ဗစ္တိုးရီးယားအမႈကို လိုက္လံကူညီေနတဲ႔ သကၠမိုးညိဳ ေျပာျပသည့္ (၆) ႀကိမ္ေျမာက္ရံုးခ်ိန္း အျပည့္အစံု

ယေန႔ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ(၁၁)ရက္ေန႔ ဗစ္တိုးရီးယားအမႈရဲ႕ ေျခာက္ႀကိမ္ေျမာက္ရံုးခ်ိန္းမွာ ဗစ္တိုးရီးယားေလးကို ဗီဒီယိုကြန္ဖရင့္(Video Conferencing) စနစ္ျဖင့္ ေနျပည္ေတာ္ ဒကိၡဏခရိုင္ တရားရံုးမွာ ကို စစ္ေဆးေမးျမန္းခဲ့ပါတယ္။

ဦးသကၠမိုးညိဳ၏ေျပာၾကားခ်က္မ်ားမွာ-

၁- ၆ႀကိမ္ေျမာက္ ရံုးခ်ိန္းဟာသမီးငယ္ေလးကုိ စစ္ေဆးမွာ ျဖစ္တဲ့အတြက္ ၀န္းရံသူေတြမ်ားခဲ့သလို စစ္ေဆးဖို႕တရားခြင္ ျပင္ဆင္ရာမွာလည္း အခက္အခဲေတြရိွခဲ့ပါတယ္။ ပထမပိုင္းမွာ ကေလးမိဘေတြကိုပါ၀င္ခြင့္မေပးဘူးဆိုလို႕ ေဒၚရြက္ႏုေအာင္ကေတာင္းဆိုခဲ့ရာမွာ သမီးမိဘေတြအပါအ၀င္သံုးေယာက္ ဆိုလို႕ မိဘ+ ကၽြန္ေတာ္၀င္ဖို႕ျပင္ခဲ့ပါတယ္။

ေနာက္ႏွစ္ေယာက္ပဲဆိုလို႕မိခင္ေနခဲ့ၿပီး ဖခင္နဲ႕ကၽြန္ေတာ္ ၀င္မယ္လုပ္ေတာ့ မိဘႏွစ္ေယာက္ပဲဆုိၿပီးထပ္ျငင္းပါတယ္။ ဒီေတာ့မိဘနွစ္ပါးပဲ ၀င္ခဲ့ရပါတယ္။ ထူးျခားခ်က္ကေနျပည္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ျမင့္ဦး၊ ဦးျဖိဳးေဇယာေသာ္လာေရာက္ခဲ့ၿပီး ေနျပည္ေတာ္ေကာင္စီ၀င္ ဦးေအာင္ျမင့္ထြန္းလည္း ခဏလာေရာက္ခဲ့ပါတယ္။

၂- သမီးငယ္ကို ဗီဒီယိုကြန္ဖရန္႕ဇင္းနဲ႕ေမးတာျဖစ္လို႕ ႏွစ္ဘက္ေရွ႕ေန၊ တရားသူႀကီးမ်ား၊ မိဘႏွစ္ပါးကတရားစီရင္တဲ့အခန္းမွာေနရၿပီး တာ၀န္ေပးထားတဲ့တရားေရး၀န္ထမ္းႏွစ္ေယာက္နဲ႕ ကေလးရဲ႕ အန္တီ၊ တျခားသမီးငယ္ေလးတေယာက္ တို႕က တျခားအခန္းမွာကစားရင္း စစ္ေမးပါတယ္။

၃- သမီးငယ္ေလးကို စစ္ေမးတဲ့ေနရာမွာပထမဆံုး (ဥာဏ္ရည္ကို စစ္တဲ့ေနနဲ႕) ဒါဘာလဲမ်က္လံုး၊ ဒါဘာလဲ ႏွဳတ္ခမ္း၊ ဒါဘာလဲ ေခါင္းဆိုတာေတြ ျပခိုင္းပါတယ္။ ေနာက္အေရာင္ေတြလည္း မွန္ေအာင္ေျဖႏိုင္ပါတယ္။ ေနာက္အမွဳဘက္ကို ဆြဲေမးတဲ့ေနရာမွာ ဒါဘာလဲ(ေနာက္ပိုင္းကို ျပေမးတာ) ဖင္ဖု။ ဒါဘာလဲ (ေရွ႕ပိုင္းကို ျပေမးတာ) ရွဴးေပါက္တဲ့ဖင္ဖု။ စသျဖင့္ မွန္ေအာင္ေျဖပါတယ္။

၄- ေနာက္သက္ေသခံ (ဂ)မွာပါတဲ့ ဗီဒီယိုဖိုင္ပါဓာတ္ပံုေတြကို ျပေမးဖို႕ေတာင္းဆိုေတာ့ အစပိုင္းမွာျငင္းဆိုေပမယ့္ ေနာက္ပိုင္းမွာ ဥပေဒအရာရိွကေမးေပးသလို တရားရံုးကလည္း လက္ခံခဲ့ပါတယ္။ သက္ေသခံမွာ၀င္ခဲ့တဲ့ ဗီဒီယိုမွာပါတဲ့ ဓာတ္ပံုေတြကိုနံပါတ္ေတြတပ္ၿပီး မီးမီးဖင္ဖုလုပ္တာဘယ္သူလဲ ေမးတဲ့အခါမွာ ေသေသခ်ာခ်ာေရြးခ်ယ္ျပခဲ့ပါတယ္။

