ဖွေးဖွေးကိုယ်တိုင်ထုတ်တဲ့ စိန်ပင် အင်္ကျီလေးကို ဝတ်ဆင်ပြီး ညီအစ်မအချင်းချင်း ဝန်းရံပေးခဲ့တဲ့ ဝတ်မှုံရွှေရည်

အနုပညာလောကရဲ့ အတောက်ပဆုံး ကြယ်ပွင့်နှစ်ပွင့်ဖြစ်တဲ့ အကယ်ဒမီ ဖွေးဖွေးနဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်ကတော့ သွေးသားတော်စပ်သူ ညီအစ်မတစ်ဝမ်းကွဲတွေပဲ ဖြစ်ပါတယ်။ ဖွေးဖွေးကတော့ ဝတ်မှုံရွှေရည်ထက် အသက် ၁ ရက်သာ

ကြီးသူဖြစ်ပြီး နှစ်ယောက်စလုံး မိုးကုတ်မြို့မှာ ကြီးပြင်းလာခဲ့တဲ့ ညီအစ်မတွေပဲ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ရောက်တဲ့အချိန်မှာ ညီအစ်မနှစ်ယောက်စလုံး ကိုယ့်နည်းကိုယ့်ဟန်နဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး အခုဆိုရင်

ထိပ်တန်းမင်းသမီးတွေ ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။ ဖွေးဖွေးကတော့ သူမရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်တဲ့ Syko Brand ကနေ ဒုတိယမြောက် စိန်ပင် အင်္ကျီကို ထုတ်လုပ်ခဲ့ပြီး သူမနဲ့ ရင်းနှီးချစ်ခင်သူတွေအပြင် ညီမဖြစ်သူ ဝတ်မှုံရွှေရည်နဲ့

နဒီရွှေရည်တို့ ညီအစ်မကိုပါ လက်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဝတ်မှုံရွှေရည်က အစ်မဖြစ်သူဖွေးဖွေးရဲ့ စိန်ပင် အင်္ကျီလေးကို ဂုဏ်ယူစွာ ဝတ်ဆင်ပြီး ဖွေးဖွေးအတွက် အားပေးဝန်းရံပေးခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

ဝတ်မှုံရွှေရည်ကတော့ သူမအတွက် သတိတရလက်ဆောင်ပေးခဲ့တဲ့ ဖွေးဖွေးရဲ့ လက်ဆောင်လေးကို ဝတ်ပြီး စတိုင်လ်ထုတ်နေတာပဲ ဖြစ်ပါတယ်။ ဖွေးဖွေးလည်း သူမရဲ့ စိန်ပင် အင်္ကျီလေးကို ဝတ်ဆင်ထားတဲ့ ဝတ်မှုံရွှေရည်ကိုကြည့်ပြီး အချစ်ပိုနေမှာ သေချာပါတယ်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။