ႏွစ္ေပါင္း ၅၀ နီးပါးေလာင္ကြၽမ္းေနတဲ့ မီးလွ်ံတြင္းဝ (ေခၚ) ငရဲတံခါးဝအေၾကာင္း

ကမာၻမွာ သိပၸံနည္းက်ေလ့လာအေျဖရွာလို႔မရတဲ့အေၾကာင္းအရာမ်ားစြာရွိတဲ့အတြက္ငရဲနဲ႔ နိဗၺာန္ တကယ္ရွိသလားဆိုတဲ့အခ်က္လည္းပါဝင္ပါတယ္။ ကမာၻအရပ္ရပ္က ကိုးကြယ္ယုံၾကည္ မႈေတြအရ ဘုရားနဲ႔စကားေျပာႏိုင္တယ္ဆိုတာမ်ိဳး၊ လူေတြေသရင္ ဘယ္ေရာက္တယ္

ဆိုတာမ်ိဳးေတြကို ေလ့လာအေျဖရွာၿပီး နိဗၺာန္တကယ္ရွိေၾကာင္းသက္ေသျပၾကေပမယ့္ ငရဲတကယ္ရွိမရွိကိုေတာ့ သက္ေသျပတဲ့ သူသိပ္မေတြ႕ရပါဘူး။ အခုအဲဒီလို လူေတြရဲ႕မ်က္စိနဲ႔မျမင္ႏိုင္တဲ့အတြက္ စိတ္ကူးနဲ႔ပဲပုံေဖာ္ခဲ့တဲ့ ငရဲဆိုတာ တကယ္ရွိေၾကာင္း သတိေပးေန

သလို တကယ့္ကမာၻေျမေပၚမွာရွိေနတဲ့ ငရဲတြင္းအေၾကာင္း ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ အပူဒဏ္ခံႏိုင္တဲ့ဝတ္စုံေတြ တစ္ကိုယ္လုံးအျပည့္ဝတ္ဆင္ထားၿပီး တစ္ရွိန္ရွိန္ေလာင္ကြၽမ္းေနတဲ့ မီးလွ်ံတြင္းနားမွာအလုပ္ရႈပ္ေနၾကတဲ့ အေရးေပၚမီးသတ္လုပ္သားေတြရဲ႕ျမင္ကြင္းဟာ

႐ုတ္တရက္ၾကည့္ရင္ သိပၸံဇာတ္ကားေတြထဲကဇာတ္ဝင္ခန္း တစ္ခုလိုပါပဲ။ ဒါေပမဲ့ ဒီငရဲတြင္းဟာ အလယ္အာရွေဒသ တာ့ခ္မင္နစၥတန္ႏိုင္ငံရဲ႕ ကာရာကြန္သဲကႏၲာရအလယ္ မွာရွိတဲ့ Darvaza (ဒါဗဇာ) လို႔ေခၚတဲ့ အေပါက္က်ယ္ႀကီးပဲျဖစ္ပါတယ္။ သာမန္ခ်ိဳင့္ဝွမ္းေတြလို

မဟုတ္ဘဲ မီးေတာက္ေလာင္ေနတဲ့ မီးေတာင္ဝတစ္ခုလို အေပါက္က်ယ္ႀကီးပါ။ ကာရာကြန္သဲကႏၲာရအလယ္မွာ လူေနအိမ္ေျခ ၃၅၀ခန႔္ရွိတဲ့ ဒါဝိဇ္ေက်း႐ြာအနီးမွာ ႏွစ္ေပါင္းမ်ား စြာၾကာေအာင္ တစ္ရွိန္ရွိန္နဲ႔ေလာင္ကြၽမ္းေနတဲ့ ဒီမီးလွ်ံတြင္းက်ယ္ႀကီးကို ေဒသခံေတြကေတာ့

“ငရဲတံခါးဝ” လို႔ေခၚၾကပါတယ္။ ၁၉၇၁ ခုႏွစ္က ကာရာကြန္သဲကႏၲာရထဲ ေရနံရွာေဖြဖို႔ေရာက္ရွိ လာတဲ့ ဆိုဗီယက္ဘူမိေဗဒပညာရွင္ ေတြဟာ ဒီေနရာကိုေတြ႕ရွိၿပီး ေရနံတူးလို႔ေကာင္းတဲ့ေနရာအျဖစ္ သတ္မွတ္ခဲ့ၾကပါတယ္။ ဒါေပမဲ့ ေရနံတူးေဖာ္တဲ့လုပ္ငန္းစတင္ၿပီး