သမီးေလးက ကိုကိုအႀကီး၊ ကိုကိုအငယ္လို႕သံုးပါတယ္။ ကိုကိုအႀကီးက မီးမီးရဲ႕ဒီဖင္ဖုကိုလုပ္တယ္။ (လက္နဲ႕ျပေျပာတာ) ကိုကိုအငယ္က မီးမီး ရင္ဘတ္ကိုထုတယ္ဆိုတာမ်ိဳးအထိ ေျပာပါတယ္။ ေအာင္ႀကီးပံုကိုျပတဲ့အခါမသိဘူးလို႕ ေျဖပါတယ္။ ဆရာမႏွင္းႏုက ဒီဖင္ဖုကိုေရေဆးေပးတာဆိုတာအထိ (လက္နဲ႕ျပၿပီး) ေျဖႏိုင္ပါတယ္။ ေတာ္လိုက္တဲ့ သမီးေလးပါ။

၅- ဒီအပိုင္းကေတာ့ ကၽြန္ေတာ့္စိတ္ခံစားခ်က္ပါ။ ဒီလို သမီးေလးက ေျဖႏိုင္တာမ်က္ရည္လည္တဲ့အထိခံစားရပါတယ္။ သမီးေလး အမွဳ အမွန္တရားေပၚဖို႕ စိတ္ေရာကိုယ္ပါႏွစ္ၿပီး ေဆာင္ရြက္ေနတဲ့ ေဒၚရြက္ႏုေအာင္ကိုရရိွခဲ့တာသမီးအတြက္ဘုရားမသလိုပါပဲ။ ဒါေပမယ့္ေျပာဖို႕လိုတာက တရားစီရင္ေရးသည္ ကၽြန္ေတာ္တို႕ထင္ထားသလိုရိုးရွင္းမေနပါ။

ေနာက္ဆက္ၿပီးသြားရမယ့္အဆင့္ေပါင္းမ်ားစြာ က်န္ပါေသးတယ္။ အင္မတန္ႀကီးမားတဲ့အဆင့္ကို အားယူတက္လိုက္ႏိုင္ေပမယ့္ သြားရမယ့္ခရီးက အေ၀းႀကီးဆိုတာမ်က္ေျခမျပတ္ေစခ်င္ပါ။ ဒါေပမယ့္လည္းတေန႕ေတာ့ ေရာက္ရမွာေပါ့။ ေနာက္ထပ္ ဗစ္တိုးရီးယားေလးေတြေပၚမလာေစဖို႕ ဒီအမွဳမွာ အမွန္တရားကိုေရာက္ကိုေရာက္မွရပါမယ္။

ခရက္ဒစ္

ယူနီကုဒ္ျဖင့္ ဖတ္ရန္

ယနေ့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်နေ့ ဗစ်တိုးရီးယားအမှုရဲ့ ခြောက်ကြိမ်မြောက်ရုံးချိန်းမှာ ဗစ်တိုးရီးယားလေးကို ဗီဒီယိုကွန်ဖရင့်(Video Conferencing) စနစ်ဖြင့် နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးမှာ ကို စစ်ဆေးမေးမြန်းခဲ့ပါတယ်။

ဦးသက္ကမိုးညို၏ပြောကြားချက်များမှာ-

၁- ၆ကြိမ်မြောက် ရုံးချိန်းဟာသမီးငယ်လေးကို စစ်ဆေးမှာ ဖြစ်တဲ့အတွက် ဝန်းရံသူတွေများခဲ့သလို စစ်ဆေးဖို့တရားခွင် ပြင်ဆင်ရာမှာလည်း အခက်အခဲတွေရှိခဲ့ပါတယ်။ ပထမပိုင်းမှာ ကလေးမိဘတွေကိုပါဝင်ခွင့်မပေးဘူးဆိုလို့ ဒေါ်ရွက်နုအောင်ကတောင်းဆိုခဲ့ရာမှာ သမီးမိဘတွေအပါအဝင်သုံးယောက် ဆိုလို့ မိဘ+ ကျွန်တော်ဝင်ဖို့ပြင်ခဲ့ပါတယ်။

နောက်နှစ်ယောက်ပဲဆိုလို့မိခင်နေခဲ့ပြီး ဖခင်နဲ့ကျွန်တော် ဝင်မယ်လုပ်တော့ မိဘနှစ်ယောက်ပဲဆိုပြီးထပ်ငြင်းပါတယ်။ ဒီတော့မိဘနှစ်ပါးပဲ ဝင်ခဲ့ရပါတယ်။ ထူးခြားချက်ကနေပြည်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦး၊ ဦးဖြိုးဇေယာသော်လာရောက်ခဲ့ပြီး နေပြည်တော်ကောင်စီဝင် ဦးအောင်မြင့်ထွန်းလည်း ခဏလာရောက်ခဲ့ပါတယ်။

