ဘရာဇီးလ္သမၼတ Jair Bolsonaro ကိုဗစ္ကူးစက္ခံရ

ဘရာဇီးလ္သမၼတ Jair Bolsonaro က သူဟာ ကိုရိုနာဗိုင္းရပ္စ္ေရာဂါ ကူးစက္ခံေနရၿပီျဖစ္ေၾကာင္း အဂၤါေန႔မွာ ေၾကညာပါတယ္။ သူ႕မွာအဖ်ားရွိတာ အပါအဝင္ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါ လကၡဏာေတြ ေတြ႕လာရၿပီး ရက္ပိုင္းအတြင္းမွာပဲ

ခုလို ​ေၾကညာခဲ့တာပါ။ ကိုရိုနာဗိုင္းရပ္စ္ အႏၲရာယ္နဲ႔ပတ္သက္ၿပီး သမၼတ Bolsonaro က ေလွ်ာ့ေပါ့ေျပာေလ့ရွိသလို သူဟာ က်န္းမာေရးလိုက္စားသူ ျဖစ္တဲ့အတြက္ အကူးစက္ခံရမွာကို စိတ္မပူေၾကာင္း သူ႕ကိုေထာက္ခံသူေတြကို

ေျပာခဲ့ဖူးပါတယ္။ ဒီေရာဂါျဖစ္တာဟာ ရိုးရိုးဖ်ားနာတာလို ဒါမွမဟုတ္ ဥတုရာသီဒဏ္ ခံရသလိုျဖစ္ေနၿပီး သူ႕အေနနဲ႔ ဘာမွ သိပ္မခံစားရေၾကာင္းလည္း ေျပာပါတယ္။ သမၼတ Bolsonaro ဟာ ဒီဗိုင္းရပ္စ္ပိုးရဲ႕ အသက္ပါေသေစနိုင္တဲ့

အႏၲရာယ္ကို လစ္လ်ဴ႐ႈတဲ့ အေနနဲ႔ လူထုၾကားသြားလာရာမွာ ႏွာေခါင္းစည္းတပ္ဖို႔လိုမ်ိဳး ဒီေရာဂါမျပန္႔ႏွံ႔​ေအာင္ ထိန္းခ်ဳပ္မႈေတြကိုပါ စိန္ေခၚခဲ့သူျဖစ္ပါတယ္။ သူ႕လက္ေထာက္ အမ်ားအျပားဟာ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္နဲ႕

ဖေလာ္ရီဒါျပည္နယ္က Mar-a-Lago ေနအိမ္မွာ ေတြ႕ဆုံခဲ့ၿပီးေနာက္ပိုင္း မတ္လထဲမွာ ဒီေရာဂါ ကူးစက္ခံခဲ့ရတာျဖစ္ၿပီး အဲဒီေနာက္မွာ သမၼတ Bolsonaro ရဲ႕ ကိုဗစ္ ၁၉ အတြက္ ေဆးစစ္မႈ ၃ ႀကိမ္စလုံး ပိုးကူးစက္မႈ မရွိခဲ့ဘူးလို႔

သတင္းဌာနတစ္ခုမွာ ေဖၚျပခဲ့ပါတယ္။ ဘရာဇီးလ္နိုင္ငံဟာ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါဒဏ္ အဆိုးဝါးဆုံးခံရတဲ့ နိုင္ငံတနိုင္ငံျဖစ္ၿပီး ကူးစက္ခံရသူက ၁.၆ သန္းေက်ာ္ရွိေနသလို ဒီေရာဂါေၾကာင့္ ေသဆုံးရသူကလည္း ၆ ေသာင္းခြဲေက်ာ္ ရွိေနတာပါ။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ဘရာဇီးလ်သမ္မတ Jair Bolsonaro က သူဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံနေရပြီဖြစ်ကြောင်း အင်္ဂါနေ့မှာ ကြေညာပါတယ်။ သူ့မှာအဖျားရှိတာ အပါအဝင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ လက္ခဏာတွေ တွေ့လာရပြီး ရက်ပိုင်းအတွင်းမှာပဲ

ခုလို ကြေညာခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်နဲ့ပတ်သက်ပြီး သမ္မတ Bolsonaro က လျှော့ပေါ့ပြောလေ့ရှိသလို သူဟာ ကျန်းမာရေးလိုက်စားသူ ဖြစ်တဲ့အတွက် အကူးစက်ခံရမှာကို စိတ်မပူကြောင်း သူ့ကိုထောက်ခံသူတွေကို

ပြောခဲ့ဖူးပါတယ်။ ဒီရောဂါဖြစ်တာဟာ ရိုးရိုးဖျားနာတာလို ဒါမှမဟုတ် ဥတုရာသီဒဏ် ခံရသလိုဖြစ်နေပြီး သူ့အနေနဲ့ ဘာမှ သိပ်မခံစားရကြောင်းလည်း ပြောပါတယ်။ သမ္မတ Bolsonaro ဟာ ဒီဗိုင်းရပ်စ်ပိုးရဲ့ အသက်ပါသေစေနိုင်တဲ့

အန္တရာယ်ကို လစ်လျူရှုတဲ့ အနေနဲ့ လူထုကြားသွားလာရာမှာ နှာခေါင်းစည်းတပ်ဖို့လိုမျိုး ဒီရောဂါမပြန့်နှံ့အောင် ထိန်းချုပ်မှုတွေကိုပါ စိန်ခေါ်ခဲ့သူဖြစ်ပါတယ်။ သူ့လက်ထောက် အများအပြားဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့

ဖလော်ရီဒါပြည်နယ်က Mar-a-Lago နေအိမ်မှာ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း မတ်လထဲမှာ ဒီရောဂါ ကူးစက်ခံခဲ့ရတာဖြစ်ပြီး အဲဒီနောက်မှာ သမ္မတ Bolsonaro ရဲ့ ကိုဗစ် ၁၉ အတွက် ဆေးစစ်မှု ၃ ကြိမ်စလုံး ပိုးကူးစက်မှု မရှိခဲ့ဘူးလို့

သတင်းဌာနတစ်ခုမှာ ဖေါ်ပြခဲ့ပါတယ်။ ဘရာဇီးလ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါဒဏ် အဆိုးဝါးဆုံးခံရတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး ကူးစက်ခံရသူက ၁.၆ သန်းကျော်ရှိနေသလို ဒီရောဂါကြောင့် သေဆုံးရသူကလည်း ၆ သောင်းခွဲကျော် ရှိနေတာပါ။