မုန္းစြဲ႐ုပ္ရွင္ဇာတ္ကားႀကီး ႐ုံမတင္ခင္ ကြယ္လြန္သြားခဲ့တဲ့ မင္းေသြးနဲ႕ ကင္မရာမန္း အတြက္ ရည္စူးၿပီး ျမင့္ျမတ္တဲ့အလႉကို လႉဒါန္းၾကမယ့္ အဖြဲ႕သားမ်ားႏွင့္ ေနတိုး

မုန္းစြဲ႐ုပ္ရွင္ဇာတ္ကားႀကီး ႐ုံမတင္ခင္ ကြယ္လြန္သြားခဲ့တဲ့ မင္းေသြးနဲ႕ ကင္မရာမန္း အတြက္ ရည္စူးၿပီး ျမင့္ျမတ္တဲ့အလႉကို လႉဒါန္းၾကမယ့္ အဖြဲ႕သားမ်ားႏွင့္ ေနတိုး။ “မုန္းစြဲ” ႐ုပ္ရွင္ဇာတ္ကားႀကီးကေတာ့

ဒါရိုက္တာ ဩရသက အေကာင္းဆုံး ရိုက္ကူးပုံေဖာ္ထားတဲ့ ဆရာေတာ္အရွင္ဆႏၵာဓိကရဲ႕ျဖစ္ရပ္မွန္တရားေတာ္ကို အေျခခံၿပီး ရိုက္ကူးထားတာျဖစ္ၿပီး ပရိသတ္ေတြၾကားမွာ ဝက္ဝက္ကြဲ ေအာင္ျမင္ခဲ့တဲ့

႐ုပ္ရွင္ဇာတ္ကားႀကီးပဲ ျဖစ္ပါတယ္၊ “မုန္းစြဲ” ႐ုပ္ရွင္ဇာတ္ကားႀကီးက ၿပီးခဲ့တဲ့ (၂၀၁၈) ခုႏွစ္အတြက္ ႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲႀကီးမွာ အကယ္ဒမီဆု (၂) ဆုတိတိ ရရွိခဲ့ၿပီး ႐ုပ္ရွင္႐ုံေတြမွာလည္း

လနဲ႔ခ်ီၿပီး ျပသနိုင္ခဲ့တာပဲ ျဖစ္ပါတယ္၊ မုန္းစြဲ ႐ုပ္ရွင္ဇာတ္ကားႀကီးက ႐ုံတင္ျပသခဲ့တာ (၂) ႏွစ္နီးပါးရွိေနၿပီျဖစ္ေပမယ့္ ဒီေန႕ဒီအခ်ိန္ထိ ပရိသတ္ေတြ ပါးစပ္ဖ်ားမွာ ေရပန္းစားခဲ့တာပဲ ျဖစ္ပါတယ္။

ဒီတစ္ေခါက္မွာလည္း မုန္းစြဲအဖြဲ႕သားမ်ားက ဇာတ္ကားႀကီး ႐ုံမတင္မီ ပ်ံလြန္ေသာမူသြားေသာ ေက်ာက္ဂူေရထြက္ ဆရာေတာ္ဘုရားႀကီး၊ ကြယ္လြန္သြားေသာ သ႐ုပ္ေဆာင္ မင္းေသြး

ကင္မရာမင္း ကိုေက်ာ္သန္းလြင္ တို႔အားရည္စူးၿပီး နာေရးကားတစ္စီး စုေပါင္းလႉဒါန္းသြားမွာပဲ ျဖစ္ပါတယ္။ မုန္းစြဲ႐ုပ္ရွင္အဖြဲ႕မွ မာဃသဟာယအဖြဲ႕နိဗၺာန္ယာဥ္ကားဝ ယ္ရန္အတြက္ယာဥ္အလႉေငြသိန္း (၇၀)က်ပ္

လႉဒါန္းခဲ့ရာ 7th Sense ႐ုပ္ရွင္ထုတ္လုပ္ေရးမွ အလႉေငြ (၃၅)သိန္းက်ပ္၊ အကယ္ဒမီ ေနတိုးမွ အလႉေငြ(၂၀)သိန္းက်ပ္၊ အကယ္ဒမီ ၾသရသမွ အလႉေငြ (၅)သိန္းက်ပ္၊ ေအးဝတ္ရည္ေသာင္းမွ

