ေဒါက္တာျမဝတ္ရည္အား ဆဲဆိုျကိမ္းေမာင္း၍ ဝက္အူလွည့္ျဖင့္ထိုးမႈျဖစ္ပြား.

ေဒါက္တာျမဝတ္ရည္ဆိုရင္ မသိတဲ့သူ မရွိေလာက္ပါဘူးေနာ္. .ဘဏ္နဲ့ အခ်င္းမ်ားမႈ ကိစၥ. မီးသတ္တပ္ဖြဲ႕နဲ့ အခ်င္းမ်ားမႈ ကိစၥမ်ားကို fbေပါ္ Liveလႊင့္ခဲ့ရာမွ စ၍ မွန္တယ္ထင္ရင္ ဒဲ့ရွင္းတတ္ေသာ ဆရာဝန္မေလးအျဖစ္ လူသိမ်ားလာခဲ့ သူျဖစ္ပါတယ္. .

မေန့က စက္တင္ဘာ ၁၀ရက္ ၂၀၁၉ ည ၁၀နာရီေက်ာ္ အခ်ိန္ခန့္မွာေတာ့ ကားလမ္းကူးဖို့ လုပ္ေနစဥ္မွာ ကားတစ္စီးေပါ္မွ အရက္မူးေနသူ အမ်ိုးသား ၄ေယာက္က စေနာက္ေလွာင္ေျပာင္ ေျပာဆို ေနွာက္ယွက္လာျပီးေနာက္. . .

အျပန္အလွန္အခ်င္းမ်ား အျငင္းပြားမႈမ်ား ျဖစ္ေပါ္ခဲ့ျပီး ထိုသူမ်ားမွ ဆဲဆိုမႈမ်ား ျပုလုပ္ခဲ့သည့္အျပင္ တစ္ဦးမွ ဝက္အူလွည့္ျဖင့္ ေဒါက္တာ ျမဝတ္ရည္အား လွမ္းထိုးေျကာင္း သိရွိရပါသည္. . .။

လူမႈကြန္ယက္စာမ်က္နွာနဲ့ ေဖာ္ျပထားေသာ ျဖစ္စဥ္မွာ. .ေအာက္ပါအတိုင္းျဖစ္သည္. . ။

“မိန္​းမသားတစ္​​ေယာက္​အတြက္​ မလံုၿခံဳ​ေတာ့ဘူးလား”

ည ၁၀နာရီေက်ာ္က မိတ္​ေ​ဆြတစ္ေယာက္ မုန္႔ဟင္းခါး လာစားလို့ ဖုန္းဆက္ေတာ့ အလုပ္ကိစၥေျပာဖို႔လည္း ရွိေတာ့ အာေရာဂ်ံ မဂၢဇင္းစာအုပ္ေပးဖို႔ ေအာက္ဆင္းလာေတာ့ ကားလမ္းကူးဖို႔ လုပ္ေနတုန္း ကားတစ္စီးလာလို႔ လမ္းေဘး ျပန္ေရွာင္ေပးတာကို မွန္ေတြ အကုန္ ခ်ထားတဲ့ ကားေနာက္ခန္းကေန တစ္ေယာက္က ခၽြတ္ခၽြတ္ဆိုၿပီး ႏႈတ္ခမ္း ဆူျပတယ္ ။

ကားကို တမင္ ရပ္ၿပီး ဘယ္သြားမလဲ ဘာလုပ္မွာလဲ ကားေပၚတက္ဆိုၿပီး ေျပာေတာ့ Taxi ထင္ၿပီး မိတ္ေဆြကားကို လက္ညိဳးထိုးျပၿပီး စကားနည္း ရန္စဲ ကားကို ပတ္ၿပီး ဟိုဘက္ကားဆီ သြားပါမွ . .

