ပဲခူးေဆး႐ုံႀကီးက သူနာျပဳဆရာမေလးတစ္ေယာက္ရဲ႕ ရင္နင့္ေၾကကြဲစြာနဲ႔ ေရးတဲ့စာ

မေန႔ကပဲခူးက Positive ထြက္ တဲ့လူနာ ၂ ေယာက္မွာလူနာ တစ္ေယာက္က History လိမ္ခဲ့ပါတယ္။ဆရာဝန္၊သူနာျပဳေတြဆိုတာ ဘယ္သူ႔ကို မဆိုblame မလုပ္ခဲ့ဖူးပါဘူး။ဒီလူနာကေတာ့ ေတာ္ေတာ္ဆိုးဝါးလွပါတယ္၊ရန္ကုန္က ျပန္လာတယ္၊Q ဝင္ခိုင္းတာကိုေဒါသထြက္ၿပီး မွန္ကို

လက္သီးနဲ႔ထိုးတယ္တဲ့။မွန္ကို လက္သီးနဲ႔ ထိုးဖူးတဲ့ လူေတြ သိမွာပါ၊ေသြးဘယ္ေလာက္ ထြက္သလဲဆိုတာေဆး႐ုံေရာက္လာေတာ့ ‌shock ရေနတာပါ။အေရးေပၚဌာနက ေမးတဲ့အခါပန္းကန္ျပားကို လက္သီးနဲ႔ ထိုးတယ္ လို႔ ေျပာပါတယ္။အ႐ိုးေဆာင္ေရာက္လာပါတယ္၊အ႐ိုးေဆာင္မွာ

ေမးေတာ့လဲ ဆက္လိမ္ ပါတယ္၊ ဒါေပမယ့္ ေသြးထြက္လြန္ၿပီး ျဖဴဆုတ္ေနတဲ့ လိမ္ညာေျပာတဲ့ လူနာကို ေသြးေပါင္ျပန္တက္ေအာင္ေဆးသြင္းေသြးအေျဖရေအာင္ ေသြးေတြ အျမန္ပို႔ေပးခဲ့ရတာပါ။ မၾကာခင္ သူ႔အမ်ိဳးတစ္ေယာက္က Duty ခန္းထဲ မွာသူ႔အေၾကာင္းေတြအကုန္ လာေျပာျပမွ

သိခဲ့ၾကရတာပါ။သူ႔အမ်ိဳးကေယာက္်ားလား မိန္းမ လား ဆိုတာ မေျပာေတာ့ပါဘူးရန္ရွာမွာစိုးလို႔ပါ။လာေျပာျပတဲ့ သူ႔အမ်ိဳးကိုလဲလႈိက္လႈိက္လွဲလွဲ ေက်းဇူးတင္ပါတယ္အ႐ိုးေတာင္က အကုန္လုံးကေတာ့ level 2 ေတာင္ မဝတ္ထား ၾကပါဘူး၊ ေျခက်ိဳး လက္က်ိဳးလို႔ တက္ေနတဲ့ လူနာေတြ

ကိုလည္းContant ရွိခဲ့တဲ့ ဆရာဝန္ေတြ ဆရာမေတြဝန္ထမ္းေတြပဲ လုပ္ေပးခဲ့ၾကတာပါ။ကလိေဆး႐ုံကိုေရာ isolation ward ကိုေရာဆရာဝန္ေတြ ဆရာမေတြ ခြဲေပးထား ရလို႔လူ အင္အားနည္းေနပါတယ္၊အခုေတာ့ လိမ္ညာေျပာခဲ့တဲ့ လူနာတေယာက္ေၾကာင့္ Q ဝင္ရေတာ့မယ္ဆိုေတာ့

လူအင္အား ထပ္ေလ်ာ့သြားပါၿပီ။ ကြၽန္မတို႔ကႏိုင္သေလာက္ေတာ့ လုပ္ေပးေနဦးမွာပါ။ အခုေတာ့ လူနာေတြ လူနာေစာင့္ေတြကေရာဘယ္လိုေတြ ျဖစ္ကုန္ၾကမလဲ၊သူသာ ေစာေစာစီးစီး ေျပာျပခဲ့ရင္Contant က ၅ ေယာက္ထက္ မပိုပါဘူး။အခုေတာ့ အ႐ိုးေဆာင္ကဆရာဝန္ ဆရာမဝန္ထမ္း