သိပ္မၾကာခင္မွာပဲ တြင္းၿပိဳမႈျဖစ္ပြားခဲ့သလို အႏၲရာယ္ရွိတဲ့ ဓာတ္ေငြ႕ ေတြလည္းထြက္လာခဲ့ပါတယ္။ ဒါေၾကာင့္ ဓာတ္ေငြ႕ထြက္တာရပ္ဖို႔ ဘူမိပညာရွင္ေတြကတစ္မ်ိဳးႀကံစည္ရၿပီး ေနာက္ဆုံးမွာ ဒီတြင္းကိုမီးရႈိ႕ဖို႔ဆုံးျဖတ္ခဲ့ၾကပါတယ္။ ဒီလိုမီးရႈိ႕လိုက္တဲ့အတြက္ အလိုအေလ်ာက္

ထြက္ေနတဲ့ သဘာဝဓာတ္ေငြ႕ေတြ ရက္သတၱပတ္အနည္းငယ္ေလာက္မွာ ထြက္တာရပ္သြားမယ္လို႔ ဘူမိေဗဒပညာရွင္ေတြက ေမွ်ာ္လင့္ထားခဲ့ေပမယ့္ တြင္းရဲ႕အတြင္းပိုင္းမွာ ကမာၻ႔အႀကီးဆုံးမီသိန္း ဓာတ္ေငြ႕ သိုက္ရွိေနတာကိုသိလိုက္ရပါတယ္။ ဒီလိုနဲ႔ ရက္သတၱပတ္ အနည္းငယ္နဲ႔

ၿငိမ္းသြားဖို႔ ေမွ်ာ္လင့္ထားခဲ့တဲ့မီးဟာ အေတာမသတ္ႏိုင္ဘဲ ရာစုႏွစ္ဝက္က်ိဳးတဲ့အထိ ရွည္ၾကာလာခဲ့ၿပီး ဒီတြင္းက်ယ္ထဲမီးေလာင္ေနတာက အခုဆိုရင္ ႏွစ္ေပါင္း ၅၀နီးပါးရွိၿပီျဖစ္ပါတယ္။ မီးေလာင္ကြၽမ္းေနတဲ့တြင္းကလည္း အက်ယ္၂၃၀ေပနဲ႔ အနက္ ၉၈ေပ အထိရွိေနၿပီလို႔သိရပါတယ္။

အကာအကြယ္လည္းမရွိသလို သတိေပးတားျမစ္ထားတာမ်ိဳးလည္းမရွိတဲ့ မီးဟုန္းဟုန္းေတာက္ရာ ေဟာင္းေလာင္းေပါက္တြင္းႀကီးက လူေတြအတြက္ ဘယ္ေလာက္အႏၲရာယ္မ်ားမယ္ဆိုတာ ေတြး ၾကည့္႐ုံနဲ႔တင္သိႏိုင္ပါတယ္။ ဒါေပမဲ့ ငရဲသြားတံခါးဝ ဆိုတဲ့ နာမည္နဲ႔လိုက္ေအာင္

ဒါဗဇာမီးတြင္းႀကီးဟာ စြန႔္စားရတာႀကိဳက္တဲ့ သူေတြကိုအစြမ္းကုန္ဆြဲေဆာင္ေနတယ္လို႔ဆိုရပါမယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အႏၲရာယ္ကိုမမႈဘဲ တြင္းႏႈတ္းခမ္းနားတစ္ဝိုက္ စားတည္းခ်ၿပီးလာေရာက္ေလ့လာတဲ့သူေတြရွိသလို၊ စြန႔္စြန႔္စားစား ဆယ္ဖီဓာတ္ပုံ႐ိုက္ဖို႔ လာေရာက္ၾကတဲ့

သူေတြလည္း ရွိေနလို႔ပဲျဖစ္ပါတယ္။ ဒါ့အျပင္ သတင္းေတြအတြက္ အဲဒီေဒသတစ္ဝိုက္က ပင့္ကူေတြဟာ မီးေတာက္အပူရွိန္ရဲ႕ဆြဲေဆာင္မႈ ေၾကာင့္ မၾကာခဏဆိုသလို မီးတြင္းထဲခုန္ခ်ေနၾကတယ္လို႔လည္းသိရပါတယ္။ ကဲ ငရဲတံခါးဝ တဲ့သြားလည္ၾကမလား?