အိမ္စီးကား ျဖစ္ၿပီး ကားေပၚပါ ၄ေယာက္လံုး မူးေနတာ ကားေပၚကေန ထပ္ေျပာေနလို႔ အရက္မူးေနရင္လည္း ​ေအးေဆးေနပါ ။ မေကာင္းတဲ့ မိန္းမ မဟုတ္ဘူး …အဲ့လို မေျပာပါနဲ႔ ေျပာတာကို ေနာက္က ေကာင္က ေစာက္႐ူးမ ေစာက္ႀကီးေစာက္က်ယ္ဆိုၿပီး ေျပာတယ္ ေတာ္ေတာ္ ႐ိုင္းပါတယ္ ။

မေကာင္းတဲ့ မိန္းမ ထင္ၿပီး ကားေပၚ ေခၚလည္း မွားသြားရင္ မသိလိုက္ မသိဘာသာ မသြားပဲ ထပ္မိုက္႐ိုင္းေနလို႔ မူးေနရင္ မိန္းမေတြကို လိုက္ရန္မရွာနဲ႔ ပါး႐ိုက္ခံရမယ္လို႔ ေျပာတာကို ကားေပၚက ဆင္းလာၿပီး ေယာက်ာ္းႏွစ္ေယာက္ မိုက္ေၾကးလာခြဲၿပီး FB cele ေကာင္မပဲဆိုၿပီး မွတ္မိသြားေတာ့မွ ေ–ိုးမ လို႔ ဆဲသြားပါတယ္ ။

199 ကို ဖုန္းဆက္ဖို႔ သတိရၿပီး ဖုန္းဆက္ေနတုန္း ကားက ေမာင္းထြက္သြားၿပီဆိုၿပီး ရဲစခန္းသြားရႏိုး ေမာင္းထြက္လိုက္ေတာ့ သူတို႔ကားက လမ္းအလယ္ေလာက္ ဘယ္ဘက္မွာ ရပ္ထားတာ 199 နဲ႔ ေျပာေနတုန္းဆိုေတာ့ ကားရွိေသးတယ္ဆိုေတာ့ ေစာင့္ေနပါဆိုလို႔ ေတာ္ေတာ္ လွမ္းမွ ညာဘက္ ခ်ရပ္ထားတုန္း . .

ကားမွန္ လာေခါက္ၿပီး ျပသနာ႐ွာၿပီး ေ–ိုးမလို႔ ဆဲတဲ့သူရယ္ ကားေမာင္းတဲ့သူရယ္. .သူတို႔ အပ်က္မ ထင္ၿပီး ကားေပၚေခၚတာ စတာေတြ ဆဲတာေတြ ခ်န္ထားၿပီး ရန္ျပန္လာရွာၿပီး တစ္ေယာက္က ကားမွန္ခ်ထားတဲ့ဆီကေန ဝက္အူလွည့္နဲ႔ လွမ္းထိုးပါတယ္ . .

ကားမွန္ကို အတင္းျပန္တင္ထားတာကို လက္နဲ႔ဖိထားၿပီး လွမ္းထိုးတာ အလယ္ ဂီယာေပါက္ နားထိ ေနာက္ဆုတ္လိုက္လို႔ လြတ္သြားပါတယ္ ။မွန္ဖိထားတဲ့ လက္ကို ဖုန္းနဲ႔ ႐ိုက္ၿပီး မွန္ပိတ္ေတာ့ ကားတံခါးက lock မခ်ထားေတာ့ ဆြဲဖြင့္တာ ပြင့္သြားလို႔ အတင္းျပန္ဆြဲပိတ္ရပါတယ္ ။

ကူကယ္ရာမဲ့ 199 နဲ႔ ဖုန္းေတာင္ မခ်ရေသးဘူး. .ကားမွန္ေတြ အတင္းထု ကားထြက္မယ္ လုပ္ေတာ့ Bonnet ေတြ အတင္း ထုၿပီး ေရွ႕က ပိတ္ထားပါတယ္ ။

