ျမန္မာႏိုင္ငံရဲ႕ အစြန္႔ပစ္ခံ အဓိပတိေနရာတစ္ခု (သို႔မဟုတ္) က်ိဳကၡမီက ျမန္မာ့ေသာ့ခ်က္တစ္ေနရာ

ဒါဟာ ျမန္မာတစ္ႏိုင္ငံလုံး နဲ႔သက္ဆိုင္တဲ့ အေရးပါတဲ့ ေနရာတစ္ခုပါ။ မြန္ျပည္နယ္ က်ိဳကၡမီၿမိဳ႕ ဆိပ္ကမ္းသာလမ္း ဗိုလ္တဲ အိမ္ေရွ႕မွာရွိပါတယ္။ Sea level ပင္လယ္ေရ မ်က္နာျပင္တိုင္းတဲ့ေနရာ (ပင္လယ္ေရမ်က္ႏွာျပင္ ၀မိုင္) က်ိဳက္ခမီ ကမ္းေျခနားက အခုေနရာမွာ

စနစ္တက် စတင္တိုင္းတာၿပီး တစ္ႏိုင္ငံလုံးကို Level စက္ျဖင့္ အျမင့္ေပကူးၿပီး ၿမိဳ႕တစ္ၿမိဳ႕ရဲ႕အျမင့္ေပကို သတ္မွတ္ၾကပါတယ္။ (ရန္ကုန္ၿမိဳ႕မွာ ဆိုရင္ ေျမတိုင္းဦးစီးဌာနက အျမင့္ေပ ဘယ္ေလာက္ဆိုၿပီး သတ္မွတ္ထားတဲ့ benchmark(BM) ခုံေလး ေတြကို ေ႐ႊတိဂုံဘုရားႏွင့္

ပန္းဆိုးတန္းလမ္းမွာ အလြယ္တကူေတြ႕ႏိုင္ပါတယ္။) ျမန္မာႏိုင္ငံ ရဲ႕ sea level ကို အဲ့ေနရာကေန တိုင္းတာယူတာပါ။ေရတက္ေရၾက ဘယ္ႏွစ္ေပ ဘယ္ႏွစ္မီတာဆိုတာကို ပ်မ္းမွ်သတ္မွတ္တာမဟုတ္ဘူး။ ျမန္မာႏိုင္ငံရဲ႕ေရတက္ေရၾက sea level ကို စနစ္တက် တိုင္းတာၿပီး

ယူတဲ့ နည္းစနစ္အေျခခံကေတာ့ ျပဒါးထည့္ထားတဲ့ေလထုဖိအား တိုင္းကိရိယာနဲ႔ တိုင္းတာပါ အဲဒီေနရာ သုညမိုင္မွာေလထုဖိအား 760mmHgရွိပါတယ္။ အျမင့္ကိုတက္ေလေလ ကိရိယာထဲကျပဒါးမ်က္ႏွာျပင္ကလည္း 760mm ကေနက်ဆင္းလာေလေလပါပဲ။

က်ဆင္းလာေသာ ျပဒါးမ်က္ႏွာျပင္ကို ၾကည့္ျခင္းအားျဖင့္ မိမိၿမိဳ႕႐ြာေဒသရဲ႕ပင္လယ္ေရမ်က္ႏွာျပင္အထက္ေပကိုသိရွိႏိုင္ပါတယ္(က်ိဳက္ခမီကေတာ့စမွတ္zeroမိုင္ပါ)။ ဥပမာ ကိရိယာထဲက mercury တစ္မီလီမီတာ က်ဆင္းတိုင္းေပ ၂၀၀ ေရာက္တယ္ဆိုခဲ့ပါလ်င္

ျပဒါးမ်က္ႏွာျပင္ 10mm က်ဆင္းခဲ့မယ္ဆိုပါလ်င္ ေပ 2000 အျမင့္ေရာက္ၿပီလို႔ သိႏိုင္ပါတယ္။ ဒီေလာက္အေရးပါတဲ့ေနရာတခု ကို ထိန္းသိမ္းမႈမရွိ စြန္႔ပစ္ထားၾကေတာ့ ဘာလုပ္တဲ့ေနရာမွန္းကိုေတာင္ လူအေတာ္မ်ားမ်ား မသိၾကေတာ့ဘူး။ ေဒသခံေတြထဲ မွာလည္း

သိတဲ့သူ အေတာ္နည္းသြားပါပီ။ အခုထက္ပိုပီး ေခတ္မွီလာရင္ေတာင္ ဒီလိုေနရာမ်ိဳးက အထိမ္းအမွတ္ေနရာအျဖစ္ ထိန္းသိမ္းထားသင့္ပါတယ္ ဆိုတဲ့အေၾကာင္း သက္ဆိုင္ရာပုဂၢိဳလ္မ်ား သိေစရန္ ႏွင့္ ဗဟုသုတအလို႔ဌာ ေရးသားေဝမွ်လိုက္ပါတယ္ရွင့္။ ခရက္ဒစ္.