လူနာ လူနာေစာင့္အေရးေပၚဌာနက ဆရာဝန္ဆရာမ ဝန္ထမ္း၊လူနာ လူနာေစာင့္ရဲ ေဆး႐ုံက လုံၿခဳံေရးကအစ ဘယ္ႏွစ္ေယာက္လဲေတာင္မေရႏိုင္ေတာ့ပါဘူး။က်န္တဲ့သာမန္လူနာေတြရဲ႕လူနာေစာင့္ေတြလဲဘယ္ေတြေလွ်ာက္သြားမလဲ ဆိုတာမသိႏိုင္ပါဘူး။ကိုယ့္ရဲ႕ အတၱႀကီးၿပီး History

လိမ္လည္ေျပာမႈ တစ္ခုေၾကာင့္ပဲခူးေဆး႐ုံတစ္ခုလုံး၊ ပဲခူးတစ္ၿမိဳ႕လုံး ဒုကၡေရာက္သြားႏိုင္ပါတယ္။ အခုလို ပဲခူးေဆး႐ုံႀကီးကို ေရာက္လာခဲ့တဲ့ History လိမ္ညာတဲ့ လူေတြကိုအေရးယူေပးေစခ်င္ပါတယ္။အခုေတာ့ ထိုင္ဆုေတာင္းေန႐ုံမွ တစ္ပါးမတတ္ႏိုင္ေတာ့ပါ။ကိုယ့္ ကိုယ္ကိုထက္

ကိုယ္ခ်စ္ရတဲ့လူေတြကိုပိုစိတ္ပူတယ္ တခ်ိဳ႕ဆိုရင္ ကေလးငယ္ေလးေတြနဲ႔ပါ။ Positive ထြက္တယ္ဆိုတဲ့ အခ်ိန္မွာ အိမ္က Duty လာတက္တဲ့ အမတစ္ေယာက္ကငိုပါတယ္၊ သူ႔ကေလးနဲ႔ မခြဲႏိုင္ဘူးတဲ့ ကြၽန္မတို႔ကို မသနားရင္ ေနပါ ကြၽန္မတို႔ရဲ႕ မိသားစုဝင္ေတြကိုေတာ့ သနားေပးၾကပါရွင္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

မနေ့ကပဲခူးက Positive ထွက် တဲ့လူနာ ၂ ယောက်မှာလူနာ တစ်ယောက်က History လိမ်ခဲ့ပါတယ်။ဆရာဝန်၊သူနာပြုတွေဆိုတာ ဘယ်သူ့ကို မဆိုblame မလုပ်ခဲ့ဖူးပါဘူး။ဒီလူနာကတော့ တော်တော်ဆိုးဝါးလှပါတယ်၊ရန်ကုန်က ပြန်လာတယ်၊Q ဝင်ခိုင်းတာကိုဒေါသထွက်ပြီး မှန်ကို

လက်သီးနဲ့ထိုးတယ်တဲ့။မှန်ကို လက်သီးနဲ့ ထိုးဖူးတဲ့ လူတွေ သိမှာပါ၊သွေးဘယ်လောက် ထွက်သလဲဆိုတာဆေးရုံရောက်လာတော့ ‌shock ရနေတာပါ။အရေးပေါ်ဌာနက မေးတဲ့အခါပန်းကန်ပြားကို လက်သီးနဲ့ ထိုးတယ် လို့ ပြောပါတယ်။အရိုးဆောင်ရောက်လာပါတယ်၊အရိုးဆောင်မှာ

မေးတော့လဲ ဆက်လိမ် ပါတယ်၊ ဒါပေမယ့် သွေးထွက်လွန်ပြီး ဖြူဆုတ်နေတဲ့ လိမ်ညာပြောတဲ့ လူနာကို သွေးပေါင်ပြန်တက်အောင်ဆေးသွင်းသွေးအဖြေရအောင် သွေးတွေ အမြန်ပို့ပေးခဲ့ရတာပါ။ မကြာခင် သူ့အမျိုးတစ်ယောက်က Duty ခန်းထဲ မှာသူ့အကြောင်းတွေအကုန် လာပြောပြမှ