၂- သမီးငယ်ကို ဗီဒီယိုကွန်ဖရန့်ဇင်းနဲ့မေးတာဖြစ်လို့ နှစ်ဘက်ရှေ့နေ၊ တရားသူကြီးများ၊ မိဘနှစ်ပါးကတရားစီရင်တဲ့အခန်းမှာနေရပြီး တာဝန်ပေးထားတဲ့တရားရေးဝန်ထမ်းနှစ်ယောက်နဲ့ ကလေးရဲ့ အန်တီ၊ တခြားသမီးငယ်လေးတယောက် တို့က တခြားအခန်းမှာကစားရင်း စစ်မေးပါတယ်။

၃- သမီးငယ်လေးကို စစ်မေးတဲ့နေရာမှာပထမဆုံး (ဉာဏ်ရည်ကို စစ်တဲ့နေနဲ့) ဒါဘာလဲမျက်လုံး၊ ဒါဘာလဲ နှုတ်ခမ်း၊ ဒါဘာလဲ ခေါင်းဆိုတာတွေ ပြခိုင်းပါတယ်။ နောက်အရောင်တွေလည်း မှန်အောင်ဖြေနိုင်ပါတယ်။ နောက်အမှုဘက်ကို ဆွဲမေးတဲ့နေရာမှာ ဒါဘာလဲ(နောက်ပိုင်းကို ပြမေးတာ) ဖင်ဖု။ ဒါဘာလဲ (ရှေ့ပိုင်းကို ပြမေးတာ) ရှူးပေါက်တဲ့ဖင်ဖု။ စသဖြင့် မှန်အောင်ဖြေပါတယ်။

၄- နောက်သက်သေခံ (ဂ)မှာပါတဲ့ ဗီဒီယိုဖိုင်ပါဓာတ်ပုံတွေကို ပြမေးဖို့တောင်းဆိုတော့ အစပိုင်းမှာငြင်းဆိုပေမယ့် နောက်ပိုင်းမှာ ဥပဒေအရာရှိကမေးပေးသလို တရားရုံးကလည်း လက်ခံခဲ့ပါတယ်။ သက်သေခံမှာဝင်ခဲ့တဲ့ ဗီဒီယိုမှာပါတဲ့ ဓာတ်ပုံတွေကိုနံပါတ်တွေတပ်ပြီး မီးမီးဖင်ဖုလုပ်တာဘယ်သူလဲ မေးတဲ့အခါမှာ သေသေချာချာရွေးချယ်ပြခဲ့ပါတယ်။

သမီးလေးက ကိုကိုအကြီး၊ ကိုကိုအငယ်လို့သုံးပါတယ်။ ကိုကိုအကြီးက မီးမီးရဲ့ဒီဖင်ဖုကိုလုပ်တယ်။ (လက်နဲ့ပြပြောတာ) ကိုကိုအငယ်က မီးမီး ရင်ဘတ်ကိုထုတယ်ဆိုတာမျိုးအထိ ပြောပါတယ်။ အောင်ကြီးပုံကိုပြတဲ့အခါမသိဘူးလို့ ဖြေပါတယ်။ ဆရာမနှင်းနုက ဒီဖင်ဖုကိုရေဆေးပေးတာဆိုတာအထိ (လက်နဲ့ပြပြီး) ဖြေနိုင်ပါတယ်။ တော်လိုက်တဲ့ သမီးလေးပါ။

၅- ဒီအပိုင်းကတော့ ကျွန်တော့်စိတ်ခံစားချက်ပါ။ ဒီလို သမီးလေးက ဖြေနိုင်တာမျက်ရည်လည်တဲ့အထိခံစားရပါတယ်။ သမီးလေး အမှု အမှန်တရားပေါ်ဖို့ စိတ်ရောကိုယ်ပါနှစ်ပြီး ဆောင်ရွက်နေတဲ့ ဒေါ်ရွက်နုအောင်ကိုရရှိခဲ့တာသမီးအတွက်ဘုရားမသလိုပါပဲ။ ဒါပေမယ့်ပြောဖို့လိုတာက တရားစီရင်ရေးသည် ကျွန်တော်တို့ထင်ထားသလိုရိုးရှင်းမနေပါ။

နောက်ဆက်ပြီးသွားရမယ့်အဆင့်ပေါင်းများစွာ ကျန်ပါသေးတယ်။ အင်မတန်ကြီးမားတဲ့အဆင့်ကို အားယူတက်လိုက်နိုင်ပေမယ့် သွားရမယ့်ခရီးက အဝေးကြီးဆိုတာမျက်ခြေမပြတ်စေချင်ပါ။ ဒါပေမယ့်လည်းတနေ့တော့ ရောက်ရမှာပေါ့။ နောက်ထပ် ဗစ်တိုးရီးယားလေးတွေပေါ်မလာစေဖို့ ဒီအမှုမှာ အမှန်တရားကိုရောက်ကိုရောက်မှရပါမယ်။

ခရက်ဒစ်