ယူနီကုဒ္ျဖင့္ဖတ္ရန္

ဒါဟာ မြန်မာတစ်နိုင်ငံလုံး နဲ့သက်ဆိုင်တဲ့ အရေးပါတဲ့ နေရာတစ်ခုပါ။ မွန်ပြည်နယ် ကျိုက္ခမီမြို့ ဆိပ်ကမ်းသာလမ်း ဗိုလ်တဲ အိမ်ရှေ့မှာရှိပါတယ်။ Sea level ပင်လယ်ရေ မျက်နာပြင်တိုင်းတဲ့နေရာ (ပင်လယ်ရေမျက်နှာပြင် ဝမိုင်) ကျိုက်ခမီ ကမ်းခြေနားက အခုနေရာမှာ

စနစ်တကျ စတင်တိုင်းတာပြီး တစ်နိုင်ငံလုံးကို Level စက်ဖြင့် အမြင့်ပေကူးပြီး မြို့တစ်မြို့ရဲ့အမြင့်ပေကို သတ်မှတ်ကြပါတယ်။ (ရန်ကုန်မြို့မှာ ဆိုရင် မြေတိုင်းဦးစီးဌာနက အမြင့်ပေ ဘယ်လောက်ဆိုပြီး သတ်မှတ်ထားတဲ့ benchmark(BM) ခုံလေး တွေကို ရွှေတိဂုံဘုရားနှင့်

ပန်းဆိုးတန်းလမ်းမှာ အလွယ်တကူတွေ့နိုင်ပါတယ်။) မြန်မာနိုင်ငံ ရဲ့ sea level ကို အဲ့နေရာကနေ တိုင်းတာယူတာပါ။ရေတက်ရေကြ ဘယ်နှစ်ပေ ဘယ်နှစ်မီတာဆိုတာကို ပျမ်းမျှသတ်မှတ်တာမဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ရေတက်ရေကြ sea level ကို စနစ်တကျ တိုင်းတာပြီး

ယူတဲ့ နည်းစနစ်အခြေခံကတော့ ပြဒါးထည့်ထားတဲ့လေထုဖိအား တိုင်းကိရိယာနဲ့ တိုင်းတာပါ အဲဒီနေရာ သုညမိုင်မှာလေထုဖိအား 760mmHgရှိပါတယ်။ အမြင့်ကိုတက်လေလေ ကိရိယာထဲကပြဒါးမျက်နှာပြင်ကလည်း 760mm ကနေကျဆင်းလာလေလေပါပဲ။

ကျဆင်းလာသော ပြဒါးမျက်နှာပြင်ကို ကြည့်ခြင်းအားဖြင့် မိမိမြို့ရွာဒေသရဲ့ပင်လယ်ရေမျက်နှာပြင်အထက်ပေကိုသိရှိနိုင်ပါတယ်(ကျိုက်ခမီကတော့စမှတ်zeroမိုင်ပါ)။ ဥပမာ ကိရိယာထဲက mercury တစ်မီလီမီတာ ကျဆင်းတိုင်းပေ ၂၀၀ ရောက်တယ်ဆိုခဲ့ပါလျင်

ပြဒါးမျက်နှာပြင် 10mm ကျဆင်းခဲ့မယ်ဆိုပါလျင် ပေ 2000 အမြင့်ရောက်ပြီလို့ သိနိုင်ပါတယ်။ ဒီလောက်အရေးပါတဲ့နေရာတခု ကို ထိန်းသိမ်းမှုမရှိ စွန့်ပစ်ထားကြတော့ ဘာလုပ်တဲ့နေရာမှန်းကိုတောင် လူအတော်များများ မသိကြတော့ဘူး။ ဒေသခံတွေထဲ မှာလည်း

သိတဲ့သူ အတော်နည်းသွားပါပီ။ အခုထက်ပိုပီး ခေတ်မှီလာရင်တောင် ဒီလိုနေရာမျိုးက အထိမ်းအမှတ်နေရာအဖြစ် ထိန်းသိမ်းထားသင့်ပါတယ် ဆိုတဲ့အကြောင်း သက်ဆိုင်ရာပုဂ္ဂိုလ်များ သိစေရန် နှင့် ဗဟုသုတအလို့ဌာ ရေးသားဝေမျှလိုက်ပါတယ်ရှင့်။ ခရက်ဒစ်.