ ၂၀ ရက္ေန႕မွာ ဆရာေတာ္ ဖူဂ်ီအိစံထံက ေကာဂ်ီအင္နိ

က်ိေအာေဂ်ာဂ်င္ ဘြဲ႕တံဆိပ္ရရွိခဲ့ၿပီး ဘုန္းႀကီးနာဂါအိစံဟာ နိခ်ိရင္းဗုဒၶ႐ုပ္ပြားေတာ္ကို ပင့္ေဆာင္ကာ ျမန္မာနိုင္ငံသို႔ ေရာက္ရွိခဲ့ပါတယ္။ ေနာက္တစ္ႏွစ္အၾကာ နာဂါအိစံဟာ ရန္ကုန္တိုင္း ကမာ႐ြတ္ၿမိဳ႕နယ္အတြင္းမွာ

ရန္ကုန္တကၠသိုလ္နဲ႔မလွမ္းမကမ္းမွာ ေက်ာင္သခၤမ္းတစ္ခု ေဆာက္ၿပီး သီတင္းသုံးပါတယ္။ အဲဒီလို သတင္းသုံးေနရင္း ျမန္မာနိုင္ငံ လြတ္လပ္ေရးႀကိဳးပမ္းမႈနဲ႔ပတ္သက္ၿပီး ဂ်ပန္ေထာက္လွမ္းေရးနဲ႔အဆက္အသြယ္မျပတ္

ရွိေနကာ အမြိဳင္မွာရွိေနတဲ့ သခင္‌ေအာင္ဆန္းတို႔ ႏွစ္ဦးကို ပထမဆုံး ဂ်ပန္နိုင္ငံကို ပိုၿပီး စစ္ပညာသင္ၾကားဖို႔နဲ႔ စစ္လက္နက္ အင္အားရယူေရးေဆြးေႏြးဖို႔ ရန္ကုန္အေျခစိုက္ အမာခံတစ္ဦးျဖစ္သူ ေဒါက္တာသိန္းေမာင္ကတစ္ဆင့္

ဗိုလ္မႉးႀကီး ဆူဇူကီးနဲ႔ ခ်ိတ္ဆက္ေပးခဲ့သူလည္းျဖစ္ပါတယ္။ ၁၉၄၁ ခုႏွစ္ ဩဂုတ္လ ၂၈ ရက္ေန႔မွာ နာဂါအိစံဟာ ျမန္မာနိုင္ငံ ကာကြယ္ေရး အက္ဥပေဒပုဒ္မ ၂၆ အရ အဂၤလိပ္အစိုးရက ဖမ္းဆီးခဲ့ၿပီး အင္းစိန္ေထာင္တြင္း၌

အက်ဥ္းက် ခံခဲ့ရပါတယ္။ အဲဒီအတြက္ ျမန္မာနိုင္ငံ ဘုရင္ခံ ဆာေဒၚမန္စမစ္ထံသို႔ ၎ရဲ႕ မတရားဖမ္းဆီးခ်ဳပ္ေႏွာင္မႈကို ကန႔္ကြက္စာေပးပို႔ခဲ့ၿပီး ရက္ေပါင္း ၇၂ ရက္တိုင္တိုင္ အစာအငတ္ခံဆႏၵျပခဲ့ပါတယ္။ ဒါေပမဲ့ အာဏာပိုင္‌

ေတြက ႏွာေခါင္းမွတဆင့္ ပိုက္ျဖင့္ အစာသြတ္သြင္းခဲ့မႈေၾကာင့္ အသက္မေသဘဲ ရွိခဲ့ၿပီး နိုဝင္ဘာလ ၉ ရက္ေန႕မွာ အဂၤလိပ္အစိုးရက နာဂါအိစံ ကိုျပည္ႏွင္ဒဏ္ ခတ္ခဲ့ေသာေၾကာင့္ နိက်ိအဲဒမာ႐ု သေဘၤာျဖင့္ ျမန္မာနိုင္ငံမွ

ထြက္ခြာလာခဲ့ရာ နိုဝင္ဘာလ ၂၁ ရက္ေန႕တြင္ ဂ်ပန္နိုင္ငံကိုဘိဆိပ္ကမ္းသို႔ ဆိုက္ေရာက္ခဲ့ပါတယ္။ ၁၉၄၁ ဒီဇင္ဘာလ ၈ ရက္ေန႕မွာ ဂ်ပန္ဗဟို စစ္ဦးစီးဌာနခ်ဳပ္က အာရွေတာင္ပိုင္း စစ္မ်က္ႏွာတပ္မေတာ္ စစ္ေသနာပတိခ်ဳပ္

