ကျိုက်ထီးရိုးဘုရားပေါ်က မိုးကြိုးလွှဲကို ပြန်ဖြုတ်ပေးဖို့ တောင်းဆိုလာတဲ့ ရန်ရန်ချမ်း
ယူနီကုဒ်ဖြင့် ဖတ်ရန်
တစ်ချိန်က Acid အဖွဲ့ရဲ့ အဆိုတော် တစ်ဦးဖြစ်တဲ့ ရန်ရန်ချမ်းက လူငယ်ပရိသတ်တွေနဲ့ လူလတ်ပိုင်း ပရိသတ်တွေ အားပေးမှုကို
အခိုင်အမာ ရရှိထားသူတစ်ဦး ဖြစ်ပါတယ်။ ရန်ရန်ချမ်းက လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ရင်း သူချစ်ရတဲ့ မိသားစုနဲ့အတူတူ ပျော်ရွှင်စွာ နေထိုင်နေတာ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ ရန်ရန်ချမ်းက မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုး စေတီတော်ကြီး နံဘေးမှာ စိုက်ထူထားတဲ့ မိုးကြိုးလွှဲနဲ့ ပတ်သတ်ပြီး သူ့ရဲ့ ခံစားချက်ကို အခုလိုပဲ မျှဝေလာပါတယ်။
“စိတ်ရင်းအမှန်နဲ့တောင်းဆိုတာပါ ပြန်ဖြုတ်ပေးပါမထော်မနှမ်းတွေမလုပ်ကြပါနဲ့ ” ဆိုပြီး တောင်းဆိုလာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ (၇) ရက်နေ့ကပဲ အမြင့်ပေ ၅၁’ ပေရှိတဲ့ မိုးကြိုးလွှဲ တစ်ခုကို အလှူရှင်တစ်ဦးရဲ့ လှူဒါန်းမှုနဲ့ ကျိုက်ထီးရိုး စေတီပေါ်မှာ တပ်ဆင်ခဲ့တာဖြစ်တာပဲ သိရပါတယ်။
တစ်ချို့သော ပြည်သူတွေကတော့ ကျိုက်ထီးရိုးဘုရားကြီးနဲ့ နံဘေးမှာ အခုလို လုပ်လိုက်တာ ဆိုးရွားတယ်ဆိုပြီး မှတ်ချက်ချခဲ့ပြီး ရန်ရန်ချမ်းက အခုလို ထပ်ပြောလာပါတယ်။
“အရမ်းဆိုးဝါးတဲ့ မှတ်ချက်တွေမရေးကြပါနဲ့တောင်းပန်ပါတယ်။ သူတို့လည်းကောင်းစေချင်လို့လုပ်တာပါ။ မိုးကြိုးလွှဲကတစ်ခြားပုံစံလည်းလုပ်လို့ရပါတယ်။ ဒါကြီးကဘယ်ရှုဒေါင့်ကကြည့်ကြည့်အမြင်မတော်လို့ပါ။” ဆိုပြီး
သူ့ရဲ့အမြင်ကို ပြောထားပါတယ်။ပရိသတ်ကြီးရော ကျိုက်ထီးရိုးစေတီတော်ကြီးနံဘေးမှာ အခုလို ၅၁ ပေမြင့်တဲ့ မိုးကြိုးလွှဲတပ်ဆင်လိုက်တဲ့အပေါ် ဘယ်လို သဘောရပါသလဲ။