လုပ္ငန္းရွင္ထြက္ေျပးတဲ့ ABLE GLAD MYANMAR စက္႐ုံအလုပ္သမားမ်ား လစာရရွိ

ေရႊျပည္သာစက္မႈဇုန္ ၁ မွ ABLE GLAD MYANMAR စက္႐ုံရွိ အလုပ္သမား ၆၆၉ ​ေယာက္အား လစာမရွင္းေပးဘဲ လုပ္ငန္းရွင္ ထြက္ေျပးသြားေသာ္လည္း စက္႐ုံအတြင္း က်န္ရွိခဲ့သည့္ အပ္ထည္ကုမၸဏီမ်ားမွ လစာရွင္းေပးခဲ့တယ္လို႔

ABLE GLAD MYANMAR ဝန္ထမ္းေတြထံက သိရပါတယ္။ “သူေဌးက ထြက္ေျပးသြားတယ္။ က်န္ခဲ့တဲ့အထည္ေတြ အပ္ထားတဲ့ သူေဌးသုံးဦးက သူတို႔အထည္ေတြ ျပန္ယူၿပီး လစာကိုေခ်ေပးတယ္။ သိန္းေပါင္း ၁၆၀၀ ရတယ္။

အဲ့ဒါကိုခြဲၿပီး လစာကေတာ့ အခု ထုတ္ေပးပါတယ္။ အလုပ္သမားေတြ နစ္နာေၾကးအေနနဲ႔က ဒီမွာက်န္ရွိတဲ့ စက္ပစၥည္းေတြ ခ်ိန္ၾကည့္ရဦးမွာ။ ခ်ိန္ၾကည့္ၿပီးေတာ့ အဆင္ေျပမယ္ဆိုရင္ေတာ့ နစ္နာေၾကးလည္း ရမယ္ထင္တယ္” လို႔

အလုပ္သမားေတြကို လိုက္ပါကူညီေပးတဲ့ STUM အဖြဲ႕ရဲ႕ စည္း႐ုံးေရးမွူး ကိုေက်ာ္ဇင္ထက္က မီဒီယာ​ေတြကို ေျပာပါတယ္။ လုပ္ငန္းရွင္ တိမ္းေရွာင္သြားတာေၾကာင့္ အလုပ္လက္မဲ့ျဖစ္သြားတဲ့ အလုပ္သမား ၇၀၀ ဝန္းက်င္ကို စက္မႈဇုံေကာ္မတီရဲ႕

စီစဥ္ေပးမႈျဖင့္ ထပ္မံဖြင့္လွစ္ရန္ရွိသည့္ အထည္ခ်ဳပ္စက္႐ုံတြင္ အလုပ္ရရွိနိုင္ရန္ စီစဥ္ေပးသြားမည္ဟု သိရေၾကာင္း ၎ကေျပာပါတယ္။ “လစာေတြ ရပါၿပီ။ နစ္နာေၾကးကေတာ့ မသိရေသးဘူး။ အခုက်န္တဲ့ပစၥည္းေတြ ​ေရာင္းၿပီး

ကားသမား​ေတြလည္း ​ေပးရဦးမယ္ၾကားတယ္။ မေန႔က မရတာက ​ေအာ္ဒါ ၃ ခုရွိတာ ၂ ခုက အဆင္ေျပတယ္။ ကားေပၚတင္ၿပီး ေနာက္တခုက အဆင္မေျပဘူး ရစ္ေနလို႔ၾကာသြားတာ။ သူတို႔ လိုခ်င္တဲ့ပုံစံျဖစ္မွ ပိုက္ဆံကရမွာေလ။

အခုအကုန္ အလုပ္မရွိ​ေတာ့ေပမယ့္ ဟန္ခ်င္းစက္႐ုံသူေဌးတို႔ အျခားသူေဌးေတြကလည္း တစ္႐ုံလုံးေခၚၿပီး အလုပ္ခန႔္မယ္ေျပာတယ္” လို႔ ယင္းစက္႐ုံရွိ ဝန္ထမ္းတစ္ဦးက ​ေျပာဆိုပါတယ္။

အဆိုပါစက္႐ုံတြင္ အလုပ္သမား ၆၆၉ ေယာက္ရွိၿပီး အျခားစက္႐ုံႀကီးမ်ားမွ အထည္ အပ္ထည္မ်ားအား တစ္ဆင့္ျပန္ယူခ်ဳပ္လုပ္ကာ လည္ပတ္ေနတာျဖစ္ေၾကာင္း သိရပါတယ္။ ခရက္ဒစ္.

