ရုပ်ရှင်သရုပ်ဆောင် မြင့်မြတ်နှင့်ပိုင်ဖြိုးသုတို့ရဲ့ နာမည်​တွေသုံးပြီး လိုက်လိမ်နေတဲ့ လူလိမ်အဖွဲ့
ယူနီကုဒ်ဖြင့်ဖတ်ရန်
ပြင်ဦးလွင်မှမိတ်ဆွေများ သတိရှိကြပါရန်။ ယနေ့မနက်ပိုင်း ၁၀:၁၅ လောက်မှာ ဆိုင်ကဝန်ထမ်းလေးများမှ ဖုန်းဆက်လာပြီး အမ ခဏနေဆိုင်မှာ မင်းသမီး ရုပ်ရှင်လာရိုက်ဖို့လာ ခွင့်တောင်းနေတယ် ကိုယ်ကလည်း ဆိုင်ကို လူပိုသိစေချင်တော့ ရပါတယ်လို့ ပြောပေးလိုက်ပါတယ်။
ပြီးတော့ လာခွင့်တောင်းသူက ကျွန်မနဲ့ဖုန်းပြောရင်း ကြော်ငြာ ကမ်းလှမ်းလာပါတယ်။ ခုလာရိုက်မှာက ပိုင်ဖြိုးသု၊ မြင့်မြတ်နဲ့ ခင်လှိုင်တို့လာမှာတဲ့၊ သူတို့က ဆိုင်မှာရိုက်ဖို့ အကူညီတောင်းရင်းနဲ့မို့ ကျွန်မတို့ဘက်က ကြေညာရိုက်ချင်ပါက ပုံမှန်ပေါက်ဈေးက တစ်ပုံ ၁၅ သိန်းရှိပါတယ်၊ အခုက အကူအညီ
တောင်းရင်းနဲ့လာတာမို့ ဒေါ်လာ ၄၀၀ ဘဲယူမှာပါတဲ့ ဒေါ်လာ ၄၀၀ က မြို့ဝင်မြို့ထွက်ရဲ့ ကြေညာဆိုင်းဘုတ်ကီးတွေ ချိတ်ဖို့ ဆိုဒ် ၄၀X၂၀ လက်မ ၂ ချပ်၊ ၂.၅ လက်မ ဗီနိုင်း ၅၀ ချပ်နဲ့ လက်ကမ်း ၃၀ ရွက်၊ ပိုင်ဖြိုးသုရဲ့ ရိုက်ကူးခက free ပါတဲ့၊ ကျွန်မကလည်း စိတ်ဝင်စားတယ်ပေါ့။ confirm ပေါ့။
ကမ်းလှမ်းသူက ပြောပါတယ်။ ခုမင်းသား မင်းသမီးတွေက အထည်ဆိုင်မှာရိုက်နေကြတာ, နေ့လည် ထမင်းစားနားပြီး ကျွန်မဆိုင်ကို ၁ နာရီလောက်လာမှာ, ကျွန်မကလည်း ခုပြောတဲ့ဆိုင်က ဘယ်နားမှာလည်းပေါ့, သူကပြောတာက ကျွန်မဆိုင်နဲ့မဝေးပါဘူး, ၂ လမ်းလောက်ပဲ ခြားတာတဲ့,
ကျွန်မကလည်း စိတ်ကူးထဲမှာ ဒီနားပတ်ဝန်းကျင်ကဆိုင် ကျွန်မ အကုန်သိပါတယ်ပေါ့, ဘယ်နားလေးပါလိမ့်ဆို စဉ်းစားရင်း, သူက သွားပြင်ဆင်လိုက်ဦးမယ် ဆိုပြီးထွက်သွားပါတယ်, လမ်းလျောက်ပြီးနောက် တစ်ဆိုင်ဝင်ဖို့သွားပါတယ် ကိုယ့်အတွေးထဲမှာ ရှိတာက ဒီနာမည်ကြီး မင်းသားမင်းသမီးတွေက
ဘာရုပ်ရှင်တွေ ရိုက်နေတာမို့ အထည်ဆိုင်တွေချည်း ပတ်ရိုက်ပြီး အထည်ဆိုင်ကနေကို မထွက်နိုင်တာလဲပေါ့နော် ကောင်လေးထွက်သွားပြီး ကျွန်မဆိုင်နားက သူပြောတဲ့ အထည်ဆိုင်နာမည်ကို တစ်လမ်းဝင် တစ်လမ်းထွက်နဲ့ ပတ်ရှာတာလည်းမတွေ့, ကိုယ်ဘဲမှားတာလား? သူဘဲမှားတာလားပေါ့ကွယ်
၁၂ နာရီကျော်တော့ ကောင်လေးက စာရွက်စာတမ်းနဲ့လာပြီး အချက်အလက်တွေဖြည့်ဖို့, လက်မှတ်ထိုးဖို့နဲ့ စရန်သွင်းဖို့, စရန်က ဒေါ်လာ ၂၀၀ သွင်းရမှာပါ, ကျန်ငွေက ကြော်ညာဘုတ်ပေါ်ချိတ်ပြီးမှ ချေရမှာပါ။ ကျွန်မလည်း ဒီစာချုပ်လေးကို ဓါတ်ပုံရိုက်ပြီး သူငယ်ချင်း မိတ်ဆွေများသော ကျွန်မညီမစီ
