သစၥာတရားကို တန္ဖိုးထားတဲ့ သူမအတြက္ ေရွ႕ဆက္ဖို႔ ဘယ္လိုမွ မျဖစ္နိုင္ေတာ့ဘူးလို႔ ဆိုလာတဲ့ နန္းဆုရတီစိုး

အဆိုေတာ္ G Fatt နဲ႔ နန္းဆုရတီစိုး တို႔ခ်စ္သူစံုတြဲ ဟာဆိုရင္ ပရိသတ္ေတြ ခ်စ္ခင္အားက်ရတဲ့ ပရိသတ္အခ်စ္ေတာ္ေတြပဲ ျဖစ္ပါတယ္။

မနဲ႔ ေမာင္ ခ်စ္သူစံုတြဲ ျဖစ္တာေၾကာင့္ တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈေတြ သစၥာတရားေတြနဲ႔ တည္ေဆာက္ထားတဲ့ G Fatt နဲ႔ နန္းဆုတို႔ ရဲ႕ ခ်စ္သူႏွစ္ဦးကို ပရိသတ္ေတြက လည္း

အျမဲအားေပးေနၾကတာပဲ ျဖစ္ပါတယ္။ ဒီတစ္ခါမွေတာ့ ပံုမွန္အျမဲ ေဖ့စ္ဘြတ္ေပၚမွာ အတြဲပံုေလးေတြေဖာ္ျပတတ္တဲ့ သူတို႔စံုတြဲေလး ေအးစက္လာၿပီး ပရိသတ္ေတြသတိထားမိတဲ့အထိ ျဖစ္လာခဲ့ပါတယ္။

နန္းဆုက သူမအခ်စ္ေရးနဲ႔ ပတ္သက္ၿပီးလည္း အဆင္မေျပေတာ့တဲ့အေၾကာင္း အင္တာဗ်ဴးေျဖထားပါေသးတယ္။ ခ်စ္ပရိသတ္ေတြအတြက္ နန္းဆု တင္ထားတဲ့ Post ေလးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

နန္းဆုရတီစိုးက “ခ်စ္သူစံုတြဲတိုင္းမွာ ကိုယ္တန္ဖိုးထားတဲ့ အရာေတြရွိုၾကပါတယ္။ တန္ဖိုးထားတဲ့ အရာေတြကို ထိရင္ ဘယ္သူမွ ခြင့္လြတ္မွာ မဟုတ္ဘူး။ နန္းဆုက အမ်ားႀကီးလည္း မေမၽွာ္လင့္ဘူး သာမာန္ေလာက္ပါပဲ။

ဂုဏ္ေငြ ပကာသန ေတြမလိုဘူး။နန္းဆု လိုခ်င္တာ ၊ သစၥာတရားရယ္၊ ေမတၱာတရား၊ ကိုယ္ခ်င္းစာတရားရယ္ပဲ လိုခ်င္တာပါ။ အဲဒီထဲကမွ တစ္ခုတေလပဲ ျဖစ္ျဖစ္ ၂ခုပဲ ျဖစ္ျဖစ္ မရွိခဲ့ဘူးဆိုရင္

အဲဒါမ်ိဳးမေပးႏိုင္ေတာ့ဘူးဆိုရင္ ေရွ႕ဆက္ဖို႔ အဆင္မေျပႏိုင္ေတာ့ဘူးေပါ့။” လို႔ အင္တာဗ်ဴးမွာ ေျဖထားပါေသးတယ္။ ဒီတစ္ခါမွာေတာ့ သူမက ” ဘယ္လိုမွ မတတ္ႏိုင္ဘူး

ကိုယ္တန္ဖိုးအထားဆံုးက သစၥာတရားျဖစ္ေနေတာ့လဲ ” ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘြတ္ေပၚမွာ တင္ထားပါတယ္။ ေနာက္ၿပီး နန္းဆုက ” သူ႔ကို တစ္ခ်ိ္န္တုန္းက ခ်စ္သူေပးထားတဲ့ စာေလးေတြျပန္ၾကည့္ၿပီး