၁၅မိနစ္ေလာက္အတြင္းကို ကမ႓ာပ်က္မတတ္ အျပင္ကေန -ာသယ္မ ေ- -လိုးမေတြ ေစာက္႐ူးမ နင့္ေစာက္ဆင့္နဲ႔ ဆိုၿပီး ေအာ္ဟစ္ဆဲဆို ေသာင္းက်န္းၿပီး ဝက္အူလွည့္နဲ႔ ထိုးဖို႔ ကားအျပင္ကိုပဲ ထြက္လာဖို႔ ေစာင့္ေနပါတယ္ ။

သူတို႔ ကားေဘးဘက္ကို ခဏထြက္သြားတုန္း ရဲစခန္းဆီ အျမန္ေမာင္းထြက္ရပါတယ္ ။သူတို႔အေျပာက ကားနဲ႔မလြတ္လို႔ ကားရပ္တာလို့ လိမ္ပါတယ္ ။CCTV မွာ ကားလာလို႔ လူက ေနာက္ဆုတ္ေပးလိုက္တာ အရွင္းႀကီးပါ ။

ဝက္အူလွည့္နဲ႔ ကားထဲ လွမ္းထိုးလို႔ အေတာ္ကို shock ရေနပါတယ္ ။ရဲေတြ ေစာင့္ေပမယ့္လည္း ျဖစ္ေနတဲ့ မိနစ္ ၂၀/၂၅ အတြင္း ကမ႓ာပ်က္မတတ္ပါပဲ ။

Video ႐ိုက္ဖို႔လည္း သတိမရ ေနာက္တစ္ေခါက္ ကားတံခါးလာေခါက္မွ ႐ိုက္ထားျဖစ္တယ္ ။ေတာ္ေတာ္ကို ေသြးပ်က္စရာေကာင္းပါတယ္ ။FB cele လို႔ မွတ္မိၿပီးမွ ဝက္အူလွည့္နဲ႔ ထိုးတာပါ

ရဲဆီ သြားတိုင္ဖို႔ လိုက္ပို႔ၿပီး အျပန္က်ေတာ့ တစ္ေယာက္တည္းမို႔ ရဲေတြ ဆိုင္ကယ္နဲ႔ ျပန္လိုက္ပို႔ေပးခဲ့ရတယ္ ။မလံုျခံဳေတာ့တဲ့ ဘဝ အကာအကြယ္ေတြ မဲ့ေနသလိုပါလား” ဟူ၍ ျဖစ္ပါတယ္. . ေနာ္

ခရက္ဒစ္

ယူနီကုဒ္ျဖင့္ ဖတ္ရန္

ဒေါက်တာမြဝတ်ရည်ဆိုရင် မသိတဲ့သူ မရှိလောက်ပါဘူးနော်. .ဘဏ်နဲ့ အချင်းများမှု ကိစ္စ. မီးသတ်တပ်ဖွဲ့နဲ့ အချင်းများမှု ကိစ္စများကို fbပေါ် Liveလွှင့်ခဲ့ရာမှ စ၍ မှန်တယ်ထင်ရင် ဒဲ့ရှင်းတတ်သော ဆရာဝန်မလေးအဖြစ် လူသိများလာခဲ့ သူဖြစ်ပါတယ်. .

မနေ့က စက်တင်ဘာ ၁၀ရက် ၂၀၁၉ ည ၁၀နာရီကျော် အချိန်ခန့်မှာတော့ ကားလမ်းကူးဖို့ လုပ်နေစဉ်မှာ ကားတစ်စီးပေါ်မှ အရက်မူးနေသူ အမျိုးသား ၄ယောက်က စနောက်လှောင်ပြောင် ပြောဆို နှောက်ယှက်လာပြီးနောက်. . .

