အိမ္သာတက္ေနရင္း အမ်ိုးသား ငယ္ပါကို ေႁမြကိုက္ခံခဲ့ရသူ

မေန႔က မနက္က ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ မွာျဖစ္သြား ခဲ့တဲ့ အျဖစ္အပ်က္ တစ္ခုပဲျဖစ္ ပါတယ္။ Terdsak Kaewpangpan လို႔ အမည္ရတဲ့

အသက္ ၄၅ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးဟာ အိမ္သာခြက္ေပၚမွာ ထိုင္ေနစဥ္ တြဲေလာင္းက်ေနတဲ့ သူရဲ႕ပစၥည္းကို ဆာေလာင္ေနတဲ့ စပါးႀကီးေႁမြက ဟပ္သြားတာပဲျဖစ္ပါတယ္။

အိမ္သာထဲမွာ ေအာ္ဟစ္ေနတဲ့ အတြက္ သူ႔သူငယ္ခ်င္းေတြ အေျပးေရာက္လာတဲ့ အခါမွာေတာ့ ၁၀ ေပအ႐ြယ္ရွိတဲ့ စပါးႀကီးေႁမြတစ္ေကာင္ဟာ သူ႔ပစၥည္းကိုခဲထားတာကို ေတြ႔ခဲ့ရပါေတာ့တယ္။

ဒါနဲ႔ အကုန္ဝိုင္းၿပီးေတာ့ ေႁမြပါးစပ္ကို ဟ၊ ပစၥည္းကို ပါးစပ္ထဲက ထုတ္ၿပီးတဲ့အခါ ေသြးေတြ အရမ္းထြက္ေနခဲ့တာေၾကာင့္ ေဆး႐ုံကို ခ်က္ခ်င္းေျပးခဲ့ရပါေတာ့တယ္။

ေဆး႐ုံေရာက္တဲ့အခါမွာေတာ့ ဒဏ္ရာကို ၁၅ ခ်က္ခ်ဳပ္လိုက္ရၿပီး ကယ္ဆယ္ေရးအဖြဲ႔ေတြဟာ ေႁမြကို သြားေရာက္ဖမ္းဆီးခဲ့ၾကပါတယ္။ ဒီစပါးႀကီးေႁမြႀကီးဟာ ပိုက္လိုင္းေတြထဲမွာ

ေနထိုင္ေနတာ ရက္ေပါင္းမ်ားစြာ ၾကာျမင့္ေနၿပီျဖစ္ၿပီး ဘာမွ မစားမေသာက္ရတဲ့အတြက္ ဗိုက္ဆာေနတာေၾကာင့္ ေတြ႕ကရာကို ဖမ္းကိုက္လိုက္တာပဲ ျဖစ္ပါတယ္။

“အိမ္သာမွာထိုင္ေနတုန္း ကြၽန္ေတာ့္ဟာကို အကိုက္ခံလိုက္ရတာကို ခံစားလိုက္ရတယ္။ ေႁမြဆိုတာသိေတာ့ ကြၽန္ေတာ္ ခ်က္ခ်င္း မတ္တပ္ထရပ္ေပမယ့္ ေႁမြက ကြၽန္ေတာ့္ကို အတင္းဆြဲထားတယ္။

ေသြးေတြဆိုတာ ျပန႔္ႀကဲေနတာပဲ။ လြန္ခဲ့တဲ့ ႏွစ္လေလာက္ တုန္းထဲက ကြၽန္ေတာ္ ဟိုဘက္အိမ္သာထဲမွာ ဒီေႁမြကို ေတြ႕ေနခဲ့တာ။ ဒါေပမယ့္ ဒီဘက္အိမ္သာ ေရာက္ေနမယ္လို႔

ကြၽန္ေတာ္ လုံးဝမထင္ထားခဲ့ဘူး” လို႔ သူက ေျပာျပပါတယ္။ အဲ့ဒီအခ်ိန္တုန္းကထဲက သူနဲ႔သူ႔သူငယ္ခ်င္းေတြ ေႁမြကို ဝိုင္းဖမ္းၾကေပမယ့္ ေႁမြက လြတ္သြားခဲ့ၿပီး အိမ္သာထဲမွာ ဝင္ေခြေနခဲ့တာပဲ ျဖစ္ပါတယ္။

ကယ္ဆယ္ေရးအဖြဲ႔ေတြ ေရာက္လာၿပီးတဲ့ေနာက္မွာေတာ့ ဒီေႁမြကို မိနစ္သုံးဆယ္ေလာက္ ျကာေအာင္ ႀကိဳးစားၿပီး ဖမ္းယူခဲ့ၾကရပါတယ္။ ေနာက္ဆုံးေတာ့ သူတို႔မိသြားၿပီး