စိတ္မေကာင္းျဖစ္ေနတဲ့ Post ေလးကို တင္ထားျပန္ပါတယ္။ နန္းဆုကေတာ့ သူတန္ဖိုးထားတဲ့ သစၥာတရားကို လာထိလို႔ ဘယ္လိုမွ အဆင္မေျပႏိုင္ေတာ့တဲ့ အေနအထားမ်ိဳးေျပာထားပါတယ္ ပရိသတ္ႀကီးေရ။ ခရက္ဒစ္

ယူနီကုဒ္ျဖင့္ ဖတ္ရန္

အဆိုတော် G Fatt နဲ့ နန်းဆုရတီစိုး တို့ချစ်သူစုံတွဲ ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားကျရတဲ့ ပရိသတ်အချစ်တော်တွေပဲ ဖြစ်ပါတယ်။

မနဲ့ မောင် ချစ်သူစုံတွဲ ဖြစ်တာကြောင့် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ သစ္စာတရားတွေနဲ့ တည်ဆောက်ထားတဲ့ G Fatt နဲ့ နန်းဆုတို့ ရဲ့ ချစ်သူနှစ်ဦးကို ပရိသတ်တွေက လည်း

အမြဲအားပေးနေကြတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှတော့ ပုံမှန်အမြဲ ဖေ့စ်ဘွတ်ပေါ်မှာ အတွဲပုံလေးတွေဖော်ပြတတ်တဲ့ သူတို့စုံတွဲလေး အေးစက်လာပြီး ပရိသတ်တွေသတိထားမိတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

နန်းဆုက သူမအချစ်ရေးနဲ့ ပတ်သက်ပြီးလည်း အဆင်မပြေတော့တဲ့အကြောင်း အင်တာဗျူးဖြေထားပါသေးတယ်။ ချစ်ပရိသတ်တွေအတွက် နန်းဆု တင်ထားတဲ့ Post လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

နန်းဆုရတီစိုးက “ချစ်သူစုံတွဲတိုင်းမှာ ကိုယ်တန်ဖိုးထားတဲ့ အရာတွေရှိုကြပါတယ်။ တန်ဖိုးထားတဲ့ အရာတွေကို ထိရင် ဘယ်သူမှ ခွင့်လွတ်မှာ မဟုတ်ဘူး။ နန်းဆုက အများကြီးလည်း မမျှော်လင့်ဘူး သာမာန်လောက်ပါပဲ။

ဂုဏ်ငွေ ပကာသန တွေမလိုဘူး။နန်းဆု လိုချင်တာ ၊ သစ္စာတရားရယ်၊ မေတ္တာတရား၊ ကိုယ်ချင်းစာတရားရယ်ပဲ လိုချင်တာပါ။ အဲဒီထဲကမှ တစ်ခုတလေပဲ ဖြစ်ဖြစ် ၂ခုပဲ ဖြစ်ဖြစ် မရှိခဲ့ဘူးဆိုရင်

အဲဒါမျိုးမပေးနိုင်တော့ဘူးဆိုရင် ရှေ့ဆက်ဖို့ အဆင်မပြေနိုင်တော့ဘူးပေါ့။” လို့ အင်တာဗျူးမှာ ဖြေထားပါသေးတယ်။ ဒီတစ်ခါမှာတော့ သူမက ” ဘယ်လိုမှ မတတ်နိုင်ဘူး

ကိုယ်တန်ဖိုးအထားဆုံးက သစ္စာတရားဖြစ်နေတော့လဲ ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ တင်ထားပါတယ်။ နောက်ပြီး နန်းဆုက ” သူ့ကို တစ်ချိန်တုန်းက ချစ်သူပေးထားတဲ့ စာလေးတွေပြန်ကြည့်ပြီး

စိတ်မကောင်းဖြစ်နေတဲ့ Post လေးကို တင်ထားပြန်ပါတယ်။ နန်းဆုကတော့ သူတန်ဖိုးထားတဲ့ သစ္စာတရားကို လာထိလို့ ဘယ်လိုမှ အဆင်မပြေနိုင်တော့တဲ့ အနေအထားမျိုးပြောထားပါတယ် ပရိသတ်ကြီးရေ။ ခရက်ဒစ်