အပြန်အလှန်အချင်းများ အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပြီး ထိုသူများမှ ဆဲဆိုမှုများ ပြုလုပ်ခဲ့သည့်အပြင် တစ်ဦးမှ ဝက်အူလှည့်ဖြင့် ဒေါက်တာ မြဝတ်ရည်အား လှမ်းထိုးကြောင်း သိရှိရပါသည်. . .။

လူမှုကွန်ယက်စာမျက်နှာနဲ့ ဖော်ပြထားသော ဖြစ်စဉ်မှာ. .အောက်ပါအတိုင်းဖြစ်သည်. . ။

“မိန်းမသားတစ်ယောက်အတွက် မလုံခြုံတော့ဘူးလား”

ည ၁၀နာရီကျော်က မိတ်ဆွေတစ်ယောက် မုန့်ဟင်းခါး လာစားလို့ ဖုန်းဆက်တော့ အလုပ်ကိစ္စပြောဖို့လည်း ရှိတော့ အာရောဂျံ မဂ္ဂဇင်းစာအုပ်ပေးဖို့ အောက်ဆင်းလာတော့ ကားလမ်းကူးဖို့ လုပ်နေတုန်း ကားတစ်စီးလာလို့ လမ်းဘေး ပြန်ရှောင်ပေးတာကို မှန်တွေ အကုန် ချထားတဲ့ ကားနောက်ခန်းကနေ တစ်ယောက်က ချွတ်ချွတ်ဆိုပြီး နှုတ်ခမ်း ဆူပြတယ် ။

ကားကို တမင် ရပ်ပြီး ဘယ်သွားမလဲ ဘာလုပ်မှာလဲ ကားပေါ်တက်ဆိုပြီး ပြောတော့ Taxi ထင်ပြီး မိတ်ဆွေကားကို လက်ညိုးထိုးပြပြီး စကားနည်း ရန်စဲ ကားကို ပတ်ပြီး ဟိုဘက်ကားဆီ သွားပါမှ . .

အိမ်စီးကား ဖြစ်ပြီး ကားပေါ်ပါ ၄ယောက်လုံး မူးနေတာ ကားပေါ်ကနေ ထပ်ပြောနေလို့ အရက်မူးနေရင်လည်း အေးဆေးနေပါ ။ မကောင်းတဲ့ မိန်းမ မဟုတ်ဘူး …အဲ့လို မပြောပါနဲ့ ပြောတာကို နောက်က ကောင်က စောက်ရူးမ စောက်ကြီးစောက်ကျယ်ဆိုပြီး ပြောတယ် တော်တော် ရိုင်းပါတယ် ။

မကောင်းတဲ့ မိန်းမ ထင်ပြီး ကားပေါ် ခေါ်လည်း မှားသွားရင် မသိလိုက် မသိဘာသာ မသွားပဲ ထပ်မိုက်ရိုင်းနေလို့ မူးနေရင် မိန်းမတွေကို လိုက်ရန်မရှာနဲ့ ပါးရိုက်ခံရမယ်လို့ ပြောတာကို ကားပေါ်က ဆင်းလာပြီး ယောကျာ်းနှစ်ယောက် မိုက်ကြေးလာခွဲပြီး FB cele ကောင်မပဲဆိုပြီး မှတ်မိသွားတော့မှ ေ–ိုးမ လို့ ဆဲသွားပါတယ် ။

199 ကို ဖုန်းဆက်ဖို့ သတိရပြီး ဖုန်းဆက်နေတုန်း ကားက မောင်းထွက်သွားပြီဆိုပြီး ရဲစခန်းသွားရနိုး မောင်းထွက်လိုက်တော့ သူတို့ကားက လမ်းအလယ်လောက် ဘယ်ဘက်မှာ ရပ်ထားတာ 199 နဲ့ ပြောနေတုန်းဆိုတော့ ကားရှိသေးတယ်ဆိုတော့ စောင့်နေပါဆိုလို့ တော်တော် လှမ်းမှ ညာဘက် ချရပ်ထားတုန်း . .