ဗိုလ္ခ်ဳပ္ႀကီးေနရာဥခ်ိ (Field Marshall Hisaichi Terauchi) ကို ျမန္မာနိုင္ငံေတာင္ပိုင္းရွိ ရန္သူစစ္ေလယာဥ္ကြင္းမ်ားကို တိုက္ခိုက္သိမ္းပိုက္ရန္ စစ္မိန႔္ေပးခဲ့တာေၾကာင့္ ျမန္မာနိုင္ငံအားကို ဂ်ပန္မ်ား စတင္ထိုးစစ္ဆင္

တိုက္ခိုက္လာပါၿပီ။ စစ္သင္တန္းအမ်ိဳးမ်ိဳးကို ခက္ခဲပင္ပန္းစြာသင္ယူၿပီးျဖစ္တဲ့ ရဲေဘာ္သုံးက်ိပ္ဝင္ေတြဟာ ထိုင္းနိုင္ငံဘန္ေကာက္ၿမိဳ႕တြင္ ေစာင့္ဆိုင္းေနၾကၿပီး မိမိတို႔ နိုင္ငံကို ျပန္လည္ဝင္ေရာက္နိုင္ေရးအတြက္ ဂ်ပန္အစိုးရရဲ႕

အမိန႔္ကို ေစာင့္ေမွ်ာ္ေနခဲ့ၾကပါတယ္။ ဒါေပမဲ့ ဒီဇင္ဘာလ ၈ ရက္ေန႕မွာ ပစိဖိတ္သမုဒၵရာစစ္မ်က္ႏွာမွာ စစ္ပြဲေတြစတင္လာတဲ့အတြက္ မဟာဗ်ဴဟာေတြေျပာင္းလဲခဲ့ပါတယ္။ အဲဒီေနာက္ ထိုင္းနိုင္ငံ ဘန္ေကာက္ၿမိဳ႕သို႔ ေရာက္ရွိ‌

အေျခစိုက္ေနတဲ့ ျမန္မာမ်ိဳးခ်စ္လူငယ္ ၂၀၀ ေက်ာ္နဲ႕ ရဲေဘာ္ သုံးက်ိပ္ဝင္ေတြကို ဗဟိုျပဳၿပီး၁၉၄၁ ခုႏွစ္ ဒီဇင္ဘာလ ၂၆/၂၇ ရက္မွာ ဗမာ့လြတ္လပ္ေရးတပ္မေတာ္ (B.I.A) ကို ဖြဲ႕စည္းခဲ့ပါတယ္။ ၁၉၄၂ ခုႏွစ္ ဇန္နဝါရီလမွာ

ျမန္မာနိုင္ငံတြင္းကို ေရေၾကာင္း၊ ၾကည္းေၾကာင္းနဲ႕ စတင္ဝင္ေရာက္တိုက္ခိုက္ခဲ့ပါတယ္။ ဘုန္းႀကီးနာဂါအိစံလည္း ၁၉၄၂ ခုႏွစ္ ဇန္နဝါရီလ ၁၆ ရက္ေန႕မွာ ဂ်ပန္တပ္‌ေတြနဲ႕အတူ ျမန္မာျပည္ကို ျပန္လိုက္လာပါတယ္။

၁၉၄၂ မတ္လ ၈ရက္ေန႕မွာ BIA နဲ႔ ဂ်ပန္တပ္ဖြဲ႕ေတြဟာ ရန္ကုန္ၿမိဳ႕ကိုသိမ္းပိုက္မိၾကပါတယ္။ ဘုန္းႀကီးနာဂါအိစံဟာ အဲဒီအခ်ိန္ကစၿပီး ၁၉၄၅ခုႏွစ္ ဧၿပီလကုန္အထိ ျမန္မာနိုင္ငံမွာေနထိုင္သတင္းသုံးခဲ့ၿပီး ဂ်ပန္စစ္တပ္

ျမန္မာနိုင္ငံက ဆုတ္ခြာသည့္ေနာက္ဆုံးစစ္ေၾကာင္းနဲ႕အတူ ျမန္မာ-ထိုင္းနယ္စပ္ကို ျဖတ္ေက်ာ္ကာ ဂ်ပန္နိုင္ငံသို႔ ဘန္ေကာက္ၿမိဳ႕မွတဆင့္ ျပန္လည္ထြက္သြားခဲ့ပါတယ္။ ဘုန္းႀကီး နာဂါအိစံဟာ ၁၉၃၇ ကေန ၁၉၄၀

