မုဒိမ်းမှုကျူးလွန်သူကို ကြိုးတုတ်ပြီး ငယ်ပါကို ခွေးနဲ့ကိုက်ဖြတ်ခိုင်းတဲ့ အဖြစ်အပျက် မက္ကစီကိုတွင်ဖြစ်ပွား






ခရက်ဒစ်

ယူနီကုဒ်ဖြင့် ဖတ်ရန်

ပြီးခဲ့တဲ့ လပိုင်းက မက္ကစီကိုမှာ လူတစ်ယောက်ကို လက်ထိပ်ခတ် ကြိုးတုတ်ကား လူ ၅ယောက်က ဆိုးဆိုးရွားရွား ညှဉ်းပန်းနှိပ်စက်တဲ့အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပြီး အဆိုပါအဖြစ်အပျက်ကို ဗီဒီယိုရိုက်ကူးကာ အွန်လိုင်းပေါ် မျှဝေထားခဲ့ပါတယ်။

အဖြစ်အပျက်ကတော့ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ မုဒိန်းမှု ကျုးလွန်သူလို့ ယူဆရပြီး ဖမ်းမိတဲ့ အချိန်မှာတော့ အခုလို ညှဉ်းပန်းနှိပ်စက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ အမျိုးသားကို နှိပ်စက်ပြီးတဲ့ အခါမှာတော့ ကြိုးတုတ်ကာ ပေါင်ကို ကားထားပြီး လိင်အင်္ဂါကို ခွေးနဲ့ ကိုက်ဖြတ်ခိုင်းခဲ့တာပဲဖြစ်ပါတယ်။ လက်နှစ်ဖက်ကို လက်ထိတ်ခက်ထားပြီး ခန္ဓာကိုယ်မှာလည်း အဝတ်အစားတွေ ချွတ်ထားပါတယ်။ခွေးဟာ အဆိုပါ တရားခံ အမျိုးသားရဲ့ လိင်တံကို အစားအစာ တစ်ခုလို သတ်မှတ်ပြီး ကိုက်ဖြတ်ခဲ့တာပါ။

နာကျင်လို့ အော်ဟစ်တဲ့အခါမှာတော့ ပါးစပ်ကို အင်္ကျီစနဲ့ ဆို့ပြီး ပိတ်ထားခဲ့ပါတယ်။အဆိုပါ ဗီဒီယိုဖိုင်ဟာ ပြီးခဲ့တဲ့ လက ထွက်ပေါ်ခဲ့တာဖြစ်ပြီး အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးဟာ သူမကို အဓမ္မပြုကျင့်ခဲ့ပြီးနောက် ပြစ်မှုကျုးလွန်သူကို ဖမ်းမိခဲ့တာကြောင်း ဒေသခံ မီဒီယာကို ပြောဆိုထားပါတယ်။

မက္ကဆီကိုဟာ ရာဇဝတ်သားတွေအတွက် ပြစ်မှုဆိုင်ရာ ညှဉ်းပန်းနှိပ်စက်တဲ့ နည်းလမ်းတွေကို ယခင်ကထက်ပိုပြီး ရက်စက်ဖို့ ပြီးခဲ့တဲ့ နှစ်တွေက အဆင့်တိုးမြှင့်ထားတာ ဖြစ်ပါတယ်။

ခရက္ဒစ္