ကားမှန် လာခေါက်ပြီး ပြသနာရှာပြီး ေ–ိုးမလို့ ဆဲတဲ့သူရယ် ကားမောင်းတဲ့သူရယ်. .သူတို့ အပျက်မ ထင်ပြီး ကားပေါ်ခေါ်တာ စတာတွေ ဆဲတာတွေ ချန်ထားပြီး ရန်ပြန်လာရှာပြီး တစ်ယောက်က ကားမှန်ချထားတဲ့ဆီကနေ ဝက်အူလှည့်နဲ့ လှမ်းထိုးပါတယ် . .

ကားမှန်ကို အတင်းပြန်တင်ထားတာကို လက်နဲ့ဖိထားပြီး လှမ်းထိုးတာ အလယ် ဂီယာပေါက် နားထိ နောက်ဆုတ်လိုက်လို့ လွတ်သွားပါတယ် ။မှန်ဖိထားတဲ့ လက်ကို ဖုန်းနဲ့ ရိုက်ပြီး မှန်ပိတ်တော့ ကားတံခါးက lock မချထားတော့ ဆွဲဖွင့်တာ ပွင့်သွားလို့ အတင်းပြန်ဆွဲပိတ်ရပါတယ် ။

ကူကယ်ရာမဲ့ 199 နဲ့ ဖုန်းတောင် မချရသေးဘူး. .ကားမှန်တွေ အတင်းထု ကားထွက်မယ် လုပ်တော့ Bonnet တွေ အတင်း ထုပြီး ရှေ့က ပိတ်ထားပါတယ် ။

၁၅မိနစ်လောက်အတွင်းကို ကမ္ဘာပျက်မတတ် အပြင်ကနေ -ာသယ်မ ေ- -လိုးမတွေ စောက်ရူးမ နင့်စောက်ဆင့်နဲ့ ဆိုပြီး အော်ဟစ်ဆဲဆို သောင်းကျန်းပြီး ဝက်အူလှည့်နဲ့ ထိုးဖို့ ကားအပြင်ကိုပဲ ထွက်လာဖို့ စောင့်နေပါတယ် ။

သူတို့ ကားဘေးဘက်ကို ခဏထွက်သွားတုန်း ရဲစခန်းဆီ အမြန်မောင်းထွက်ရပါတယ် ။သူတို့အပြောက ကားနဲ့မလွတ်လို့ ကားရပ်တာလို့ လိမ်ပါတယ် ။CCTV မှာ ကားလာလို့ လူက နောက်ဆုတ်ပေးလိုက်တာ အရှင်းကြီးပါ ။

ဝက်အူလှည့်နဲ့ ကားထဲ လှမ်းထိုးလို့ အတော်ကို shock ရနေပါတယ် ။ရဲတွေ စောင့်ပေမယ့်လည်း ဖြစ်နေတဲ့ မိနစ် ၂၀/၂၅ အတွင်း ကမ္ဘာပျက်မတတ်ပါပဲ ။

Video ရိုက်ဖို့လည်း သတိမရ နောက်တစ်ခေါက် ကားတံခါးလာခေါက်မှ ရိုက်ထားဖြစ်တယ် ။တော်တော်ကို သွေးပျက်စရာကောင်းပါတယ် ။FB cele လို့ မှတ်မိပြီးမှ ဝက်အူလှည့်နဲ့ ထိုးတာပါ

ရဲဆီ သွားတိုင်ဖို့ လိုက်ပို့ပြီး အပြန်ကျတော့ တစ်ယောက်တည်းမို့ ရဲတွေ ဆိုင်ကယ်နဲ့ ပြန်လိုက်ပို့ပေးခဲ့ရတယ် ။မလုံခြုံတော့တဲ့ ဘဝ အကာအကွယ်တွေ မဲ့နေသလိုပါလား” ဟူ၍ ဖြစ်ပါတယ်. . နော်

ခရက်ဒစ်