ပုလင်းကွဲရှတဲ့ဒဏ်ရာကနေ ပိုးဝင်ပြီး ခြေထောက်ဖြတ်ရမယ့် လူငယ်လေးရဲ့ ခွဲစိတ်စရိတ်အတွက် မတည်လှူဒါန်းခဲ့တဲ့ ယုန်လေး

နိုင်ငံကျော် အနုပညာရှင် ယုန်လေးကတော့ အနုပညာအလုပ်တွေအပေါ်မှာလည်း သူများတကာထက် ကြိုးစားလုပ်ကိုင်သလို ပရဟိတစိတ်လည်း ပြင်းထန်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ယုန်လေးက သူကိုယ်တိုင်လည်း ချို့တဲ့တဲ့ဘဝကနေ ကြီးပြင်းလာခဲ့သူတစ်ယောက်မို့

အခက်အခဲဖြစ်ပြီး ချို့တဲ့သူတွေကိုတွေ့ရင် အားတတ်သရောလုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ယုန်လေးက ပုလင်းကွဲရှတဲ့ဒဏ်ရာကနေ ပိုးဝင်ပြီး ခြေထောက်ဖြတ်ရမယ့် လူငယ်လေးရဲ့ ခွဲစိတ်ခလှူဒါန်းမယ့်အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။

“ဒီညီလေး ခြေထောက်ကမဖြတ်လို့မရတော့ဘူးတဲ့။ ကျွန်တော့်ကို Cb ကလာပြလို့ ဖုန်းNo လည်းရပါပြီ။ ဖြတ်ဖို့တောင် ဆေးရုံးတက်ဖို့ စရိတ်မရှိလို့တဲ့။ ကိုယ်လည်း အဆင်ပြေလှလို့တော့မဟုတ်ဘူး။ ကြော်ငြာလေးတွေရိုက်ရ အဆင်ပြေမယ်ကျန်သေးတယ်။ ကိုဗစ်ကြောင့်

၅ ခု Cancel ဖြစ်သွားပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ထက် အဆင်မပြေတဲ့ လူတွေတွေ့တော့လည်း မနေနိုင်ဘူး။ ကိုယ်ချင်းစာတယ် ဝိုင်းကူကြတာပေါ့ဗျာ။ ကျွန်တော် ၁သိန်း စမတည်ပါတယ်။ ဝိုင်းကူဖို့ တောင်းဆိုပါတယ် ခင်ဗျာ ဘဝတွေ ဘဝတွေ ဝမ်းစာ သီချင်းထဲကလို ဘဝတွေ။

ဒလမြို့ ရာဇသင်္ကြန်၇ ရပ်ကွက်၊ ကနောင်လမ်းသွယ်နေ အသက် ၂၄ နှစ် ငယ်ငယ်ကဆော့ကစားရင်ပုလင်းကွဲရှရာကနေ ပိုးဝင်ပီး အခုလိုအခြေနေဖြစ်တာပါ။ ငွေကြေမတက်နိုင်လို့ဆေးမကုသနိုင်ခဲ့ အခု ခြေထောက်ဖြတ်ရမယ့်အခြေအနေဖြစ်တော့ ကုန်ကျစရိတ်မတက်နိုင်လို့

ကူညီမယ့်သူများရှိရင်ကူညီနိုင်အောင် ပိုစ့်တင်ပေးတာပါ။ ကူညီနိုင်မဲ့သူများပေါ်ပေါက်ပါစေညီရေ ဘဝရဲ့(၂၄)နှစ်တာကာလပက်လုံး အဲ့လိုကြီးနဲ့ရှင်သန်နေရတာ။” ဆိုပြီး ပြောလာပါတယ်။ ယုန်လေးကတော့ ချို့တဲ့ဆင်းရဲလွန်းလို့ ကျန်းမာရေးအခြေအနေတောင် တဖြည်းဖြည်း

ဆိုးရွားလာတဲ့ ညီငယ်လေးအတွက် သူတတ်နိုင်သလောက်လေး လှူဒါန်းပေးသလို အလှူရှင်များကိုလည်း မေတ္တာရပ်ခံလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။