အထိ ေၾကးစည္အၿမဲတီးၿပီး ရန္ကုန္ၿမိဳ႕အႏွံ႔ ဆြမ္းခံႂကြရင္း ဂ်ပန္ေထာက္လွမ္းေရးကို သတင္းအဆက္ မျပတ္ေပးပို႔ရင္းနဲ႔ ျပည္တြင္းက ေတာ္လွန္ေရး အင္အားစုေတြကို ဟိုင္နန္ကြၽန္းမွာ စစ္ပညာသင္ဖို႔ ေအာင္ျမင္စြာ

ပံ့ပိုးကူညီခ်ိတ္ဆက္ေပးခဲ့နိုင္ခဲ့တာ ေတြ႕ရပါတယ္။ သူဟာ ဂ်ပန္နိုင္ငံတိုက်ိဳၿမိဳ႕မွာ အသက္ ၆၇ႏွစ္ အ႐ြယ္ ၁၉၇၄ခုႏွစ္ မတ္လ ၂၀ ရက္ေန႕မွာ ကြယ္လြန္အနိစၥေရာက္သြားခဲ့ပါတယ္။ ခရက္ဒစ္ Yan Aung

ယူနီကုဒ်ဖြင့် ဖတ်ရန်

ငယ်ငယ်တုန်းက အမြဲသိချင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဘေးက ဆရာတော်တပါး (ရဲဘော်သုံးကျိပ် နောက်ကွယ်က ဂျပန်စပိုင်ဘုန်းကြီး) ဒီသမိုင်းဝင် ဓာတ်ပုံထဲက ဗိုလ်ချုပ်ဘေးက ဆရာတော်ကို ရဲဘော်သုံးကျိပ်ဝင်လား

ဘယ်သူလဲလို့ မေးလာသူတွေအတွက် ရေးသားဖော်ပြပါတယ်။ ရဲဘော်သုံးကျိပ်ကို ဦးဆောင်သူတွေ ဖြစ်လာမယ့် သခင်အောင်ဆန်းတို့ဟာ တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်သွယ်ဖို့ ခက်ခဲပြီး အမွိုင်မှာ အချိန်ကြာလာနေတဲ့

အချိန်မှာ ဂျပန်ထောက်လှမ်းရေးကတစ်ဆင့် ဂျပန်မှာ စစ်သင်တန်းပေးဖို့ ဗိုလ်မှူးကြီး ဆူဇူကီးနဲ့ ဆက်သွယ်လို့ရအောင် စီမံဆောင်ရွက်ပေးတဲ့သူကတော့ မြန်မာပြည်မှာ ရောက်ရှိနေတဲ့ ဂျပန်ဘုန်းကြီး နာဂါအိ (နာဂါအိစံ)

ဖြစ်ပါတယ်။ နာဂါအိစံဟာ ဂျပန်ဗုဒ္ဓဘာသာ ဒိုချိရင်းဂိုဏ်းဝင်ဖြစ်ပြီး အင်္ဂလိပ်လက်ထက်ကတည်းက မြန်မာနိုင်ငံကို ရောက်ရှိနေသူပါ။ ထိုစဉ်က ရွှေတိဂုံစေတီတော်ပေါ်မှာ ကြေးစည်ကလေးတီးတီးပြီး ဝတ်ပြုနေသူဖြစ်တယ်လို့

ဆရာကြီးပါရဂူက ပြောပြဖူးသလို သူနဲ့ အတော်‌လေး ရင်းနှီးခဲ့ဖူးတယ်လို့ ဆိုပါတယ်။ အင်္ဂလိပ် အစိုးရ လက်ထက်မှာ ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို စပိုင်အဖြစ် စေလွှတ်ခဲ့တဲ့ အလွှာပေါင်းစုံက လူတန်းစားများ အနက်

ဘုန်းကြီးနာဂါအိစံလည်း ပါဝင်ပါတယ်။ နာဂါအိစံ ကို ၁၉၀၇ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် ကြာသပတေးနေ့ မှာ ဂျပန်နိုင်ငံ ကျိုရိုခရိုင်အာယားဘဲ့မြို့၏ မြောက်ဘက် ၈ ကီလိုမီတာခန့် ဝေးကွာသော မိုနိုဘဲ့ ရွာကလေးတွင်