ယူနီကုဒ္ျဖင့္ဖတ္ရန္

ရွှေပြည်သာစက်မှုဇုန် ၁ မှ ABLE GLAD MYANMAR စက်ရုံရှိ အလုပ်သမား ၆၆၉ ယောက်အား လစာမရှင်းပေးဘဲ လုပ်ငန်းရှင် ထွက်ပြေးသွားသော်လည်း စက်ရုံအတွင်း ကျန်ရှိခဲ့သည့် အပ်ထည်ကုမ္ပဏီများမှ လစာရှင်းပေးခဲ့တယ်လို့

ABLE GLAD MYANMAR ဝန်ထမ်းတွေထံက သိရပါတယ်။ “သူဌေးက ထွက်ပြေးသွားတယ်။ ကျန်ခဲ့တဲ့အထည်တွေ အပ်ထားတဲ့ သူဌေးသုံးဦးက သူတို့အထည်တွေ ပြန်ယူပြီး လစာကိုချေပေးတယ်။ သိန်းပေါင်း ၁၆၀၀ ရတယ်။

အဲ့ဒါကိုခွဲပြီး လစာကတော့ အခု ထုတ်ပေးပါတယ်။ အလုပ်သမားတွေ နစ်နာကြေးအနေနဲ့က ဒီမှာကျန်ရှိတဲ့ စက်ပစ္စည်းတွေ ချိန်ကြည့်ရဦးမှာ။ ချိန်ကြည့်ပြီးတော့ အဆင်ပြေမယ်ဆိုရင်တော့ နစ်နာကြေးလည်း ရမယ်ထင်တယ်” လို့

အလုပ်သမားတွေကို လိုက်ပါကူညီပေးတဲ့ STUM အဖွဲ့ရဲ့ စည်းရုံးရေးမှူး ကိုကျော်ဇင်ထက်က မီဒီယာတွေကို ပြောပါတယ်။ လုပ်ငန်းရှင် တိမ်းရှောင်သွားတာကြောင့် အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမား ၇၀၀ ဝန်းကျင်ကို စက်မှုဇုံကော်မတီရဲ့

စီစဉ်ပေးမှုဖြင့် ထပ်မံဖွင့်လှစ်ရန်ရှိသည့် အထည်ချုပ်စက်ရုံတွင် အလုပ်ရရှိနိုင်ရန် စီစဉ်ပေးသွားမည်ဟု သိရကြောင်း ၎င်းကပြောပါတယ်။ “လစာတွေ ရပါပြီ။ နစ်နာကြေးကတော့ မသိရသေးဘူး။ အခုကျန်တဲ့ပစ္စည်းတွေ ရောင်းပြီး

ကားသမားတွေလည်း ပေးရဦးမယ်ကြားတယ်။ မနေ့က မရတာက အော်ဒါ ၃ ခုရှိတာ ၂ ခုက အဆင်ပြေတယ်။ ကားပေါ်တင်ပြီး နောက်တခုက အဆင်မပြေဘူး ရစ်နေလို့ကြာသွားတာ။ သူတို့ လိုချင်တဲ့ပုံစံဖြစ်မှ ပိုက်ဆံကရမှာလေ။

အခုအကုန် အလုပ်မရှိတော့ပေမယ့် ဟန်ချင်းစက်ရုံသူဌေးတို့ အခြားသူဌေးတွေကလည်း တစ်ရုံလုံးခေါ်ပြီး အလုပ်ခန့်မယ်ပြောတယ်” လို့ ယင်းစက်ရုံရှိ ဝန်ထမ်းတစ်ဦးက ပြောဆိုပါတယ်။

အဆိုပါစက်ရုံတွင် အလုပ်သမား ၆၆၉ ယောက်ရှိပြီး အခြားစက်ရုံကြီးများမှ အထည် အပ်ထည်များအား တစ်ဆင့်ပြန်ယူချုပ်လုပ်ကာ လည်ပတ်နေတာဖြစ်ကြောင်း သိရပါတယ်။ ခရက်ဒစ်.