ေက်ာင္းစတက္တဲ့ အသက္ ၆ ႏွစ္အ႐ြယ္ကေလးမ်ားကို ပထမတန္းတက္ေရာက္ခြင့္ျပဳမည္

သူငယ္တန္းအဆင့္ကို တက္ေရာက္ရေတာ့မွာ မဟုတ္ပါဘူး။ ေက်ာင္းစတက္မယ့္ ကေလးမ်ား ကို အသက္ (၆)ႏွစ္ျပည့္ပါက သူငယ္တန္းအဆင့္ကိုေက်ာ္ၿပီး ပထမတန္းတန္းတက္ေရာက္ခြင့္ကို ၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္က စတင္ၿပီး

ခြင့္ျပဳေတာ့မယ္လို႔ အေျခခံပညာဦးစီးဌာနမွသိရပါတယ္။ ယခုႏွစ္ပညာသင္ႏွစ္ရဲ႕ မူလတန္းအဆင့္ ေက်ာင္းအပ္လက္ခံေရး ကို ဩဂုတ္လ ပထမအပတ္ေလာက္မွာ လုပ္ေဆာင္ သြားမွာျဖစ္ၿပီး အသက္ ၅ ႏွစ္ျပည့္တဲ့သူတိုင္းက မူလအတိုင္း

KG တန္းကို တက္ေရာက္ရမွာျဖစ္ၿပီး အသက္ ၆ ႏွစ္ျပည့္ခါနီးကေလးေတြေတာ့ ပထမတန္းကို တက္ေရာက္ခြင့္ ရမည္ ျဖစ္ပါတယ္။ “အသက္ ၆ ႏွစ္ ျပည့္ခါနီးကေလးက်ေတာ့ ပထမတန္းကို စတက္ရင္ေတာင္ သူတို႔အသက္ သူတို႔ရဲ႕ဥာဏ္ရည္နဲ႔

သင္ခန္းစာကို လိုက္ႏိုင္တဲ့သေဘာမွာ ရွိပါတယ္။ KG မွာက ကေလးေတြ ေက်ာင္းေပ်ာ္ေအာင္ သူတို႔အ႐ြယ္နဲ႔လိုက္တဲ့ ေပ်ာ္စရာအစီအစဥ္ေလးေတြ ကိုပဲ သင္ၾကားေပးတာ ဆိုေတာ့ ၆ႏွစ္ျပည့္တဲ့ကေလးက ဒီအဆင့္ကို မတက္လည္း

ရတဲ့သေဘာပါ”လို႔ အေျခခံ ပညာဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးတင္ေမာင္ဝင္းက မီဒီယာမ်ားကို ေျပာပါတယ္။ အသက္ ၆ ႏွစ္ျပည့္မွမဟုတ္ဘဲ ၆ ႏွစ္ျပည့္ဖို႔ လပိုင္းအနည္းငယ္လိုတဲ့ ကေလးေတြကိုလည္း ေထာက္ခံခ်က္နဲ႔

တက္ေရာက္ ခြင့္ျပဳသြားမွာပါ။ ေက်ာင္းအပ္တဲ့အခါမွာေတာ့ ေက်ာင္းတက္မယ့္ကေလးရဲ႕ ေမြးစာရင္းနဲ႔ အိမ္ေထာင္စုစာရင္းကို တင္ျပရမွာျဖစ္ၿပီး အသက္အ႐ြယ္ျပည့္မွီျခင္း ရွိမရွိကိုေတာ့ တိုက္ဆိုင္စစ္ေဆးမႈေတြ လုပ္သြားမယ္လို႔ သိရပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

သူငယ်တန်းအဆင့်ကို တက်ရောက်ရတော့မှာ မဟုတ်ပါဘူး။ ကျောင်းစတက်မယ့် ကလေးများ ကို အသက် (၆)နှစ်ပြည့်ပါက သူငယ်တန်းအဆင့်ကိုကျော်ပြီး ပထမတန်းတန်းတက်ရောက်ခွင့်ကို ၂၀၂၀-၂၀၂၁ ပညာသင်နှစ်က စတင်ပြီး

ခွင့်ပြုတော့မယ်လို့ အခြေခံပညာဦးစီးဌာနမှသိရပါတယ်။ ယခုနှစ်ပညာသင်နှစ်ရဲ့ မူလတန်းအဆင့် ကျောင်းအပ်လက်ခံရေး ကို ဩဂုတ်လ ပထမအပတ်လောက်မှာ လုပ်ဆောင် သွားမှာဖြစ်ပြီး အသက် ၅ နှစ်ပြည့်တဲ့သူတိုင်းက မူလအတိုင်း

KG တန်းကို တက်ရောက်ရမှာဖြစ်ပြီး အသက် ၆ နှစ်ပြည့်ခါနီးကလေးတွေတော့ ပထမတန်းကို တက်ရောက်ခွင့် ရမည် ဖြစ်ပါတယ်။ “အသက် ၆ နှစ် ပြည့်ခါနီးကလေးကျတော့ ပထမတန်းကို စတက်ရင်တောင် သူတို့အသက် သူတို့ရဲ့ဉာဏ်ရည်နဲ့

သင်ခန်းစာကို လိုက်နိုင်တဲ့သဘောမှာ ရှိပါတယ်။ KG မှာက ကလေးတွေ ကျောင်းပျော်အောင် သူတို့အရွယ်နဲ့လိုက်တဲ့ ပျော်စရာအစီအစဉ်လေးတွေ ကိုပဲ သင်ကြားပေးတာ ဆိုတော့ ၆နှစ်ပြည့်တဲ့ကလေးက ဒီအဆင့်ကို မတက်လည်း

ရတဲ့သဘောပါ”လို့ အခြေခံ ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ဝင်းက မီဒီယာများကို ပြောပါတယ်။ အသက် ၆ နှစ်ပြည့်မှမဟုတ်ဘဲ ၆ နှစ်ပြည့်ဖို့ လပိုင်းအနည်းငယ်လိုတဲ့ ကလေးတွေကိုလည်း ထောက်ခံချက်နဲ့

တက်ရောက် ခွင့်ပြုသွားမှာပါ။ ကျောင်းအပ်တဲ့အခါမှာတော့ ကျောင်းတက်မယ့်ကလေးရဲ့ မွေးစာရင်းနဲ့ အိမ်ထောင်စုစာရင်းကို တင်ပြရမှာဖြစ်ပြီး အသက်အရွယ်ပြည့်မှီခြင်း ရှိမရှိကိုတော့ တိုက်ဆိုင်စစ်ဆေးမှုတွေ လုပ်သွားမယ်လို့ သိရပါတယ်။