အဖ တောစုတားရောနှင့် အမိ ရှောတောတိုတို့က မွေးဖွားပါတယ်။ ၁၉၃၁ ခုနှစ်မှာ ကျိုတိုမြို့ မြောရှင်းဂျီကျောင်းထိုင်ဘုန်းကြီးသင်ကျောင်းတွင် သင်တန်းတက်ရောက်ခွင့် ရ‌ပေမယ့် တစ်ဝက်တစ်ပျက်ဖြင့် ကျောင်းမှထွက်ခဲ့ပြီး

၁၉၃၂ ခုနှစ်မှာ ဝါအရင့်ဆုံးဖြစ်သော ဒိုင်းဟွန်းမြောကင်းဂျီ ဘုန်းတော်ကြီးကျောင်း၏ ဂိုဏ်းအုပ် ကာဝအီနိရှင်းဂေး ဆရာတော်ထံပါးချဉ်းကပ်ပြီး တရားဒေသနာများကို ထပ်လောင်းလေ့လာခဲ့ပြန်ပါတယ် အဲဒီနောက် ဆရာတော်နှင့်

အတူ ရှန်ဟိုင်း၊ စင်္ကာပူဒေသများသို့ လှည့်လည်ကာ ၁၉၃၃ ခုနှစ်၌ ပီနံ၊ သီဟိုဠ် (သီရိလင်္ကာ) စသည့် တိုင်းပြည်များအထိ သာသနာပြုခဲ့ပါတယ်။ ၁၉၃၄ ခုနှစ် မေလ ၂၀ ရက်နေ့မှာ ဆရာတော် ဖူဂျီအိစံထံက ကောဂျီအင်နိ

ကျိအောဂျောဂျင် ဘွဲ့တံဆိပ်ရရှိခဲ့ပြီး ဘုန်းကြီးနာဂါအိစံဟာ နိချိရင်းဗုဒ္ဓရုပ်ပွားတော်ကို ပင့်ဆောင်ကာ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပါတယ်။ နောက်တစ်နှစ်အကြာ နာဂါအိစံဟာ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်အတွင်းမှာ

ရန်ကုန်တက္ကသိုလ်နဲ့မလှမ်းမကမ်းမှာ ကျောင်သင်္ခမ်းတစ်ခု ဆောက်ပြီး သီတင်းသုံးပါတယ်။ အဲဒီလို သတင်းသုံးနေရင်း မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုနဲ့ပတ်သက်ပြီး ဂျပန်ထောက်လှမ်းရေးနဲ့အဆက်အသွယ်မပြတ်

ရှိနေကာ အမွိုင်မှာရှိနေတဲ့ သခင်‌အောင်ဆန်းတို့ နှစ်ဦးကို ပထမဆုံး ဂျပန်နိုင်ငံကို ပိုပြီး စစ်ပညာသင်ကြားဖို့နဲ့ စစ်လက်နက် အင်အားရယူရေးဆွေးနွေးဖို့ ရန်ကုန်အခြေစိုက် အမာခံတစ်ဦးဖြစ်သူ ဒေါက်တာသိန်းမောင်ကတစ်ဆင့်

ဗိုလ်မှူးကြီး ဆူဇူကီးနဲ့ ချိတ်ဆက်ပေးခဲ့သူလည်းဖြစ်ပါတယ်။ ၁၉၄၁ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့မှာ နာဂါအိစံဟာ မြန်မာနိုင်ငံ ကာကွယ်ရေး အက်ဥပဒေပုဒ်မ ၂၆ အရ အင်္ဂလိပ်အစိုးရက ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်တွင်း၌

အကျဉ်းကျ ခံခဲ့ရပါတယ်။ အဲဒီအတွက် မြန်မာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်ထံသို့ ၎င်းရဲ့ မတရားဖမ်းဆီးချုပ်နှောင်မှုကို ကန့်ကွက်စာပေးပို့ခဲ့ပြီး ရက်ပေါင်း ၇၂ ရက်တိုင်တိုင် အစာအငတ်ခံဆန္ဒပြခဲ့ပါတယ်။ ဒါပေမဲ့ အာဏာပိုင်‌

တွေက နှာခေါင်းမှတဆင့် ပိုက်ဖြင့် အစာသွတ်သွင်းခဲ့မှုကြောင့် အသက်မသေဘဲ ရှိခဲ့ပြီး နိုဝင်ဘာလ ၉ ရက်နေ့မှာ အင်္ဂလိပ်အစိုးရက နာဂါအိစံ ကိုပြည်နှင်ဒဏ် ခတ်ခဲ့သောကြောင့် နိကျိအဲဒမာရု သင်္ဘောဖြင့် မြန်မာနိုင်ငံမှ