အိမ္နီးခ်င္းေတြကို ျပသၿပီးတဲ့ေနာက္မွာေႁမြကို ေတာထဲမွာ ျပန္လႊတ္ေပးဖို႔အတြက္ အိတ္ထဲထည့္ ယူသြားခဲ့ၾကပါေတာ့တယ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင့္ ဖတ္ရန္

မနေ့က မနက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာဖြစ်သွား ခဲ့တဲ့ အဖြစ်အပျက် တစ်ခုပဲဖြစ် ပါတယ်။ Terdsak Kaewpangpan လို့ အမည်ရတဲ့

အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ အိမ်သာခွက်ပေါ်မှာ ထိုင်နေစဉ် တွဲလောင်းကျနေတဲ့ သူရဲ့ပစ္စည်းကို ဆာလောင်နေတဲ့ စပါးကြီးမြွေက ဟပ်သွားတာပဲဖြစ်ပါတယ်။

အိမ်သာထဲမှာ အော်ဟစ်နေတဲ့ အတွက် သူ့သူငယ်ချင်းတွေ အပြေးရောက်လာတဲ့ အခါမှာတော့ ၁၀ ပေအရွယ်ရှိတဲ့ စပါးကြီးမြွေတစ်ကောင်ဟာ သူ့ပစ္စည်းကိုခဲထားတာကို တွေ့ခဲ့ရပါတော့တယ်။

ဒါနဲ့ အကုန်ဝိုင်းပြီးတော့ မြွေပါးစပ်ကို ဟ၊ ပစ္စည်းကို ပါးစပ်ထဲက ထုတ်ပြီးတဲ့အခါ သွေးတွေ အရမ်းထွက်နေခဲ့တာကြောင့် ဆေးရုံကို ချက်ချင်းပြေးခဲ့ရပါတော့တယ်။

ဆေးရုံရောက်တဲ့အခါမှာတော့ ဒဏ်ရာကို ၁၅ ချက်ချုပ်လိုက်ရပြီး ကယ်ဆယ်ရေးအဖွဲ့တွေဟာ မြွေကို သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ ဒီစပါးကြီးမြွေကြီးဟာ ပိုက်လိုင်းတွေထဲမှာ

နေထိုင်နေတာ ရက်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး ဘာမှ မစားမသောက်ရတဲ့အတွက် ဗိုက်ဆာနေတာကြောင့် တွေ့ကရာကို ဖမ်းကိုက်လိုက်တာပဲ ဖြစ်ပါတယ်။

“အိမ်သာမှာထိုင်နေတုန်း ကျွန်တော့်ဟာကို အကိုက်ခံလိုက်ရတာကို ခံစားလိုက်ရတယ်။ မြွေဆိုတာသိတော့ ကျွန်တော် ချက်ချင်း မတ်တပ်ထရပ်ပေမယ့် မြွေက ကျွန်တော့်ကို အတင်းဆွဲထားတယ်။

သွေးတွေဆိုတာ ပြန့်ကြဲနေတာပဲ။ လွန်ခဲ့တဲ့ နှစ်လလောက် တုန်းထဲက ကျွန်တော် ဟိုဘက်အိမ်သာထဲမှာ ဒီမြွေကို တွေ့နေခဲ့တာ။ ဒါပေမယ့် ဒီဘက်အိမ်သာ ရောက်နေမယ်လို့

ကျွန်တော် လုံးဝမထင်ထားခဲ့ဘူး” လို့ သူက ပြောပြပါတယ်။ အဲ့ဒီအချိန်တုန်းကထဲက သူနဲ့သူ့သူငယ်ချင်းတွေ မြွေကို ဝိုင်းဖမ်းကြပေမယ့် မြွေက လွတ်သွားခဲ့ပြီး အိမ်သာထဲမှာ ဝင်ခွေနေခဲ့တာပဲ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာပြီးတဲ့နောက်မှာတော့ ဒီမြွေကို မိနစ်သုံးဆယ်လောက် ကြာအောင် ကြိုးစားပြီး ဖမ်းယူခဲ့ကြရပါတယ်။ နောက်ဆုံးတော့ သူတို့မိသွားပြီး

အိမ်နီးချင်းတွေကို ပြသပြီးတဲ့နောက်မှာမြွေကို တောထဲမှာ ပြန်လွှတ်ပေးဖို့အတွက် အိတ်ထဲထည့် ယူသွားခဲ့ကြပါတော့တယ်။ ခရက်ဒစ္