အလႉေငြ(၅)သိန္းက်ပ္ အကယ္ဒမီေက်ာ္ေက်ာ္ဗိုလ္မွ အလႉေငြ (၃)သိန္းက်ပ္ အသီးသီး လႉဒါန္းခဲ့ၾကတာပဲ ျဖစ္ပါတယ္။ “မုန္းစြဲ” ႐ုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ဒီေန႔ဒီအခ်ိန္ထိ ပရိသတ္ေတြရင္ထဲမွာ

စြဲက်န္ရစ္ေနရတဲ့ ႐ုပ္ရွင္ဇာတ္ကားေကာင္းတစ္ကား ျဖစ္ပါတယ္။ ေက်ာက္ဂူေရထြက္ ဆရာေတာ္ဘုရားႀကီး၊ မင္းသား မင္းေသြးနဲ႔ ကင္မရာမင္း ကိုေက်ာ္သန္းလြင္တို႔လည္း ေရာက္ရာဘုံဘဝကေန

ဝမ္းေျမာက္စြာ သာဓုေခၚဆိုေနၾကမယ္ ထင္ပါတယ္။ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႕ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီး ရုံမတင်ခင် ကွယ်လွန်သွားခဲ့တဲ့ မင်းသွေးနဲ့ ကင်မရာမန်း အတွက် ရည်စူးပြီး မြင့်မြတ်တဲ့အလှူကို လှူဒါန်းကြမယ့် အဖွဲ့သားများနှင့် နေတိုး။ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးကတော့

ဒါရိုက်တာ ဩရသက အကောင်းဆုံး ရိုက်ကူးပုံဖော်ထားတဲ့ ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ဖြစ်ရပ်မှန်တရားတော်ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပြီး ပရိသတ်တွေကြားမှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့

ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်၊ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးက ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာ အကယ်ဒမီဆု (၂) ဆုတိတိ ရရှိခဲ့ပြီး ရုပ်ရှင်ရုံတွေမှာလည်း

လနဲ့ချီပြီး ပြသနိုင်ခဲ့တာပဲ ဖြစ်ပါတယ်၊ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်ပြသခဲ့တာ (၂) နှစ်နီးပါးရှိနေပြီဖြစ်ပေမယ့် ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း မုန်းစွဲအဖွဲ့သားများက ဇာတ်ကားကြီး ရုံမတင်မီ ပျံလွန်သောမူသွားသော ကျောက်ဂူရေထွက် ဆရာတော်ဘုရားကြီး၊ ကွယ်လွန်သွားသော သရုပ်ဆောင် မင်းသွေး

ကင်မရာမင်း ကိုကျော်သန်းလွင် တို့အားရည်စူးပြီး နာရေးကားတစ်စီး စုပေါင်းလှူဒါန်းသွားမှာပဲ ဖြစ်ပါတယ်။ မုန်းစွဲရုပ်ရှင်အဖွဲ့မှ မာဃသဟာယအဖွဲ့နိဗ္ဗာန်ယာဉ်ကားဝ ယ်ရန်အတွက်ယာဉ်အလှူငွေသိန်း (၇၀)ကျပ်

လှူဒါန်းခဲ့ရာ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးမှ အလှူငွေ (၃၅)သိန်းကျပ်၊ အကယ်ဒမီ နေတိုးမှ အလှူငွေ(၂၀)သိန်းကျပ်၊ အကယ်ဒမီ သြရသမှ အလှူငွေ (၅)သိန်းကျပ်၊ အေးဝတ်ရည်သောင်းမှ

အလှူငွေ(၅)သိန်းကျပ် အကယ်ဒမီကျော်ကျော်ဗိုလ်မှ အလှူငွေ (၃)သိန်းကျပ် အသီးသီး လှူဒါန်းခဲ့ကြတာပဲ ဖြစ်ပါတယ်။ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေရင်ထဲမှာ

စွဲကျန်ရစ်နေရတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ကျောက်ဂူရေထွက် ဆရာတော်ဘုရားကြီး၊ မင်းသား မင်းသွေးနဲ့ ကင်မရာမင်း ကိုကျော်သန်းလွင်တို့လည်း ရောက်ရာဘုံဘဝကနေ

ဝမ်းမြောက်စွာ သာဓုခေါ်ဆိုနေကြမယ် ထင်ပါတယ်။ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ခရက်ဒစ်