ယူနီကုဒ္ျဖင့္ဖတ္ရန္

ကမ္ဘာမှာ သိပ္ပံနည်းကျလေ့လာအဖြေရှာလို့မရတဲ့အကြောင်းအရာများစွာရှိတဲ့အတွက်ငရဲနဲ့ နိဗ္ဗာန် တကယ်ရှိသလားဆိုတဲ့အချက်လည်းပါဝင်ပါတယ်။ ကမ္ဘာအရပ်ရပ်က ကိုးကွယ်ယုံကြည် မှုတွေအရ ဘုရားနဲ့စကားပြောနိုင်တယ်ဆိုတာမျိုး၊ လူတွေသေရင် ဘယ်ရောက်တယ်

ဆိုတာမျိုးတွေကို လေ့လာအဖြေရှာပြီး နိဗ္ဗာန်တကယ်ရှိကြောင်းသက်သေပြကြပေမယ့် ငရဲတကယ်ရှိမရှိကိုတော့ သက်သေပြတဲ့ သူသိပ်မတွေ့ရပါဘူး။ အခုအဲဒီလို လူတွေရဲ့မျက်စိနဲ့မမြင်နိုင်တဲ့အတွက် စိတ်ကူးနဲ့ပဲပုံဖော်ခဲ့တဲ့ ငရဲဆိုတာ တကယ်ရှိကြောင်း သတိပေးနေ

သလို တကယ့်ကမ္ဘာမြေပေါ်မှာရှိနေတဲ့ ငရဲတွင်းအကြောင်း ဖော်ပြပေးလိုက်ပါတယ်နော်။ အပူဒဏ်ခံနိုင်တဲ့ဝတ်စုံတွေ တစ်ကိုယ်လုံးအပြည့်ဝတ်ဆင်ထားပြီး တစ်ရှိန်ရှိန်လောင်ကျွမ်းနေတဲ့ မီးလျှံတွင်းနားမှာအလုပ်ရှုပ်နေကြတဲ့ အရေးပေါ်မီးသတ်လုပ်သားတွေရဲ့မြင်ကွင်းဟာ

ရုတ်တရက်ကြည့်ရင် သိပ္ပံဇာတ်ကားတွေထဲကဇာတ်ဝင်ခန်း တစ်ခုလိုပါပဲ။ ဒါပေမဲ့ ဒီငရဲတွင်းဟာ အလယ်အာရှဒေသ တာ့ခ်မင်နစ္စတန်နိုင်ငံရဲ့ ကာရာကွန်သဲကန္တာရအလယ် မှာရှိတဲ့ Darvaza (ဒါဗဇာ) လို့ခေါ်တဲ့ အပေါက်ကျယ်ကြီးပဲဖြစ်ပါတယ်။ သာမန်ချိုင့်ဝှမ်းတွေလို

မဟုတ်ဘဲ မီးတောက်လောင်နေတဲ့ မီးတောင်ဝတစ်ခုလို အပေါက်ကျယ်ကြီးပါ။ ကာရာကွန်သဲကန္တာရအလယ်မှာ လူနေအိမ်ခြေ ၃၅၀ခန့်ရှိတဲ့ ဒါဝိဇ်ကျေးရွာအနီးမှာ နှစ်ပေါင်းများ စွာကြာအောင် တစ်ရှိန်ရှိန်နဲ့လောင်ကျွမ်းနေတဲ့ ဒီမီးလျှံတွင်းကျယ်ကြီးကို ဒေသခံတွေကတော့