သိခဲ့ကြရတာပါ။သူ့အမျိုးကယောက်ျားလား မိန်းမ လား ဆိုတာ မပြောတော့ပါဘူးရန်ရှာမှာစိုးလို့ပါ။လာပြောပြတဲ့ သူ့အမျိုးကိုလဲလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်အရိုးတောင်က အကုန်လုံးကတော့ level 2 တောင် မဝတ်ထား ကြပါဘူး၊ ခြေကျိုး လက်ကျိုးလို့ တက်နေတဲ့ လူနာတွေ

ကိုလည်းContant ရှိခဲ့တဲ့ ဆရာဝန်တွေ ဆရာမတွေဝန်ထမ်းတွေပဲ လုပ်ပေးခဲ့ကြတာပါ။ကလိဆေးရုံကိုရော isolation ward ကိုရောဆရာဝန်တွေ ဆရာမတွေ ခွဲပေးထား ရလို့လူ အင်အားနည်းနေပါတယ်၊အခုတော့ လိမ်ညာပြောခဲ့တဲ့ လူနာတယောက်ကြောင့် Q ဝင်ရတော့မယ်ဆိုတော့

လူအင်အား ထပ်လျော့သွားပါပြီ။ ကျွန်မတို့ကနိုင်သလောက်တော့ လုပ်ပေးနေဦးမှာပါ။ အခုတော့ လူနာတွေ လူနာစောင့်တွေကရောဘယ်လိုတွေ ဖြစ်ကုန်ကြမလဲ၊သူသာ စောစောစီးစီး ပြောပြခဲ့ရင်Contant က ၅ ယောက်ထက် မပိုပါဘူး။အခုတော့ အရိုးဆောင်ကဆရာဝန် ဆရာမဝန်ထမ်း

လူနာ လူနာစောင့်အရေးပေါ်ဌာနက ဆရာဝန်ဆရာမ ဝန်ထမ်း၊လူနာ လူနာစောင့်ရဲ ဆေးရုံက လုံခြုံရေးကအစ ဘယ်နှစ်ယောက်လဲတောင်မရေနိုင်တော့ပါဘူး။ကျန်တဲ့သာမန်လူနာတွေရဲ့လူနာစောင့်တွေလဲဘယ်တွေလျှောက်သွားမလဲ ဆိုတာမသိနိုင်ပါဘူး။ကိုယ့်ရဲ့ အတ္တကြီးပြီး History

လိမ်လည်ပြောမှု တစ်ခုကြောင့်ပဲခူးဆေးရုံတစ်ခုလုံး၊ ပဲခူးတစ်မြို့လုံး ဒုက္ခရောက်သွားနိုင်ပါတယ်။ အခုလို ပဲခူးဆေးရုံကြီးကို ရောက်လာခဲ့တဲ့ History လိမ်ညာတဲ့ လူတွေကိုအရေးယူပေးစေချင်ပါတယ်။အခုတော့ ထိုင်ဆုတောင်းနေရုံမှ တစ်ပါးမတတ်နိုင်တော့ပါ။ကိုယ့် ကိုယ်ကိုထက်

ကိုယ်ချစ်ရတဲ့လူတွေကိုပိုစိတ်ပူတယ် တချို့ဆိုရင် ကလေးငယ်လေးတွေနဲ့ပါ။ Positive ထွက်တယ်ဆိုတဲ့ အချိန်မှာ အိမ်က Duty လာတက်တဲ့ အမတစ်ယောက်ကငိုပါတယ်၊ သူ့ကလေးနဲ့ မခွဲနိုင်ဘူးတဲ့ ကျွန်မတို့ကို မသနားရင် နေပါ ကျွန်မတို့ရဲ့ မိသားစုဝင်တွေကိုတော့ သနားပေးကြပါရှင်။