ရခိုင်စစ်ဘေးကြောင့် ဒူးအောက်ပိုင်းပြတ်သွားရတဲ့ အပြစ်မဲ့ပြည်သူတစ်ယောက်အတွက် ဆေးဖိုးဝါးခများ ဦးဆောင်လှူဒါန်းကုသိုလ်ယူခဲ့တဲ့ ချမ်းချမ်း







ယူနီကုဒ်ဖြင့်ဖတ်ရန်

အဆိုတော် ချမ်းချမ်းကတော့ Melody World သီချင်းဆိုပြိုင်ပွဲကနေပြီး လူသိများကျော်ကြားလာကာ အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ကြည်လင်ပြတ်သားတဲ့ အသံနဲ့ သီချင်းတွေကို သီဆိုတတ်တဲ့ အဆိုတော်ချမ်းချမ်းက လက်ရှိအချိန်ထိတိုင် သူမဝါသနာပါ မြတ်နိုးတဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

ချမ်းချမ်းက အနုပညာအလုပ်တွေလည်း လုပ်ကိုင်နေသလို ပရဟိတအလုပ်တွေလည်း လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ချမ်းချမ်းက ရခိုင်စစ်ဘေးသင့်ပြည်သူများရဲ့

ဆေးဖိုးဝါးခအတွက် အလှူရှင်တွေနဲ့ စုပေါင်းကာ ဦးဆောင်လှူဒါန်းမှုတွေပြုလုပ်ပေးနေတာဖြစ်ပါတယ်။ ဒီနေ့မှာလည်း ချမ်းချမ်းက ရခိုင်စစ်ဘေးသင့်ပြည်သူများထဲက မြေပုံမြို့မယ်၊

စညင်းကျေးရွာမှာ မနန်းစုအတွက် ဂျိုင်းထောက်နဲ့ လိုအပ်တဲ့ ဆေးဝါးများကို လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ ချမ်းချမ်းကတော့ အလှူအတန်းတွေ ပြုလုပ်ရင်းနဲ့ သမီးလေးနဲ့ဘဝကို

အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။