“ငရဲတံခါးဝ” လို့ခေါ်ကြပါတယ်။ ၁၉၇၁ ခုနှစ်က ကာရာကွန်သဲကန္တာရထဲ ရေနံရှာဖွေဖို့ရောက်ရှိ လာတဲ့ ဆိုဗီယက်ဘူမိဗေဒပညာရှင် တွေဟာ ဒီနေရာကိုတွေ့ရှိပြီး ရေနံတူးလို့ကောင်းတဲ့နေရာအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ရေနံတူးဖော်တဲ့လုပ်ငန်းစတင်ပြီး

သိပ်မကြာခင်မှာပဲ တွင်းပြိုမှုဖြစ်ပွားခဲ့သလို အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့ တွေလည်းထွက်လာခဲ့ပါတယ်။ ဒါကြောင့် ဓာတ်ငွေ့ထွက်တာရပ်ဖို့ ဘူမိပညာရှင်တွေကတစ်မျိုးကြံစည်ရပြီး နောက်ဆုံးမှာ ဒီတွင်းကိုမီးရှို့ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီလိုမီးရှို့လိုက်တဲ့အတွက် အလိုအလျောက်

ထွက်နေတဲ့ သဘာဝဓာတ်ငွေ့တွေ ရက်သတ္တပတ်အနည်းငယ်လောက်မှာ ထွက်တာရပ်သွားမယ်လို့ ဘူမိဗေဒပညာရှင်တွေက မျှော်လင့်ထားခဲ့ပေမယ့် တွင်းရဲ့အတွင်းပိုင်းမှာ ကမ္ဘာ့အကြီးဆုံးမီသိန်း ဓာတ်ငွေ့ သိုက်ရှိနေတာကိုသိလိုက်ရပါတယ်။ ဒီလိုနဲ့ ရက်သတ္တပတ် အနည်းငယ်နဲ့

ငြိမ်းသွားဖို့ မျှော်လင့်ထားခဲ့တဲ့မီးဟာ အတောမသတ်နိုင်ဘဲ ရာစုနှစ်ဝက်ကျိုးတဲ့အထိ ရှည်ကြာလာခဲ့ပြီး ဒီတွင်းကျယ်ထဲမီးလောင်နေတာက အခုဆိုရင် နှစ်ပေါင်း ၅၀နီးပါးရှိပြီဖြစ်ပါတယ်။ မီးလောင်ကျွမ်းနေတဲ့တွင်းကလည်း အကျယ်၂၃၀ပေနဲ့ အနက် ၉၈ပေ အထိရှိနေပြီလို့သိရပါတယ်။

အကာအကွယ်လည်းမရှိသလို သတိပေးတားမြစ်ထားတာမျိုးလည်းမရှိတဲ့ မီးဟုန်းဟုန်းတောက်ရာ ဟောင်းလောင်းပေါက်တွင်းကြီးက လူတွေအတွက် ဘယ်လောက်အန္တရာယ်များမယ်ဆိုတာ တွေး ကြည့်ရုံနဲ့တင်သိနိုင်ပါတယ်။ ဒါပေမဲ့ ငရဲသွားတံခါးဝ ဆိုတဲ့ နာမည်နဲ့လိုက်အောင်

ဒါဗဇာမီးတွင်းကြီးဟာ စွန့်စားရတာကြိုက်တဲ့ သူတွေကိုအစွမ်းကုန်ဆွဲဆောင်နေတယ်လို့ဆိုရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ အန္တရာယ်ကိုမမှုဘဲ တွင်းနှုတ်းခမ်းနားတစ်ဝိုက် စားတည်းချပြီးလာရောက်လေ့လာတဲ့သူတွေရှိသလို၊ စွန့်စွန့်စားစား ဆယ်ဖီဓာတ်ပုံရိုက်ဖို့ လာရောက်ကြတဲ့

သူတွေလည်း ရှိနေလို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် သတင်းတွေအတွက် အဲဒီဒေသတစ်ဝိုက်က ပင့်ကူတွေဟာ မီးတောက်အပူရှိန်ရဲ့ဆွဲဆောင်မှု ကြောင့် မကြာခဏဆိုသလို မီးတွင်းထဲခုန်ချနေကြတယ်လို့လည်းသိရပါတယ်။ ကဲ ငရဲတံခါးဝ တဲ့သွားလည်ကြမလား?