ပို့ပေးလိုက်ပြီး အကျိုးအကြောင်း စုံစမ်းခိုင်းရာမှ ညီမက အမရေ စာချုပ်မချုပ်နဲ့ လူလိမ်တွေပါ, သူ့ရဲ့ Power King Protection Film က ဘယ်သူမှလည်း မသိဘူးနော်, ပြီးတော့ သူ Like လုပ်ခိုင်းပြီး ဝင်ကြည့်ခိုင်းတဲ့ Artisa Film ကလည်း တရားဝင် ကြော်ညာထားပါတယ်,
လူတစ်စုက သူတို့ Artisa Film နာမည်သုံးပြီး လိမ်လည်နေတယ် ဆိုတဲ့ကြောင်း, လတ်တလော သူတို့ရိုက်ကူးရေးတွေ ရပ်ထားပါတယ် ဆိုတဲ့အကြောင်း ညီမကပြောပြပါတယ်, ကျွန်မကလည်း နဂိုကတည်းကသံသယဖြစ်နေတာပိုပြီး သေချာသွားတာပေါ့ ကျွန်မက ကောင်လေးကိုမေးလိုက်တာပေါ့
ခုန မောင်လေးပြောတဲ့ ရိုက်နေတယ်ဆိုတဲ့ဆိုင်က ဘယ်နားမှာလဲ? သူက ပြောရှာပါတယ် Hotel Smile နားမှာတဲ့, Hotel Smile နားမှာဆို မောင်လေးပြောတဲ့ ဆိုင်မရှိဘူးကော်? May Myo Fashion ဘဲရှိတာ, သူကဟုတ်တယ် ဟုတ်တယ် အဲ့ဆိုင်ပါတဲ့, သူပြောတဲ့ Hotel Smile နဲ့ စောစောက
သူပြောတဲ့ ကျွန်မဆိုင်နဲ့ ၂ လမ်းဘဲခြားတယ်ဆိုတာက ဟိုး အဝေးကြီးပါ။ သူကပြောသေးတယ် မနက်ဖန်မနက်ဆို ပိုင်ဖြိုးသုနဲ့ မြင့်မြတ်က ကျွန်မတို့ မျက်စောင်းထိုးနားက AGD Bank မှာ ရိုက်ရဦးမှာတဲ့ လောလောဆယ် သူပြောတဲ့ ၁ နာရီ ဆိုင်ဝင်ရိုက်မယ့် ပိုင်ပိုင်တို့ကိုတော့ မတွေ့ရသေးဘူး။
မနက်ဖန် AGD Bank မှာလည်းဝင်ရိုက်မယ် ဆိုတာကလည်း “ဒုတ်” နဲ့လားမသိ ကျွန်မ အိမ်ပြန်ရောက်တော့ အိမ်က အမျိုးသားနဲ့ ဒီကိစ္စပြောတော့ ဘေးမှာရှိတဲ့တူမလေးက အဲကောင်လေးက မဲမဲနဲ့လားတဲ့? ဟုတ်ဘူး ဖြူဖြူလေး, တူမလေးက ပြန်ပြောတယ် ဟုတ်ဘူး Mask မဲမဲလေးနဲ့လားတဲ့?
ကိုယ်က ဟုတ်တယ်, ဘယ်မှာတွေ့လိုက်တာလဲလို့? ခုနက ခဲအိုဆိုင်မှာ တွေ့ခဲ့တယ်တဲ့, ကျွန်မလည်းမြန်မြန် ခဲအိုစီဖုန်းဆက်, သူစီဝင်နေတုန်းတဲ့, ကျွန်မလည်းမြန်မြန် သူ့ဆိုင်ပြေး, ကျွန်မဆိုင်ထဲအဝင် အဲ့ကောင်လေးကအထွက်, ကျွန်မက ပြောပြလိုက်တယ် ကျွန်မ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို
ပြန်တောင်းထားလိုက်တယ်, သူတို့က အကုန်ရေးပေးလိုက်ပြီတဲ့ လက်မှတ်ထိုးဖို့နဲ့ စရန်သွင်းဖို့ဘဲ လိုတာတဲ့, စောစောတုန်းကလည်း ဇွတ်လက်မှတ်ထိုးခိုင်းနေတာတဲ့, ကျွန်မဖုန်းဝင်ပြီး သူတို့ကလည်း စရန်ငွေကို မင်းသမီးတွေ့မှ ပေးမယ်ပေါ့။ သူတို့လည်း ချက်ချင်း ကောင်လေးနောက်လိုက်ပြီး
စာရွက်စာတမ်း ပြန်တောင်းမယ်ပေါ့, ကိုယ်ယောင်ဖျောက်လိုက်လားတော့ မသိဘူး, မတွေ့တော့ဘူး ကောင်လေးက အသားဖြူဖြူ အရပ်ပုံမှန် ပိန်ပိန်လေးပါ လွယ်အိတ်တလုံးနဲ့, ဒါရိုက်တာရဲ့ ရှေ့ပြေးလို့ပြောပါတယ်။ သတိရှိကြပါ မိတ်ဆွေတို့။ ခရက်ဒစ် – ဘေဘီဘာလေဒီ.