ထွက်ခွာလာခဲ့ရာ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဂျပန်နိုင်ငံကိုဘိဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ပါတယ်။ ၁၉၄၁ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ဂျပန်ဗဟို စစ်ဦးစီးဌာနချုပ်က အာရှတောင်ပိုင်း စစ်မျက်နှာတပ်မတော် စစ်သေနာပတိချုပ်

ဗိုလ်ချုပ်ကြီးနေရာဥချိ (Field Marshall Hisaichi Terauchi) ကို မြန်မာနိုင်ငံတောင်ပိုင်းရှိ ရန်သူစစ်လေယာဉ်ကွင်းများကို တိုက်ခိုက်သိမ်းပိုက်ရန် စစ်မိန့်ပေးခဲ့တာကြောင့် မြန်မာနိုင်ငံအားကို ဂျပန်များ စတင်ထိုးစစ်ဆင်

တိုက်ခိုက်လာပါပြီ။ စစ်သင်တန်းအမျိုးမျိုးကို ခက်ခဲပင်ပန်းစွာသင်ယူပြီးဖြစ်တဲ့ ရဲဘော်သုံးကျိပ်ဝင်တွေဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် စောင့်ဆိုင်းနေကြပြီး မိမိတို့ နိုင်ငံကို ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဂျပန်အစိုးရရဲ့

အမိန့်ကို စောင့်မျှော်နေခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ပစိဖိတ်သမုဒ္ဒရာစစ်မျက်နှာမှာ စစ်ပွဲတွေစတင်လာတဲ့အတွက် မဟာဗျူဟာတွေပြောင်းလဲခဲ့ပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိ‌

အခြေစိုက်နေတဲ့ မြန်မာမျိုးချစ်လူငယ် ၂၀၀ ကျော်နဲ့ ရဲဘော် သုံးကျိပ်ဝင်တွေကို ဗဟိုပြုပြီး၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆/၂၇ ရက်မှာ ဗမာ့လွတ်လပ်ရေးတပ်မတော် (B.I.A) ကို ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၄၂ ခုနှစ် ဇန်နဝါရီလမှာ

မြန်မာနိုင်ငံတွင်းကို ရေကြောင်း၊ ကြည်းကြောင်းနဲ့ စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဘုန်းကြီးနာဂါအိစံလည်း ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ဂျပန်တပ်‌တွေနဲ့အတူ မြန်မာပြည်ကို ပြန်လိုက်လာပါတယ်။

၁၉၄၂ မတ်လ ၈ရက်နေ့မှာ BIA နဲ့ ဂျပန်တပ်ဖွဲ့တွေဟာ ရန်ကုန်မြို့ကိုသိမ်းပိုက်မိကြပါတယ်။ ဘုန်းကြီးနာဂါအိစံဟာ အဲဒီအချိန်ကစပြီး ၁၉၄၅ခုနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံမှာနေထိုင်သတင်းသုံးခဲ့ပြီး ဂျပန်စစ်တပ်

မြန်မာနိုင်ငံက ဆုတ်ခွာသည့်နောက်ဆုံးစစ်ကြောင်းနဲ့အတူ မြန်မာ-ထိုင်းနယ်စပ်ကို ဖြတ်ကျော်ကာ ဂျပန်နိုင်ငံသို့ ဘန်ကောက်မြို့မှတဆင့် ပြန်လည်ထွက်သွားခဲ့ပါတယ်။ ဘုန်းကြီး နာဂါအိစံဟာ ၁၉၃၇ ကနေ ၁၉၄၀

အထိ ကြေးစည်အမြဲတီးပြီး ရန်ကုန်မြို့အနှံ့ ဆွမ်းခံကြွရင်း ဂျပန်ထောက်လှမ်းရေးကို သတင်းအဆက် မပြတ်ပေးပို့ရင်းနဲ့ ပြည်တွင်းက တော်လှန်ရေး အင်အားစုတွေကို ဟိုင်နန်ကျွန်းမှာ စစ်ပညာသင်ဖို့ အောင်မြင်စွာ

ပံ့ပိုးကူညီချိတ်ဆက်ပေးခဲ့နိုင်ခဲ့တာ တွေ့ရပါတယ်။ သူဟာ ဂျပန်နိုင်ငံတိုကျိုမြို့မှာ အသက် ၆၇နှစ် အရွယ် ၁၉၇၄ခုနှစ် မတ်လ ၂၀ ရက်နေ့မှာ ကွယ်လွန်အနိစ္စရောက်သွားခဲ့ပါတယ်။ ခရက်ဒစ် Yan Aung